မိသားစုဝင္ ၂ ဦးကို ပစ္သတ္၍ နယ္သာလန္ရဲအရာရွိ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္

2019-09-10 20:27:19


မိသားစုဝင္ ၂ ဦးကို ပစ္သတ္၍ နယ္သာလန္ရဲအရာရွိ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္

နယ္သာလန္ႏိုင္ငံ ေဒါဒရတ္ထ္ၿမိဳ႕မွာ စက္တင္ဘာ ၉ ရက္က ရဲအရာရွိတေယာက္ဟာ မိသားစုဝင္ ၂ ေယာက္ကို ေသနတ္နဲ႔ပစ္သတ္ၿပီး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားတယ္လို႔ ရဲသတင္းရင္းျမစ္က ေျပာပါတယ္။


အသက္ ၈ ႏွစ္နဲ႔ ၁၂ ႏွစ္အ႐ြယ္ ကေလး ၂ ေယာက္ကို အသက္ ၃၄ ႏွစ္အ႐ြယ္ ရဲအရာရွိနဲ႔အတူ အခင္းျဖစ္ရာေနရာမွာ ေသဆုံးလ်က္သား ေတြ႕ရတယ္လို႔ ရဲေျပာခြင့္ရ မီရီယံစေလာ့တ္က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။


အသက္ ၂၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးကိုေတာ့ ျပင္းထန္တဲ့ ဒဏ္ရာေတြနဲ႔အတူ ေတြ႕ရလို႔ ေဆး႐ုံ တင္ပို႔ထားတယ္လို႔ စေလာ့က ဆက္ေျပာပါတယ္။အခင္းျဖစ္ရာ အိမ္ရွိတဲ့ရပ္ကြက္ကို ဝန္းရံပိတ္ဆို႔ထားၿပီး အေရးေပၚတုံ႔ျပန္ေရး အဖြဲ႕ေတြလည္း အဲဒီေနရာကို ေရာက္ေနပါတယ္။




“ဒီရပ္ကြက္ထဲက လူတိုင္းက တေယာက္ကိုတေယာက္ သိၾကၿပီး ကေလးေတြလည္း အတူ ကစားေနက်ပဲ၊ ေဒသခံေတြနဲ႔ သူစကားေျပာမယ္” လို႔ ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။


Credit: DVB TV News


Unicode


နယ်သာလန်နိုင်ငံ ဒေါဒရတ်ထ်မြို့မှာ စက်တင်ဘာ ၉ ရက်က ရဲအရာရှိတယောက်ဟာ မိသားစုဝင် ၂ ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။


အသက် ၈ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေး ၂ ယောက်ကို အသက် ၃၄ နှစ်အရွယ် ရဲအရာရှိနဲ့အတူ အခင်းဖြစ်ရာနေရာမှာ သေဆုံးလျက်သား တွေ့ရတယ်လို့ ရဲပြောခွင့်ရ မီရီယံစလော့တ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။


အသက် ၂၈ နှစ်အရွယ် အမျိုးသမီးကိုတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့အတူ တွေ့ရလို့ ဆေးရုံ တင်ပို့ထားတယ်လို့ စလော့က ဆက်ပြောပါတယ်။အခင်းဖြစ်ရာ အိမ်ရှိတဲ့ရပ်ကွက်ကို ဝန်းရံပိတ်ဆို့ထားပြီး အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တွေလည်း အဲဒီနေရာကို ရောက်နေပါတယ်။


“ဒီရပ်ကွက်ထဲက လူတိုင်းက တယောက်ကိုတယောက် သိကြပြီး ကလေးတွေလည်း အတူ ကစားနေကျပဲ၊ ဒေသခံတွေနဲ့ သူစကားပြောမယ်” လို့ မြို့တော်ဝန်က ပြောပါတယ်။


Credit: DVB TV News