ဖားကန႔္ၿမိဳ႕နယ္တြင္ ေကတီဗြီဆိုင္ မီးေလာင္မႈျဖစ္ပြား

2019-09-10 20:26:04


ဖားကန႔္ၿမိဳ႕နယ္တြင္ ေကတီဗြီဆိုင္ မီးေလာင္မႈျဖစ္ပြား

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ထဲမွာ ဒီကေန႔မနက္က ေကတီဗြီကာရာအိုေခ ဆိုင္တစ္ဆိုင္ မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။


ဖားကန့္ျမို့နယ္ ဆိတ္မူအုပ္စု ယူမာေက်းရြာရွိ ဂ်ိတ္ပဲေလ့စ္ ေကတီဗြီဆိုင္မွာ ဒီကေန့ မနက္ ၉ နာရီက မီးေလာင္ကြ်မ္းမႈျဖစ္ပြားျပီး ေကတီဗြီဆိုင္ရဲ့ အေပၚထပ္နဲ့ အိမ္တြင္းပရိေဘာဂေတြ မီးထဲပါသြားတယ္လို့ ဖားကန့္ျမို့နယ္ အေထြေထြ အုပ္ခ်ုပ္ေရးရံုး တာဝန္က်ဝန္ထမ္း တဦးျဖစ္သူ မဆြမ္ဆပ္က ဒီဗြီဘီကို ေျပာပါတယ္။




“ဂ်ိတ္ပဲေလ့စ္ေကတီဗြီ ပစၥည္းသိုေလွာင္ခန္းကေန လွ်ပ္စစ္ဝါယာေရွာ့ျဖစ္ၿပီး မီးစေလာင္ တယ္လို႔ သိရပါတယ္။ အေဆာက္အဦရဲ႕ အေပၚထပ္ အလ်ား ၇၀ ေပ၊ အနံ ၃၀ ေပ သြပ္မိုးနဲ႔ အခန္းထဲမွာရွိတဲ့ ပရိေဘာဂပစၥည္းေတြ မီးေလာင္ကြၽမ္းတယ္ေပါ့ေနာ္၊ ဆုံးရႈံးမႈတန္ဖိုးကေတာ့ ၆၅ သိန္းခန႔္လို႔ ခန႔္မွန္းပါတယ္ရွင့္ ၊ လူနဲ႔ တရိစာၦန္ ထိခိုက္ဒဏ္ရာရတာေတြေတာ့မရွိဘူး။”




မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး ေကတီဗြီဆိုင္ပိုင္ရွင္နဲ႔ မန္ေနဂ်ာျဖစ္သူတို႔ကို ဖားကန႔္ရဲစခန္းက မီးသတ္ဥပေဒပုဒ္မ ၂၈၅ အရ အေရးယူထားၿပီး အဆိုပါဆိုင္ကိုလည္း ေခတၱပိတ္သိမ္းဖို႔ ၫႊန္ၾကားထားေၾကာင္း ဖားကန႔္ၿမိဳ႕နယ္႐ုံးက ေျပာသြားပါတယ္။

Photo: ရာဇာ


Credit: DVB TV News




Unicode


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဒီကနေ့မနက်က ကေတီဗွီကာရာအိုခေ ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။


ဖားကန့်မြို့နယ် ဆိတ်မူအုပ်စု ယူမာကျေးရွာရှိ ဂျိတ်ပဲလေ့စ် ကေတီဗွီဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီက မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ကေတီဗွီဆိုင်ရဲ့ အပေါ်ထပ်နဲ့ အိမ်တွင်းပရိဘောဂတွေ မီးထဲပါသွားတယ်လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး တာဝန်ကျဝန်ထမ်း တဦးဖြစ်သူ မဆွမ်ဆပ်က ဒီဗွီဘီကို ပြောပါတယ်။


“ဂျိတ်ပဲလေ့စ်ကေတီဗွီ ပစ္စည်းသိုလှောင်ခန်းကနေ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးစလောင် တယ်လို့ သိရပါတယ်။ အဆောက်အဦရဲ့ အပေါ်ထပ် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ သွပ်မိုးနဲ့ အခန်းထဲမှာရှိတဲ့ ပရိဘောဂပစ္စည်းတွေ မီးလောင်ကျွမ်းတယ်ပေါ့နော်၊ ဆုံးရှုံးမှုတန်ဖိုးကတော့ ၆၅ သိန်းခန့်လို့ ခန့်မှန်းပါတယ်ရှင့် ၊ လူနဲ့ တရိစ္ဆာန် ထိခိုက်ဒဏ်ရာရတာတွေတော့မရှိဘူး။”


မီးလောင်မှုနဲ့ ပတ်သက်ပြီး ကေတီဗွီဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာဖြစ်သူတို့ကို ဖားကန့်ရဲစခန်းက မီးသတ်ဥပဒေပုဒ်မ ၂၈၅ အရ အရေးယူထားပြီး အဆိုပါဆိုင်ကိုလည်း ခေတ္တပိတ်သိမ်းဖို့ ညွှန်ကြားထားကြောင်း ဖားကန့်မြို့နယ်ရုံးက ပြောသွားပါတယ်။

Photo: ရာဇာ


Credit: DVB TV News