ဘာသာေရးပြဲမွာ ဆင္ႀကီးကမုန္ယုိၿပီး လူေတြကုိရန္ရွာခဲ့လုိ႔ (၁၈)ဦး ဒဏ္ရာရရွိ(႐ုပ္/သံ)

2019-09-10 20:24:06


ဘာသာေရးပြဲမွာ ဆင္ႀကီးကမုန္ယုိၿပီး လူေတြကုိရန္ရွာခဲ့လုိ႔ (၁၈)ဦး ဒဏ္ရာရရွိ(႐ုပ္/သံ)

သီရိလကၤာက ဗုဒၶပူဇနိယ ဘာသာေရးပြဲတစ္ခုမွာ အလွျပဆင္ႀကီးတစ္ေကာင္ဟာ မုန္ယုိၿပီး လူအမ်ားကို လုိက္လံရန္ရွာခဲ့တာေၾကာင့္ လူ(၁၈)ဦးအထိ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ေၾကာင္း သိရပါတယ္။ ဘုရားပြဲဝင္းခင္းအခမ္းအနားကို ပရိသတ္ ေထာင္နဲ႔ခ်ီ လာေရာက္အားေပးခဲ့သလုိ-


လူေပါင္း ေထာင္ခ်ီ စီတန္းလွည့္လည္ကာ ဗုဒၶဘုရားရွင္ကုိ ပူေဇာ္ခဲ့ၾကတာပါ။ ဆင္ေတြကိုလည္း စီတန္းလွည့္လည္တဲ့အခမ္းအနားမွာ ထည့္သြင္းက်င္းပခဲ့တာ ျဖစ္ပါတယ္။ အခုအခမ္းအနားကိုေတာ့ Kotte မွာ က်င္းပခဲ့တာျဖစ္ၿပီး၊ ဆင္ႀကီးတစ္ေကာင္ဟာ ႐ုတ္တရက္ ျမင္သမွ်ကို ရန္ရွာခဲ့တာပါ။




ဆင္ဦးစီးလည္း အခ်ိန္အနည္းငယ္အတြင္းမွာ ဆင္ေပၚကေန ျပဳတ္က်သြားခဲ့ၿပီး၊ ဒဏ္ရာရရွိသူအားလုံးကို နီးစပ္ရာ ေဆး႐ုံႏွစ္ခုထံ အျမန္ပုိ႔ေပး ေဆးကုသေစခဲ့ပါတယ္။ လက္ရွိထုတ္ျပန္မႈအရေတာ့ လူ(၁၈)ဦး ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ၿပီး၊ ေသဆုံးသူေတာ့ မရွိေသးပါဘူး။


သီရိလကၤာ ဘာသာေရးပြဲေတာ္ေတြမွာ ဆင္ေတြဟာ မပါမျဖစ္ပါဝင္ၾကရေလ့ရွိတဲ့ သတၱဝါေတြျဖစ္ၿပီး၊ မၾကာေသးခင္တုန္းကလည္း (၁၁)ရက္ၾကာ က်င္းပခဲ့တဲ့ ဘာသာေရးပြဲမွာ အသက္(၇၀)အရြယ္ ဆင္မအုိႀကီးတစ္ေကာင္လည္း ပါဝင္ခဲ့ရလုိ႔ ပင္ပန္းၿပီး ေသဆုံးခဲ့ရတယ္လုိ႔ သိရပါတယ္။


လင္းေဇာ္ကုိ (D Nae Khit Media)


ယူနီကုဒ်ဖြင့်ဖတ်ရန်-


သီရိလင်္ကာက ဗုဒ္ဓပူဇနိယ ဘာသာရေးပွဲတစ်ခုမှာ အလှပြဆင်ကြီးတစ်ကောင်ဟာ မုန်ယိုပြီး လူအများကို လိုက်လံရန်ရှာခဲ့တာကြောင့် လူ(၁၈)ဦးအထိ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဘုရားပွဲဝင်းခင်းအခမ်းအနားကို ပရိသတ် ထောင်နဲ့ချီ လာရောက်အားပေးခဲ့သလို-




လူပေါင်း ထောင်ချီ စီတန်းလှည့်လည်ကာ ဗုဒ္ဓဘုရားရှင်ကို ပူဇော်ခဲ့ကြတာပါ။ ဆင်တွေကိုလည်း စီတန်းလှည့်လည်တဲ့အခမ်းအနားမှာ ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခုအခမ်းအနားကိုတော့ Kotte မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ဆင်ကြီးတစ်ကောင်ဟာ ရုတ်တရက် မြင်သမျှကို ရန်ရှာခဲ့တာပါ။




ဆင်ဦးစီးလည်း အချိန်အနည်းငယ်အတွင်းမှာ ဆင်ပေါ်ကနေ ပြုတ်ကျသွားခဲ့ပြီး၊ ဒဏ်ရာရရှိသူအားလုံးကို နီးစပ်ရာ ဆေးရုံနှစ်ခုထံ အမြန်ပို့ပေး ဆေးကုသစေခဲ့ပါတယ်။ လက်ရှိထုတ်ပြန်မှုအရတော့ လူ(၁၈)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ သေဆုံးသူတော့ မရှိသေးပါဘူး။




သီရိလင်္ကာ ဘာသာရေးပွဲတော်တွေမှာ ဆင်တွေဟာ မပါမဖြစ်ပါဝင်ကြရလေ့ရှိတဲ့ သတ္တဝါတွေဖြစ်ပြီး၊ မကြာသေးခင်တုန်းကလည်း (၁၁)ရက်ကြာ ကျင်းပခဲ့တဲ့ ဘာသာရေးပွဲမှာ အသက်(၇၀)အရွယ် ဆင်မအိုကြီးတစ်ကောင်လည်း ပါဝင်ခဲ့ရလို့ ပင်ပန်းပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။




လင်းဇော်ကို (D Nae Khit Media)