မႏၲေလးတြင္ AA အဖြဲ႔ဝင္ဟု ယူဆရသူ ေလးဦးကို ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းမိ

2019-09-10 20:20:12


မႏၲေလးတြင္ AA အဖြဲ႔ဝင္ဟု ယူဆရသူ ေလးဦးကို ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းမိ

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ AA လက္နက္ကိုင္အဖြဲ႔ဝင္ဟု ယူဆရသည့္ အမ်ိဳးသားေလးဦးကို ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ယေန႔ (စက္တင္ဘာ ၁၀ ရက္) နံနက္ပိုင္းက ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔မွ အႀကီးတန္းအရာရွိတစ္ဦးက အတည္ျပဳေျပာၾကားသည္။


ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ ၅ ရပ္ကြက္အတြင္းရွိ ေနအိမ္တစ္လုံးတြင္ ယေန႔ (စက္တင္ဘာလ ၁၀ ရက္) နံနက္ ၁၀ နာရီခန္အခ်ိန္က ယင္းအမ်ိဳးသားေလးဦးႏွင့္အတူ ဒီတိုနိတ္တာ တစ္ေထာင္ခန႔္ႏွင့္ ေဖာက္ခြဲေရးယမ္းမ်ားကို ဖမ္းဆီးမိခဲ့ျခင္းျဖစ္သည္။




“ေလးဦးဖမ္းမိတာပါ။ ဒီတိုနိတ္တာနဲ႔ ယမ္းေတြမိထားတယ္။ အေသးစိတ္နဲ႔ နာမည္ေတြ ဘာေတြေတာ့ ကြၽန္ေတာ္ဆီ အတိအက် မေရာက္ေသးဘူး။ လတ္တေလာမွ အမွတ္ ၁၁ စခန္းမွာပဲ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ထားတယ္”ဟု ယင္းရဲအရာရွိက ေျပာၾကားသည္။


မႏၲေလးၿမိဳ႕တြင္ ဩဂုတ္လ ၁၄ ရက္ေန႔ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္ တိုက္ခိုက္ခံရၿပီးေနာက္ပိုင္းတြင္ ၿမိဳ႕တြင္းေနရာမ်ားႏွင့္ ဝင္ထြက္ဂိတ္မ်ားတြင္ လုံၿခဳံေရးအင္အား တိုးခ်ဲ႕ေဆာင္႐ြက္လ်က္ရွိၿပီး လုံၿခဳံေရးအခ်က္အျခာက်သည့္ေနရာမ်ားတြင္ တပ္မေတာ္ႏွင့္ ရဲတပ္ရင္းတို႔မွ လုံၿခဳံေရး ေဆာင္႐ြက္လ်က္ရွိသည္။


Credit: The Voice


Unicode


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့ဝင်ဟု ယူဆရသည့် အမျိုးသားလေးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ယနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။


ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခန်အချိန်က ယင်းအမျိုးသားလေးဦးနှင့်အတူ ဒီတိုနိတ်တာ တစ်ထောင်ခန့်နှင့် ဖောက်ခွဲရေးယမ်းများကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။


“လေးဦးဖမ်းမိတာပါ။ ဒီတိုနိတ်တာနဲ့ ယမ်းတွေမိထားတယ်။ အသေးစိတ်နဲ့ နာမည်တွေ ဘာတွေတော့ ကျွန်တော်ဆီ အတိအကျ မရောက်သေးဘူး။ လတ်တလောမှ အမှတ် ၁၁ စခန်းမှာပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်”ဟု ယင်းရဲအရာရှိက ပြောကြားသည်။


မန္တလေးမြို့တွင် ဩဂုတ်လ ၁၄ ရက်နေ့ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် မြို့တွင်းနေရာများနှင့် ဝင်ထွက်ဂိတ်များတွင် လုံခြုံရေးအင်အား တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးအချက်အခြာကျသည့်နေရာများတွင် တပ်မတော်နှင့် ရဲတပ်ရင်းတို့မှ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။


Credit: The Voice