လ်ွပ္စစ္သုံးစြဲယူနစ္ ေပ်ာက္ဆုံးမႈမ်ားေၾကာင့္ ရႈံးေနဆဲ ဟု YESC ဥကၠ႒ ဆို…

2019-09-10 17:52:50


လ်ွပ္စစ္သုံးစြဲယူနစ္ ေပ်ာက္ဆုံးမႈမ်ားေၾကာင့္ ရႈံးေနဆဲ ဟု YESC ဥကၠ႒ ဆို…

ယခုႏွစ္ ဇူလိုင္လမွစ၍ လ်ွပ္စစ္မီတာခ တိုးျမင့္ေကာက္ခံ ေသာ္လည္း ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ မီးသံုးစြဲယူနစ္ ၁၄ ရာခိုင္ႏႈန္း ေပ်ာက္ဆံုးမႈေၾကာင့္


၁၁ ဘီလီယံအထိ ဆံုးရႈံးေနဆဲျဖစ္ေၾကာင္း ရန္ကုန္လ်ွပ္စစ္ဓာတ္အား ေပးေရး ေကာ္ပိုေရးရွင္း (YESC) ဥကၠ႒ ဦးေမာင္ေမာင္လတ္က ေျပာသည္။


ယခုလ ၉ ရက္က ရန္ကုန္လ်ွပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းရံုးတြင္ ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ ၎ကေျပာဆိုခဲ့ျခင္း ျဖစ္သည္။


“ကြၽန္ေတာ္တို႔ သံုးစြဲယူနစ္ေတြက ေပ်ာက္ဆံုးေနဆဲ ျဖစ္တယ္။ ေပ်ာက္ဆံုးေနတာေတြကေတာ့ မီတာမတက္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ သံုးေနတာေတြ ရိွသလို မီတာဖတ္သူက မ်က္မွန္နဲ႔ မသဲမကြဲ ဖတ္တာေတြလည္း ရိွတယ္။


ေနာက္ မီတာခ တစ္ေသာင္းဆို ငါးေထာင္ပဲဖတ္ကြာ၊ မင္းကိုငါ ဘယ္ေလာက္ ေပးမယ္၊ ဒီလိုဟာေတြ ရိွေနလို႔ ခုလို ေပ်ာက္ဆံုးေနတာပါ” ဟု ၎က ေျပာသည္။


ရန္ကုန္တိုင္းေဒသႀကီး၏ လ်ွပ္စစ္ယူနစ္ ေပ်ာက္ဆံုးမႈသည္ ၁၄ ရာခိုင္ႏႈန္းထိရိွေနၿပီး ဇြန္လတြင္ က်ပ္ ၅ ဘီလီယံဖိုးနွင့္ ဇူလိုင္လတြင္ က်ပ္ ၁၁ ဘီလီယံဖိုး ဆံုးရႈံးေနေသးသည္ဟုဆိုသည္။


မီတာခ တိုးျမႇင့္ ေကာက္ခံခဲ့ရာတြင္ ရန္ကုန္တိုင္း ေဒသႀကီးရိွ မီးသံုးစြဲသူ ၁ ဒသမ ၃၈ သန္းသည္ မီးသံုးစြဲမႈ ေလ်ာ့ခ်ခဲ့သည့္အတြက္ ယခုႏွစ္ ဇြန္လထက္ ဇူလိုင္လတြင္ သံုးစြဲယူနစ္ ၂၁ ဒသမ ၉ သန္းေက်ာ္အထိ ေလ်ာ့နည္း ခဲ့ေၾကာင္း YESC မွသိရသည္။


ထိုသို႔ မီတာခမ်ားတိုးျမင့္ခဲ့ေသာ္လည္း ၁၄ ရာခိုင္ႏႈန္း ေပ်ာက္ဆုံးေလလြင့္ၿပီး ၁၁ ဘီလီယံခန႔္ ဆုံးရႈံးေနဆဲ ျဖစ္သည့္အတြက္ တိုးျမႇင့္ေကာက္ခံမႈအေပၚ ထိေရာက္မႈ မရွိေသးေၾကာင္း ၎ကဆိုသည္။


ထို႔ေၾကာင့္ ေလလြင့္ေပ်ာက္ဆုံးမႈ မရွိေစေရးအတြက္ ေဆာင္႐ြက္သြားမည္ဟုဆိုသည္။ “ဒီလိုေလလြင့္ ေပ်ာက္ဆံုးမႈမ်ားကလည္း မီတာဖတ္သူရဲ႕ မ်က္လံုးအားနည္းခ်က္၊ မဖတ္ဘဲ ခန႔္မွန္းေရးသားခ်က္၊


မီတာ မတက္ေစဖို႔ နည္းအမ်ိဳးမ်ိဳးနဲ႔ ခိုးယူသံုးစြဲမႈနဲ႔ မီတာဖတ္သူနဲ႔ သံုးစြဲသူတို႔ရဲ႕ ပူးေပါင္းႀကံစည္မႈတို႔ေၾကာင့္ ျဖစ္ပါတယ္”ဟု ဦးေမာင္ေမာင္လတ္က ေျပာသည္။


ယခုႏွစ္ ဇြန္လက မီးသံုးစြဲသည့္ ယူနစ္ ၇၁၇ သန္းတြင္ ၅ ဘီလီယံသာ ဆံုးရႈံးခဲ့ေသာ္လည္း မီတာခ စတင္တိုးျမႇင့္ ေကာက္ခံခဲ့သည့္ ဇူလိုင္လတြင္ မီးသံုးစြဲသည့္ယူနစ္ ၆၉၅ သန္း ရိွခဲ့ကာ


၁၁ ဘီလီယံ ဆံုးရႈံးခဲ့ျခင္းျဖစ္သည္ ဟုဆိုသည္။ လက္ရိွ မီတာခ ေကာက္ခံရရိွမႈမွာ အိမ္သံုးမီတာမွ ၁၂ ဘီလီယံ ရရိွခဲ့ၿပီး လုပ္ငန္းသံုးမွ ၂၄ ဘီလီယံ ရရိွခဲ့ေၾကာင္း သိရသည္။




အိမ္သံုးအမ်ိဳးအစား ဓာတ္အားခ ေပးေဆာင္မႈအေနျဖင့္ အေျခခံလူတန္းစားမ်ားအေနနွင့္ လစဥ္ ၁ ယူနစ္မွ ၇၅ ယူနစ္ထိ အသံုးျပဳသူ ၂၆ ရာခိုင္ႏႈန္းရိွၿပီး အမ်ားဆံုး ၁၁၇၅ က်ပ္သာ ပိုမိုက်သင့္မည္ျဖစ္ကာ


လူလတ္တန္းစားမ်ားအေနနွင့္ လစဥ္ ၇၅ ယူနစ္မွ ၂၀၀ ယူနစ္ထိ အသံုးျပဳသူ ၃၈ ရာခိုင္ႏႈန္းခန္႔ရွိၿပီး အနည္းဆံုး ၂၂၅၀ က်ပ္ မွ အမ်ားဆံုး ၁၀၀၅၀ က်ပ္အထိသာ ပိုမိုေပးေဆာင္ရမည္ကို ေတြ႕ရွိရေၾကာင္း YESC မွ သိရသည္။


ထို႔ျပင္ ၂၀၀ ယူနစ္အထက္ မီးသံုးစြဲသူမ်ားအေနျဖင့္ ၃၆ ရာခိုင္ႏႈန္းရွိၿပီး မီးသံုးစြဲမႈေပၚ မူတည္၍ ဓာတ္အားခ ပိုမို ေပးေဆာင္သြားရမည္ျဖစ္သည္။


အိမ္သံုးမဟုတ္သည့္အမ်ိဳးအစားျဖင့္ မီးသံုးစြဲသူမ်ားမွာ ၁ ယူနစ္မွ ၅၀၀ ယူနစ္အထိ သံုးစြဲသူ ၆၉ ရာခိုင္ႏႈန္းရွိၿပီး ၅၀၁ ယူနစ္မွ ၅၀၀၀ ယူနစ္အထိ သံုးစြဲသူမွာ ၂၅ ရာခိုင္ႏႈန္းနွင့္ ၅၀၀၀ ယူနစ္အထက္ သံုးစြဲသူမွာ ၁ ရာခိုင္ႏႈန္း နွင့္၂ ရာခိုင္ႏႈန္းသာ ရွိေၾကာင္းသိရသည္။


Unicode


ယခုနှစ် ဇူလိုင်လမှစ၍ လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံ သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မီးသုံးစွဲယူနစ် ၁၄ ရာခိုင်နှုန်း ပျောက်ဆုံးမှုကြောင့်


၁၁ ဘီလီယံအထိ ဆုံးရှုံးနေဆဲဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။


ယခုလ ၉ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကပြောဆိုခဲ့ခြင်း ဖြစ်သည်။


“ကျွန်တော်တို့ သုံးစွဲယူနစ်တွေက ပျောက်ဆုံးနေဆဲ ဖြစ်တယ်။ ပျောက်ဆုံးနေတာတွေကတော့ မီတာမတက်အောင် နည်းအမျိုးမျိုးနဲ့ သုံးနေတာတွေ ရှိသလို မီတာဖတ်သူက မျက်မှန်နဲ့ မသဲမကွဲ ဖတ်တာတွေလည်း ရှိတယ်။


နောက် မီတာခ တစ်သောင်းဆို ငါးထောင်ပဲဖတ်ကွာ၊ မင်းကိုငါ ဘယ်လောက် ပေးမယ်၊ ဒီလိုဟာတွေ ရှိနေလို့ ခုလို ပျောက်ဆုံးနေတာပါ” ဟု ၎င်းက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ယူနစ် ပျောက်ဆုံးမှုသည် ၁၄ ရာခိုင်နှုန်းထိရှိနေပြီး ဇွန်လတွင် ကျပ် ၅ ဘီလီယံဖိုးနှင့် ဇူလိုင်လတွင် ကျပ် ၁၁ ဘီလီယံဖိုး ဆုံးရှုံးနေသေးသည်ဟုဆိုသည်။


မီတာခ တိုးမြှင့် ကောက်ခံခဲ့ရာတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မီးသုံးစွဲသူ ၁ ဒသမ ၃၈ သန်းသည် မီးသုံးစွဲမှု လျော့ချခဲ့သည့်အတွက် ယခုနှစ် ဇွန်လထက် ဇူလိုင်လတွင် သုံးစွဲယူနစ် ၂၁ ဒသမ ၉ သန်းကျော်အထိ လျော့နည်း ခဲ့ကြောင်း YESC မှသိရသည်။


ထိုသို့ မီတာခများတိုးမြင့်ခဲ့သော်လည်း ၁၄ ရာခိုင်နှုန်း ပျောက်ဆုံးလေလွင့်ပြီး ၁၁ ဘီလီယံခန့် ဆုံးရှုံးနေဆဲ ဖြစ်သည့်အတွက် တိုးမြှင့်ကောက်ခံမှုအပေါ် ထိရောက်မှု မရှိသေးကြောင်း ၎င်းကဆိုသည်။


ထို့ကြောင့် လေလွင့်ပျောက်ဆုံးမှု မရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဟုဆိုသည်။ “ဒီလိုလေလွင့် ပျောက်ဆုံးမှုများကလည်း မီတာဖတ်သူရဲ့ မျက်လုံးအားနည်းချက်၊ မဖတ်ဘဲ ခန့်မှန်းရေးသားချက်၊


မီတာ မတက်စေဖို့ နည်းအမျိုးမျိုးနဲ့ ခိုးယူသုံးစွဲမှုနဲ့ မီတာဖတ်သူနဲ့ သုံးစွဲသူတို့ရဲ့ ပူးပေါင်းကြံစည်မှုတို့ကြောင့် ဖြစ်ပါတယ်”ဟု ဦးမောင်မောင်လတ်က ပြောသည်။


ယခုနှစ် ဇွန်လက မီးသုံးစွဲသည့် ယူနစ် ၇၁၇ သန်းတွင် ၅ ဘီလီယံသာ ဆုံးရှုံးခဲ့သော်လည်း မီတာခ စတင်တိုးမြှင့် ကောက်ခံခဲ့သည့် ဇူလိုင်လတွင် မီးသုံးစွဲသည့်ယူနစ် ၆၉၅ သန်း ရှိခဲ့ကာ


၁၁ ဘီလီယံ ဆုံးရှုံးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ လက်ရှိ မီတာခ ကောက်ခံရရှိမှုမှာ အိမ်သုံးမီတာမှ ၁၂ ဘီလီယံ ရရှိခဲ့ပြီး လုပ်ငန်းသုံးမှ ၂၄ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။