တိုက်​ခန်း​တွေကို ပစ်​မှတ်​ထားပြီး လိုက်​လိမ်​​နေတဲ့ လူလိမ်​မကြီး သတိထားနိုင်​ကြဖို့

2019-09-10 17:48:34


တိုက်​ခန်း​တွေကို ပစ်​မှတ်​ထားပြီး လိုက်​လိမ်​​နေတဲ့ လူလိမ်​မကြီး သတိထားနိုင်​ကြဖို့

ရန်​ကုန်​မြို့မှာ အဝတ်​လိုက်​​လျှောက်​တယ်​လို့​ပြောပြီး တိုက်ခန်းတွေကို အတင့်​ရဲစွာနဲ့ ပစ်မှတ်ထား လိုက်လံလိမ်လည်​​နေတဲ့ လူလိမ်​မကြီးတဦးအ​ကြောင်းကို တိုက်ရိုက်ကိုယ်​​တွေ့ကြုံခဲ့ရသူ Shine Htut Zaw အ​ကောင့်​ပိုင်​ရှင်​က တင်​ပြထား​ကြောင်း ​​တွေ့ခဲ့ရပါတယ်​။


က​လေးက ဟယ်​လ်​ပင်​​ဆေးရုံမှာတင်​ထားရလို့ ​ဆေးဖိုးဝါးခ ​ငွေလို​နေတာ​ကြောင့်​ပါလို့ လိမ်​လည်ေ​ပြာဆို​နေတဲ့ လူလိမ်​မကြီးဟာ ​ဆေးစာရွက်​အ​တုကိုပြကာ အသနားခံ​ငွေ​တောင်း​နေတာဖြစ်​​ကြောင်း ​ဖော်​ပြထားပါတယ်​။


ဆေးစာရွက်​မှာ ​ဆေးရုံတံဆိပ်​နဲ့အမှတ်​အသားပါဝင်​ခြင်းမရှိဘဲ နှာ​ခေါင်းစည်း၊ ဂလူးကို့စ်​နဲ့ ​ဆေးနှစ်​မျိုးအမည်​သာ​ရေးသားထားပြီး ​ရေးသားထားတာဟာလည်း မြန်​မာလိုသာဖြစ်​​ကြောင်း၊ လူလိမ်​မကြီးဟာ ​ဘေးခန်းတိုက်​ခန်းမှာ အဝတ်​​လျှော်​ခလာ​တောင်းတာမရလို့ဆိုပြီးအ​ကြောင်းပြကာ ​ဆေးစာရွက်​ကိုထုတ်​ပြပြီး အ​ကောင့်​ပိုင်​ရှင်​ Shine Htut Zaw ကို ​ဆေးဖိုးစရိတ်​​ငွေစိုက်​​ပေးလိုက်​ဖို့ ​ပြောဆိုခဲ့​ကြောင်း၊


ပြီးမှ​ဘေးခန်းက​နေတဆင့်​ ပြန်​လည်​​တောင်းယူဖို့ဆိုခဲ့​ကြောင်း၊ ​ဆေးရုံတက်​ဖူးသူချင်းကိုယ်​ချင်းစာမှုနဲ့ Shine Htut Zaw မှ ပထမတကြိမ်​ ကူညီ​ပေးခဲ့​ကြောင်း၊


ဘေးခန်းက လူတွေပြန်လာမှ မေးကြည့်တော့ သူတို့က အဝတ်ကို ကိုယ်တိုင်လျှော်တာဖြစ်​ပြီး တစ်ခါမှ လူငှားမလျှော်ဖူးဘူးဆိုတာ သိခဲ့ရ​ကြောင်း​ဖော်​ပြထားခဲ့တာကို ​တွေ့ခဲ့ရပါတယ်​။


လူလိမ်​မကြီးဟာ မမှတ်​မိဘူးအထင်​နဲ့ဒုတိယအကြိမ်​ ထပ်​မံလာ​ရောက်​လိမ်​လည်​ခဲ့​ကြောင်း၊ လိမ်​ခဲ့ဖူးတဲ့အိမ်​​တွေများလွန်းလို့ အိမ်​​တွေကိုမမှတ်မိတာဖြစ်​နိုင်​​ကြောင်း၊ ပထမအကြိမ်​မှာ​တော့ လူလိမ်ကိုဓာတ်​ပုံမရိုက်​လိုက်​နိုင်​လို့ စာသားဖြင့်​သာလူလိမ်​အ​ကြောင်းသတိ​ပေး​ရေးတင်​နိုင်​ခဲ့​ကြောင်း၊


အခုအကြိမ်​မှာ​တော့ သူ့ကိုမှတ်​မိ​နေလို့ဗွီဒီယိုရိုက်​ယူခဲ့ပြီး ရဲတိုင်​မယ်​ဆိုမှဆင်း​ပြေးသွားခဲ့​ကြောင်း၊ လူ​တွေရဲ့သနားစိတ်​ကိုခုတုံးလုပ်​ပြီး တစ်​အိမ်​တက်​တစ်​အိမ်​ဆင်းလိုက်​လိမ်​​နေတာဖြစ်​​ကြောင်း၊


တအိမ်​ ​ငွေ ၆၀၀၀ နဲ့ အိမ်​​ပေါက်​​စေ့လိုက်​လံလိမ်​စား​နေလို့ တွက်​​ခြေသိပ်​ကိုက်​ပြီး ရှာမစား​တော့ဘဲ အမြဲလိမ်​စား​နေတဲ့သူသာဖြစ်​​ကြောင်း၊




Shine Htu Zaw ရဲ့ အဲ့ဒီ လူလိမ်မကြီး ဗွီဒီယိုကိုတင်​ရှိထားတဲ့ ​ပို့စ်​​အောက်​မှာလဲ ဒီ Post အောက်က မန့်တွေမှာလည်း စီစီတီ​ဗီရုပ်သံမှတ်​တမ်း သက်သေနဲ့တကွ သူလိုက်လိမ်ဖူးတဲ့ ​နေရာစုံက လူပေါင်းများစွာက ​ရေးသားထားလို့ လူအတ်ာတော်များများ အလိမ်​​ခံခဲ့ရဖူး​ကြောင်း သိရှိခဲ့ရပါတယ်​။


EFIL-ApannPyay Source- Shine Htut Zaw