အခြေခံ လူကျင့်ဝတ်တွေကိုတောင် လိုက်နာရမှန်း မသိသေးတဲ့ မြန်မာလူမျိုးအချို့

2019-09-08 14:11:56


အခြေခံ လူကျင့်ဝတ်တွေကိုတောင် လိုက်နာရမှန်း မသိသေးတဲ့ မြန်မာလူမျိုးအချို့

ထုံးစံအတိုင်း​လေယာဉ်​ဆင်းပြီဆို ​လေဆိပ်​ထဲ​ရောက်​တာနဲ့ အိမ်​သာကိုအရင်​ရှာကြရတယ်​​လေ.. အရင်​ဆုံး​တွေ့တဲ့ အိမ်​သာမှာ လူ​တွေပြုံ​နေတတ်​တာ.. ဒီတစ်​​ခေါက်​ ဘန်​​ကောက်​​လေဆိပ်​​ရောက်​​တော့ အိမ်​သာမှာ တန်းစီရင်း..​ကိုယ်​နဲ့အတူ ​လေယာဉ်​​တစ်​စီးထဲမှာပါလာတဲ့ မိန်းမတစ်​​ယောက်​ ​ရေအိမ်​ထဲ အရင်​ဝင်​သွားတယ်​ သူပြန်​ထွက်​လာ​တော့ ကိုယ်​ဝင်​လိုက်​တယ်​.. အိမ်​သာမှာ ​ရေဆွဲမချခဲ့ဘူး​လေ.. ​ဘော​လော ​ဘော​လော​လေး​တွေ​ပေါ့.. ဘယ်​တတ်​နိုင်​မလဲ သူ့အညစ်​အ​ကြေးကို ကိုယ်​ပဲ ရှင်းလင်း​ပေးလိုက်​ရတာ​ပေါ့​..စိတ်​က​တော့ ​အောင့်​သီး​အောင့်​သက်​ဖြစ်​သွားတာ​ပေါ့​လေ..


ဘယ်​​နေရာကြည့်​ကြည့်​.. မြန်​မာ​တွေချည်းပဲ.. မြန်​မာအသံ​တွေချည်းပဲ.. တန်းစီပါတို့..ပထမထပ်​တို့ ..ဒုတိယထပ်​တို့​တောင်​ မြန်​မာစာနဲ့ပါ ထည့်​​ရေးထားတယ်​.. ဆိုတဲ့ ​ဆေးရုံ​ကို ​ရောက်​ပြန်​​တော့..တစ်​ခုကြုံရပြန်​​ရော.. ​ဆေးရုံ Food Court မှာကျ​တော့ ပိုက်​ဆံကို ကတ်​ပြား​လေးနဲ့လဲပြီး..ကိုယ်​ကြိုက်​တဲ့ အစားအစာမှာစားရတယ်​​လေ.. Junction City Food Court မှာလို​ပေါ့.. အဲဒီ ကတ်​လဲ​ပေးတဲ့ ​ကောင်​တာမှာ တန်းစီရတာ​ပေါ့.. တန်းစီပါဆိုတာကို ​ကောင်​တာမှာလည်း ​ရေးထားပြီးသားပါ..




တစ်​ရက်​​တော့ ကျွန်​မအပါအဝင်​ လူ ၄,၅,၁၀ ​ယောက်​ ​ကောင်​တာ​ရှေ့ ကတ်​လဲဖို့တန်းစီ​နေကြတုန်း.. မိန်းမ ငယ်​ငယ်​တစ်​​ယောက်​ အ​ရှေ့ဆုံးကဂျပန်​ကြီး ​ရဲ့.. ​ဘေးမှာဝင်​ရပ်​ပြီး ခပ်​တည်​တည်​နဲ့လိုင်းဖြတ်​​ပါ​လေ​ရော ​ဘယ်​သူ့မျက်​နှာကိုမှလည်း သူမကြည့်​ဘူး.. သူ့လက်​ထဲ..ကတ်​မြန်​မြန်​ရဖို့ပဲသူလုပ်​​နေတာ.. ​ကတ်​​​ပေး​နေတဲ့​ကောင်​တာက ထိုင်း​အမျိုးသမီးက မျက်​လုံးပြူးပြီး တန်းစီပါ..တန်းစီပါလို့သူ့ကို​ပြောတယ်​.. ထိုင်းလို​ပြောတယ်​..အင်္ဂလိပ်​လို​ပြောတယ်​.. ဘယ်​လို​ပြော​ပြော နားလည်​တဲ့ပုံမ​ပေါ်ပါဘူး.. ပိုက်​ဆံ​တွေကို ထုတ်​လိုက်​..​ကောင်​တာ​ပေါ်ပစ်​တင်​လိုက်​နဲ့..မျက်​လုံးချင်းလည်း ဆုံ​အောင်​မကြည့်​ဘူး.. ကျွန်​မစိတ်​ထဲက​တော့ ..​သြော်​..အဲ​လောက်​ လူ့ကျင့်​ဝတ်​မသိတဲ့ မိန်းမဟာ မြန်​မာလူမျိုး မဟုတ်​ပါ​စေနဲ့ ကျိတ်​ဆု​တောင်း​နေမိတာ.. ​နောက်​ကတန်းစီ​နေတဲ့ လူအုပ်​ကြီးက သူ့ကို စိတ်​ပျက်​လက်​ပျက်​ ကြည့်​လို့.. တကယ်​ အလှည့်​​ရောက်​​နေတဲ့ ဂျပန်​ကြီးက ​ကောင်​တာက မိန်းမကို လုပ်​​ပေးလိုက်​..လုပ်​​ပေးလိုက်​ ဆိုတဲ့ ပုံစံမျိုး လုပ်​ပြတယ်​.. သ​ဘောက​တော့ ဘာမှ ယဉ်​​ကျေးမှုမရှိတဲ့ လူနဲ့ ဒီ​လောက်​ပင်​ပန်းခံပြီး ဆက်​ဆံမ​နေနဲ့တော့.. သူမြန်​မြန်​သွားပြီး​ရော.. လိုချင်​တာသာ ​ပေးလိုက်​​ဟေ့.. ဆိုတဲ့ အဓိပ္ပါယ်​မျိုးပဲ ဖြစ်​ပါတယ်​။


လိုချင်​တာရသွားတဲ့ မိန်းမထွက်​သွား​တော့ ထိုင်းအမျိုးသမီးက သက်​ပြင်းချ ​ခေါင်းကိုခါလို့.. သူ့​ဘေးက ဝန်​ထမ်းတစ်​​ယောက်​ကိုလည်း ထိုင်းလို​ပြောလိုက်​​သေးတယ်​.. သူတို့မျက်​နှာရိပ်​ မျက်​နှာကဲကြည့်​ပြီး ဒါ ချီးကျူးစကားမဟုတ်​ဘူးဆိုတာ​တော့ ခန့်​မှန်း​မိပြီးသားပါ.. ထိုင်းအမျိုးသမီးက​ ဂျပန်​ကြီး အလှည့်​ကျ​တော့.. ​ကျေးဇူးတင်​​ကြောင်း​ရော..ခွင့်​လွှတ်​ဖို့ အ​ကြောင်း​ရော..အင်္ဂလိပ်​လို ထိုင်းလို..လက်​အုပ်​​လေးချီပြီး အမျိုးစုံ​ပြောလို့ ကျွန်​မလည်း တန်းစီပြီး ကတ်​က​လေးရ​တော့..စားစရာ​လေး​တွေလိုက်​ရှာရင်း..ဆိုင်​တစ်​ဆိုင်​​ရှေ့မှာ..​အိမ်​သူအိမ်​သား​တွေနဲ့ ​ပျော်​ရွှင်​စွာ အစားအ​သောက်​ မှာ​နေတဲ့ ခုနက အမျိုးသမီးကို​တွေ့လိုက်​ရပါတယ်​.. အမယ်​..Take away ကိုသူမ​ပြောတတ်​​တော့ ပါဆယ်​..ပါဆယ်​ လို့ ​ပြော​နေ​သေးတယ်​.. အစစ်​ပဲ.. တို့မြန်​မာ​တွေပါပဲ​နော်​.. အဲဒီ​မိန်းမဟာ တို့လူမျိုး​မဟုတ်​ပါ​စေနဲ့လို့ ကျွန်​မဆု​တောင်း​နေမိတာ..ဆု​တောင်းမပြည့်​ခဲ့ပါဘူး..


တည်းတဲ့ ဟိုတယ်​မှာ ကြုံရတာတစ်​ခုလည်း ​ပြောပြရဦးမယ်​ အဲဒီ ဟိုတယ်​က အ​တော်​​ကောင်းပါတယ်​ စား​သောက်​တဲ့ခမ်းမကြီးကိုက အ​တော်​ကျယ်​တယ်​.. အဲဒီမှာ အသက်​ အစိတ်​​လောက်​ရှိတဲ့ လူငယ်​တစ်​​ယောက်​ ဘူ​ဖေး​ကောင်​တာ​တွေမှာ ပန်းကန်​တစ်​ချပ်​ကိုင်​ပြီး ဟိုသွား ဒီသွား​ယောက်​ယပ်​ခတ်​​နေတာ.. ဟိုလူ​ရှေ့က ဗန်းကို ဝင်​နှိုက်​လိုက်​.. ဒီလူ့​ရှေ့က ဖြတ်​ဝင်​လိုက်​နဲ့..သူ့ကို​ရှောင်​ရှား​နေရတာကိုက တစ်​ဒုက္ခ.. ပြီး​တော့ ပန်းကန်​ထဲ ရှိသမျှ ​ဘောင်းလန်​​အောင်​ထည့်​ပြီး သူ့​နေရာမှာ ထိုင်​ Live လွှင့်​​တော့တာပါပဲ.. အဲဒီ​နေရာတစ်​ခုလုံး သူ့အသံချည်းပဲ.. ဒီဟိုတယ်​က ဘယ်​​လောက်​​ကောင်း​ကြောင်း..ဆိုတာမျိုး​တွေလည်းပါတယ်​​ပေါ့.. လူမျိုး​ပေါင်းစုံက သူ့ကို ကွက်​ကြည့်​ကွက်​ကြည့်​နဲ့.. ဒါ​ပေမဲ့ ဂရုမစိုက်​တဲ့အပြင်​ သိပုံ​တောင်​မ​ပေါ်ဘူး..




ပြီး​တော့ထလာပြီး စားပွဲထိုးမိန်းက​လေးကို စမုတ်​..လို့​ လက်​ဟန်​​ခြေဟန်​နဲ့​ပြောလိုက်​ပါတယ်​.. Smoke? ​ဆေးလိပ်​ဘယ်​မှာ​သောက်​ရမလဲလို့​မေးတာပါ.. ​ကောင်​မ​လေးက ..​ဆေးလိပ်​​သောက်​တဲ့အပြင်​ဘက်​ကို ထွက်​တဲ့​နေရာကိုပြ​ပေမဲ့ အပြင်​ကို​ရောက်​​အောင်​မသွားဘဲ အဲဒီထမင်းစားခန်းကြီးထဲမှာဘဲ ​ဆေးလိပ်​​သောက်​ချလိုက်​ပါတယ်​.. တကယ်​ ရုပ်​​ပေါက်​ပါတယ်​​နော်​.. သူ့နားကို ဝန်​ထမ်း​တွေ၂​ယောက်​ ၃​ယောက်​ကသွားပြီး Outside, Outside လို့​ မျက်​လုံးပြူးပြီး​အော်​ကြ​တော့မှ အူ​ကြောင်​​ကြောင်​ရုပ်​နဲ့ အပြင်​ကို ထွက်​သွားပါတယ်​.. အဲဒီ ဝန်​ထမ်း​တွေ..အချင်းချင်း ​ပြောလိုက်​တဲ့ စကားကို နားမလည်​​ပေမဲ့ မျက်​နှာ အမူအရာ​တွေက​တော့..​ဆေးရုံ Food Court ​ကောင်​တာက ဝန်​ထမ်း​တွေရဲ့ မျက်​နှာအမူအရာ​တွေနဲ့ တစ်​ထပ်​တည်းပါပဲ.. ရှက်​စရာ​ကောင်းပါတယ်​​နော်​..


လေဆိပ်​က သက်​ကြီးရွယ်​အို..ရဟန်း သံဃာ​တွေ..မသန်စွမ်းသူ​​တွေထိုင်​ဖို့အတွက်​ ထား..ထားတဲ့ Priority Seat ဦးစား​ပေးထိုင်​ခုံ​တွေမှာ ဝင်​ထိုင်​​နေတာ ဘယ်​သူ​တွေလဲ..ကြည့်​.. မြန်​မာ​တွေပဲ ​လေယာဉ်​​ပေါ်လုတက်​တယ်​.. လုဆင်းတယ်​.. ​လေယာဉ်​ကြီးက ထွက်​​ပြေးသွားမှာလား.. တစ်​​ယောက်​က အထုပ်​ကိုတင်​လို့မပြီး​သေးဘူး.. အိတ်​စ်​ကျုမီ..အိတ်​စ်​ကျုမီလို့ ​ပြောရင်း ကိုယ့်​​နေရာ အမြန်​ဆုံး ​ရောက်​ဖို့ အတင်းတိုး​တယ်​.. ​စောင့်​မ​ပေးနိုင်​ကြဘူး.. အဲဒီ​နေရာက ​ဦးစရာလိုလား.. ​လေယာဉ်​​မရပ်​ခင်​ မတ်​တတ်​ထပြီး အထုပ်​ကိုဆွဲတယ်​ . ​လေယာဉ်​​မယ်​က ပြန်​ထိုင်​ပါ ပြန်​ထိုင်​ပါ..လို​ လှမ်း​အော်​တယ်​.. အဲလိုလုပ်​တာ ဘယ်​သူ​တွေလည်းကြည့်​.. ​လေယာဉ်​​တက်​ချိန်​ ဖုံးကို မပိတ်​ထားပါ.. Air Plane Mode ကိုမ​ပြောင်းထားပါ..


လေယာဉ်​ဘီး ရန်​ကုန်​​မြေ မကျ​သေးဘူး.. ဖုန်း​တွေလာတယ်​..​ဒေါ်လာ​ဈေးဘယ်​​လောက်​လဲ..​အော်​ကြီးဟစ်​ကျယ်​​မေးတယ်​.. ​လေယာဉ်​​မောင်​ကလာ​ပြောရတယ်​.. ဖုန်းသုံးလို့မရ​သေးဘူး..အားလုံးရပ်​မှသုံးပါ.. အန္တရာယ်​ရှိတယ်​..တဲ့.. အဲလို​ပြောခံရတာဘယ်​သူ​တွေလည်းကြည့်​.. မြန်​မာ​တွေ နိုင်​ငံခြားထွက်​ပြီး ​ဈေးဝယ်​ကြတယ်​ဆိုတာ.. ​ဆေးရုံ ​ဆေးခန်းပြကြတယ်​ဆိုတာ.. ပိုက်​ဆံသုံးလာနိုင်​ကြတယ်​ဆိုတဲ့ အဓိပ္ပါယ်​ပါပဲ သူ​ဌေးကြီးမှမဟုတ်​ဘူး သာမာန်​ လူလတ်​တန်းစား​တွေလည်း သွားနိုင်​လာကြပြီ.. ဒါဟာ ဝမ်းသာစရာပါပဲ.. ဒါ​ပေမဲ့..တချို့​တွေ.. ပိုက်​ဆံ​တွေရှိလာကြပြီး အဆင့်​ရှိမလာကြတာက​တော့ အ​တော်​ ဆိုး​ပါတယ်​.. မြန်​မာတိုင်း ဒီလိုမလုပ်​ကြပါ.. လုပ်​တဲ့သူက အနည်းစုပါ.. ဒါ​ပေမဲ့..ချီးဆိုတာမျိုးက တစ်​စက်​ဆိုလည်း..ချီးကချီးပါပဲ.. သန့်​စင်​​နေတဲ့ ​ရေဖန်​ခွက်​တစ်​ခွက်​ထဲကို ချီး​လေး တစ်​စက်​ပဲထည့်​ပါမယ်​တဲ့..ဘယ်​သူ​သောက်​​တော့မှာလဲ ​တွေးကြည့်​ပါ.. မြန်​မာ​တွေ နိုင်​ငံတကာမှာ မျက်​နှာငယ်​ရတာ..အဲဒီ ချီးလိုလူ​တွေ​ကြောင့်​ ပါပဲ​လေ..




တွေ့တဲ့​နေရာ အမှိုက်​မပစ်​ပါနဲ့..တံ​တွေး​မ​ထွေးပါနဲ့ ဘယ်​​နေရာမှာ ဖြစ်​ဖြစ်​တန်းစီပါ.. အမျါးသုံးအိမ်​သာတက်​ပြီး​ရေဆွဲချပါ.. မလိုအပ်​ဘဲ လူအများ​ရှေ့.. စကား​တွေ ကျယ်​​လောင်​ ကျယ်​​လောင်​မ​ပြောပါနဲ့.. ကိုယ်ေ​ရာက်​​နေတဲ့ေ​နရာက ချမှတ်​ထားတဲ့ စည်းကမ်း​တွေကို သိ​အောင်​လုပ်​ပါ.. လိုက်​နာပါ.. ​နောက်​က ဝင်​လာမဲ့သူရှိ​နေရင်​ တံခါးကို ဆက်​ကိုင်​​ပေးထားလိုက်​ပါ.. ကိုယ့်​​ဘေးပတ်​ဝန်းကျင်​က လူ​တွေ ကိုယ့်​ကြောင့် စိတ်​ အ​နှောက်​အယှက်​မဖြစ်​​အောင်​ ​နေပါ.. ဒီအပြုအမူ​တွေဟာ..လုပ်​လိုက်​ရလို့ ဘာမှမပင်​ပန်းသလို ဂုဏ်​သိက္ခာကျတဲ့ ကိစ္စ​တွေလည်းမဟုတ်​ပါဘူး.. လူ့ကျင့်​ဝတ်​ဆိုတာ အ​ခြေခံကစပြီး ​လေ့ကျင့်​​ပြောင်းလဲ ယူရမှာပါ။


မွန်​​ဟော်​စီ ၂၀၁၉ စက်​တင်​ဘာ (လေးစားမှုဖြင့် ခရက်ဒစ်)