(၂)ႏွစ္အရြယ္ ကေလးမေလး ေပါင္မုန္႔နင္ၿပီး ေသဆုံး မိဘေတြ အထူးသတိထားသင့္

2019-09-07 20:42:04


(၂)ႏွစ္အရြယ္ ကေလးမေလး ေပါင္မုန္႔နင္ၿပီး ေသဆုံး မိဘေတြ အထူးသတိထားသင့္

ကေလးေတြဟာ အစာအမာေတြထက္၊ အစာခပ္ေပ်ာ့ေပ်ာ့ေတြကိုသာ ခြံ႕ေကြ်းသင့္ပါတယ္။ ေပါင္မုန္႔တုိ႔ ဘီစကစ္တုိ႔ဟာ လူႀကီးေတြ စားရင္ေတာင္မွ နင္တတ္တာမ်ိဳးပါ။ ဒီေတာ့ ေပါင္မုန္႔ေတြ ဘီစကစ္ေတြကို ကေလးအသက္ (၆)ႏွစ္ေက်ာ္ေလာက္မွ ခြံ႔ေကၽြးသင့္ေၾကာင့္ ေဒါက္တာတစ္ဦးက အႀကံျပဳထားတယ္လို႔ World Of Buzz သတင္းမွာေဖာ္ျပထားပါတယ္။


အခုလည္း (၂)ႏွစ္အရြယ္ ကေလးမေလးတစ္ဦးဟာ ကေလးထိန္းအမ်ိဳးသမီးရဲ႕ေနအိမ္မွာ ေပါင္မုန္႔ခြံ႔ေကၽြးစဥ္ မေတာ္တဆနင္ၿပီး၊ သတိလစ္လဲက်သြားပါေတာ့တယ္။ ဒီအျဖစ္အပ်က္ဟာ ဇူလုိင္(၁)ရက္ Selayang မွာ ျဖစ္ပ်က္ခဲ့တာပါ။ ကေလးမေလးဟာ သတိလည္မလာတာေၾကာင့္-




အဲဒီေန႔ မနက္ (၁၀)နာရီမွာ Hospital Selayang ေဆး႐ုံကို ပုိ႔ေပးခဲ့ပါတယ္။ ကေလးမေလးဟာ အသက္႐ႈလမ္းေၾကာင္း ပိတ္စုိ႔ကာ ေအာက္ဆီဂ်င္ျပတ္ေတာက္သြားတာေၾကာင့္ ဦးေႏွာက္နဲ႔ ကိုယ္တြင္းအဂၤါေတြ အလုပ္မလုပ္ေတာ့ဘဲ ေနာက္ထပ္ (၄)ရက္အၾကာမွာ ေသဆုံးသြားခဲ့ပါတယ္။


Gombak အေျခစုိက္ရဲတပ္ဖြဲ႕မွ ရဲခ်ဳပ္လည္းျဖစ္၊ ဒုတိယ ေကာ္မရွင္နာအျဖစ္လည္း ေဆာင္ရြက္ေနတဲ့ Samsor Maarof က ဆရာဝန္ေတြရဲ႕ ေဆးစာအရ ကေလးမေလးရဲ႕ လည္ေခ်ာင္းထဲမွာ ေပါင္မုန္႔အပုိင္းအစတစ္ခု ေတြ႕ရတယ္လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။




ဒီအမႈကိုေတာ့ ကေလးသူငယ္အက္ဥပေဒ ပုဒ္မ(၃၁)(၁) အပိုဒ္ခြဲ(a)နဲ႔ အမႈဖြင့္အေရးယူထားေၾကာင္း သိရပါတယ္။ ကေလးမေလးရဲ႕အမည္၊ ကေလးထိန္း၊ မိဘေတြရဲ႕အမည္ကိုေတာ့ World Of Buzz သတင္းမွာ ေဖာ္ျပထားျခင္းမရွိပါဘူး။ ဒီသတင္းေလးက ကေလးေတြကုိ ေပါင္မုန္႔ကဲ့သုိ႔ နင္ေစႏုိင္တဲ့ အစားအစာေတြ မခြံ႔သင့္ဘူးဆုိတာ ျမင္သာေစမွာပါ။


လင္းေဇာ္ကို (D Khit NaeMedia)


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ကလေးတွေဟာ အစာအမာတွေထက်၊ အစာခပ်ပျော့ပျော့တွေကိုသာ ခွံ့ကျွေးသင့်ပါတယ်။ ပေါင်မုန့်တို့ ဘီစကစ်တို့ဟာ လူကြီးတွေ စားရင်တောင်မှ နင်တတ်တာမျိုးပါ။ ဒီတော့ ပေါင်မုန့်တွေ ဘီစကစ်တွေကို ကလေးအသက် (၆)နှစ်ကျော်လောက်မှ ခွံ့ကျွေးသင့်ကြောင့် ဒေါက်တာတစ်ဦးက အကြံပြုထားပါတယ်။


အခုလည်း (၂)နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ ကလေးထိန်းအမျိုးသမီးရဲ့နေအိမ်မှာ ပေါင်မုန့်ခွံ့ကျွေးစဉ် မတော်တဆနင်ပြီး၊ သတိလစ်လဲကျသွားပါတော့တယ်။ ဒီအဖြစ်အပျက်ဟာ ဇူလိုင်(၁)ရက် Selayang မှာ ဖြစ်ပျက်ခဲ့တာပါ။ ကလေးမလေးဟာ သတိလည်မလာတာကြောင့်-


အဲဒီနေ့ မနက် (၁၀)နာရီမှာ Hospital Selayang ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ကလေးမလေးဟာ အသက်ရှုလမ်းကြောင်း ပိတ်စို့ကာ အောက်ဆီဂျင်ပြတ်တောက်သွားတာကြောင့် ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့ဘဲ နောက်ထပ် (၄)ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။


Gombak အခြေစိုက်ရဲတပ်ဖွဲ့မှ ရဲချုပ်လည်းဖြစ်၊ ဒုတိယ ကော်မရှင်နာအဖြစ်လည်း ဆောင်ရွက်နေတဲ့ Samsor Maarof က ဆရာဝန်တွေရဲ့ ဆေးစာအရ ကလေးမလေးရဲ့ လည်ချောင်းထဲမှာ ပေါင်မုန့်အပိုင်းအစတစ်ခု တွေ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။


ဒီအမှုကိုတော့ ကလေးသူငယ်အက်ဥပဒေ ပုဒ်မ(၃၁)(၁) အပိုဒ်ခွဲ(a)နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ ကလေးမလေးရဲ့အမည်၊ ကလေးထိန်း၊ မိဘတွေရဲ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဒီသတင်းလေးက ကလေးတွေကို ပေါင်မုန့်ကဲ့သို့ နင်စေနိုင်တဲ့ အစားအစာတွေ မခွံ့သင့်ဘူးဆိုတာ မြင်သာစေမှာပါ။


လင်းဇော်ကို (D Khit Nae Media)