ျမဝတီတြင္ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတုမ်ား ဖမ္းမိ

2019-09-07 20:40:20


ျမဝတီတြင္ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတုမ်ား ဖမ္းမိ

ထုိင္း-ျမန္မာ နယ္စပ္ရွိ ျမဝတီၿမိဳ႕တြင္ စက္တင္ဘာ ၆ ရက္ေန႔က အမ်ိဳးသားတစ္ဦးထံမွ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတုမ်ာ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။


ဖမ္းမိသူ ထြန္းခုိင္(၃၃)ႏွစ္မွာ အခင္းျဖစ္ေန႔ နံနက္ပုိင္းက ျမဝတီၿမိဳ႕၊ (၁) ရပ္ကြက္၊ သဇင္လမ္းတြင္ လမ္းေလွ်ာက္လာစဥ္ ရဲတပ္ဖြဲ႔က ၎အား တားဆီးစစ္ေဆးခဲ့ရာ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတု ၇၀ ရြက္ကုိ ေတြ႔ရွိသိမ္းဆည္းရမိခဲ့သည္။


ယင္းေနာက္ ထြန္းခုိင္တည္းခိုေနေသာ အခန္းကုိ ဝင္ေရာက္ရွာေဖြစစ္ေဆးရာ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတု ၇၀ ရြက္ကုိ ထပ္မံသိမ္းဆည္းရမိခဲ့ၿပီးေနာက္ ၎ေဈးဝယ္ခဲ့သည့္ ကြမ္းယာဆုိင္မွ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတု ႏွစ္ရြက္ကုိ သိမ္းဆည္းခဲ့သည္။




ေငြစကၠဴအတုမ်ားကုိ လက္ဝယ္ကုိင္ေဆာင္အသံုးျပဳခဲ့သူ ထြန္းခုိင္အား ျမဝတီၿမိဳ႕မရဲစခန္းမွ (ပ)၁၀၁၈/၂၀၁၉၊ ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အမႈဖြင့္ အေရးယူထားၿပီး က်န္ကြင္းဆက္ တရားခံမ်ားကုိ ထပ္မံေဖာ္ထုတ္အေရးယူႏုိင္ရန္ စစ္ေဆးလ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။


Credit: The Voice


Unicode


ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီမြို့တွင် စက်တင်ဘာ ၆ ရက်နေ့က အမျိုးသားတစ်ဦးထံမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတုမျာ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖမ်းမိသူ ထွန်းခိုင်(၃၃)နှစ်မှာ အခင်းဖြစ်နေ့ နံနက်ပိုင်းက မြဝတီမြို့၊ (၁) ရပ်ကွက်၊ သဇင်လမ်းတွင် လမ်းလျှောက်လာစဉ် ရဲတပ်ဖွဲ့က ၎င်းအား တားဆီးစစ်ဆေးခဲ့ရာ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၇၀ ရွက်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။


ယင်းနောက် ထွန်းခိုင်တည်းခိုနေသော အခန်းကို ဝင်ရောက်ရှာဖွေစစ်ဆေးရာ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၇၀ ရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီးနောက် ၎င်းဈေးဝယ်ခဲ့သည့် ကွမ်းယာဆိုင်မှ တစ်သောင်းကျပ်တန် ငွေစက္ကူအတု နှစ်ရွက်ကို သိမ်းဆည်းခဲ့သည်။


ငွေစက္ကူအတုများကို လက်ဝယ်ကိုင်ဆောင်အသုံးပြုခဲ့သူ ထွန်းခိုင်အား မြဝတီမြို့မရဲစခန်းမှ (ပ)၁၀၁၈/၂၀၁၉၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး ကျန်ကွင်းဆက် တရားခံများကို ထပ်မံဖော်ထုတ်အရေးယူနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


Credit: The Voice