တရားစွဲခံထားရတဲ့ ကြက်ဖကြီး တရားရုံးဆုံးဖြတ်ချက်ဖြင့် အနိုင်ရ

2019-09-07 20:34:00


တရားစွဲခံထားရတဲ့ ကြက်ဖကြီး တရားရုံးဆုံးဖြတ်ချက်ဖြင့် အနိုင်ရ

တွန်သံဆူညံလွန်း​တာ​ကြောင့်​ နားညည်းပြီးအိပ်​​​ရေးပျက်​​စေတယ်​ ဆိုတဲ့အ​ကြောင်းပြချက်​နဲ့ အိမ်​နီးနားချင်း အငြိမ်းစားစုံတွဲရဲ့ တရားစွဲဆိုခြင်းခံ​​​ခဲ့ရတဲ့ ပြင်​သစ်​ကြက်​ဖကြီး ​မောရစ်​ဟာ လူအများရဲ့​ထောက်​ခံအား​ပေးမှုနဲ့ အကာအကွယ်​​ပေးမှုကိုရရှိခဲ့ပြီး တရားရုံးမှာ အနိုင်ရတာကြောင့် ​မောရစ်​ရဲ့တွန်​သံကို ပြင်​သစ်​​ကျေးလက်​က Oleron ကျွန်း​ပေါ်မှာ ဆက်​လက်​ပြီးကြား​နေရ​တော့မှာ ဖြစ်​တယ်​လို့ BBC သတင်းရဲ့​ဖော်​ပြမှု​မှာ​တွေ့ခဲ့ရပါတယ်​။


Oleron ကျွန်း​ပေါ်မှာ အိမ်​ဝယ်​ပြီး အပန်း​ဖြေ​လာ​ရောက်​​နေထိုင်​​နေတဲ့ စုံတွဲဟာ နားမခံသာ​အောင်​ ကျယ်​​လောင်​လွန်းပြီး ဆူညံလွန်းတဲ့ ​​မောရစ်​ရဲ့ကြက်​တွန်​သံ​ကြောင့်​ တရားစွဲဆိုခဲ့ကြတာဖြစ်​​ကြောင်း BBC ရဲ့ သတင်းမှာပါဝင်​ခဲ့ပါတယ်​။


ပြီးခဲ့တဲ့ စက်​တင်​ဘာလ ၅ ရက်​​နေ့မှာ ​ကြက်​ဖကြီး​မောရစ်​ကို အနိုင်​​ပေးပြီး ဆက်​တွန်​ခွင့်​ပြုလိုက်​​ကြောင်း တရားရုံးက စဉ်းစားဆုံးဖြတ်​ခဲ့တာဖြစ်​တယ်​လို့ BBC သတင်းမှာ​ဖော်​ပြခဲ့ပြီး တရားစွဲဆိုခဲ့တဲ့ တရားလိုအငြိမ်းစားစုံတွဲကိုလဲ Oleron ကျွန်းမှာ ၃၅ နှစ်​ကြာ​နေထိုင်​လာသူဖြစ်​တဲ့ ကြက်​ဖကြီးပိုင်​ရှင် မစ္စ Fesseau ထံ တရားစရိတ်​​လျော်​ကြေး ​အဖြစ်​ ​ဒေါ်လာ ၁၁၀၀ ​ပေး​ချေဖို့ ဆုံးဖြတ်​ချက်​ချမှတ်​ခဲ့တာဖြစ်​ပါတယ်​။




လွန်​ခဲ့တဲ့လပိုင်း​လေးအ​တွင်းကစပြီး ​ခေါင်းစီးသတင်းကြီးဖြစ်​ခဲ့တဲ့ ကြက်​ဖတွန်​လို့ တရားစွဲဆိုခံရမှုဟာ နာမည်​​ကျော်​ကြား​နေခဲ့ပြီး လူအများ စိတ်ဝင်စားမှုမြင့်​တက်​​စေခဲ့တာဖြစ်​ပါတယ်​။


ဒါအပြင်​ ကြက်​တွန်​တာဟာ သဘာဝ​ကျေးလက်​​ဒေသရဲ့အနှစ်​သာရဖြစ်​တာ​ကြောင့်​ ​မောရစ်​ဘက်​က ရပ်​တည်​​ထောက်​ခံကြတဲ့ ကြက်​ပိုင်​ရှင်​​တွေလဲ ရှိလာခဲ့သလို ​မောရစ်​ရဲ့ပိုင်​ရှင်​ဖြစ်​သူကလည်း ကြက်​တွန်​ခြင်းဟာ သဘာဝကိစ္စတစ်​ခုသာဖြစ်​​ကြောင်း၊ ကြက်​ကို မတွန်​ခိုင်းတာကမှ ယုတ္တိမကျတဲ့ကိစ္စဖြစ်​​​​ကြောင်း ဆိုခဲ့ပြီး လူဦး​ရေ တသိန်း​လေး​သောင်း​ကျော်​ကလည် အွန်​လိုင်းက​နေတဆင့်​ ကြက်ဖကြီး မောရစ်အတွက် ​လက်မှတ်ထိုးပြီး မောရစ်ကို အကာအကွယ်ပေး​ထောက်ခံ​ခဲ့ကြတာပါ။


EFIL-ApannPyay