ရက်ပေါင်းများစွာ အကိုအရင်းနှစ်ယောက်ရဲ့မုဒိန်းကျင့်မှုကိုခံခဲ့ရတဲ့ ၁၃ နှစ်သမီးလေး

2019-09-07 20:31:51


ရက်ပေါင်းများစွာ အကိုအရင်းနှစ်ယောက်ရဲ့မုဒိန်းကျင့်မှုကိုခံခဲ့ရတဲ့ ၁၃ နှစ်သမီးလေး

မောင်နှမတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဖော်ရအောင်၊ကူညီကာကွယ်စောင့်ရှောက်ရအောင် မိဘကပေးတဲ့လက်ဆောင်လေးပါ။ ညီမလေးကိုတော့ ဒီလိုအကိုနှစ်ယောက်မရစေချင်ပါဘူး။ ရဲတွေကထိုညီအကိုနှစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ညီအကိုနှစ်ဦးဟာ ညီမအရင်းလေးကို နေ့ရက်တိုင်းနီးပါး အတူအိပ်ခိုင်းစေခဲ့ကြောင်း Worldofbuzz သတင်းဌာနမှာ ဖော်ပြသွားခဲ့ပါတယ်။




သနားစရာသမီးငယ်လေးဟာ ခုဆိုရင်အသက် ၁၃ နှစ်နဲ့ ကိုယ်ဝန်လွယ်ထားရပါပြီ။ အကိုဖြစ်သူတွေက တစ်ယောက်က အသက် ၁၇ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အသက် ၁၉ နှစ်ဖြစ်ကြောင်း သိရပါတယ်။ ကိစ္စတွေပေါ်သွားရတဲ့အကြောင်းကတော့ သမီးငယ်လေးဟာ ဗိုက်ထဲမှာအောင့်ကြောင်း မိဘတွေကိုပြောပြီး ဆေးရုံပြကြည့်ရင်း ကိုယ်ဝန်ရှိနေတာကို သိခဲ့ရတာဖြစ်ကြောင်း ဆက်လက်ဖော်ပြထားခဲ့ပါတယ်။


ကိုယ်ဝန်ကတော့ ၃၆ ပတ်ကျော်ရှိနေခဲ့ကြောင်း ဆေးရုံကအတည်ပြုပေးခဲ့ပါတယ်။ သမီးလေးကို စစ်ဆေးမေးမြန်းကြည့်မှ ဒီလိုပြုမူနေတာ လွန်ခဲ့တဲ့ 2017 ကတည်းကဖြစ်ကြောင်း၊ သူတို့မိသားစု Pahang က Kuantan မှာနေတည်းက ဒီလိုလုပ်ခဲ့ကြောင်း အဖြေများထွက်လာခဲ့ကြောင်း Worldofbuzz သတင်းဝက်ဘ်ဆိုက်က ထပ်မံဖော်ပြသွားခဲ့ပါတယ်။




အသက် ၁၃ နှစ်အရွယ်သမီးငယ်လေးဟာ လွန်ခဲ့တဲ့မေလ သူမကိုယ်ဝန်ရှိမှန်းမသိခင်ကတည်းက အကိုနှစ်ယောက်ရဲ့ မုဒိန်းကျင့်မှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတာဖြစ်ပါတယ်။ သိပ်ကိုရက်စက်လွန်းပါတယ်။ သမီးငယ်လေးရဲ့စိတ်အခြေအနေအတွက် တကယ်စိတ်မကောင်းပါဘူး။


San Htet Wai-ApannPyay(အပန်းပြေ)