ဒေသခံ ခုနစ်ဦး သေဆုံးမှုနဲ့ တပ်မတော်သား နှစ်ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ် ၂၀ ချမှတ်

2019-09-07 14:10:39


ဒေသခံ ခုနစ်ဦး သေဆုံးမှုနဲ့ တပ်မတော်သား နှစ်ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ် ၂၀ ချမှတ်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဧပြီလက ဒေသခံ ၇ ဦး သေဆုံးမှုနဲ့ပတ်သက်လို့ တပ်မတော်သား နှစ်ဦးကို စစ်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ စီချမှတ်လိုက်ပါတယ်။


ဧပြီလ ၅ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာမှာရှိတဲ့ တပ်စခန်းမှာ ရိက္ခာလာထုတ်တဲ့ တပ်မတော်သား ၂ ဦးက သေနတ်နဲ့ ပစ်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။