ခြံထဲဝင်လာတဲ့ သခင်ကို ပြန်ကိုက်သတ်ခဲ့တဲ့ ခြင်္သေ့တွေကို ပစ်သတ်နှိမ်နင်း

2019-09-07 14:01:35


ခြံထဲဝင်လာတဲ့ သခင်ကို ပြန်ကိုက်သတ်ခဲ့တဲ့ ခြင်္သေ့တွေကို ပစ်သတ်နှိမ်နင်း

ခြင်္သေ့လူသားလို့ သူ့နယ်မှာ ကျော်ကြားတဲ့ လီယွန်ဟာ ကံဆိုးချင်တော့ ခြင်္သေ့တွေကြောင့်ပဲ အသက်ပေးခဲ့ရပါပြီ။ သူကတော့ ယုံယုံကြည်ကြည်ပဲ ခြင်္သေ့တွေကို ချစ်ခင်ခဲ့တာ ဖြစ်ပေမဲ့ အရိုင်းစိတ်ပေါက်လာတဲ့ ခြင်္သေ့တွေကတော့ သခင်မှန်းဘာမှန်းမသိခဲ့ပါဘူး။


ခြင်္သေ့တွေကို လာကြည့်လိုရအောင် သေသေချာချာလေးလုပ်ပေးထားတဲ့ လီယွန်ဟာ တောင်အာဖရိကမှာ ခြင်္သ့တွေနဲ့ နေလာတာ သူ့တစ်သက်ပါပဲ။ အသက် (၇၀)အရွယ် သူ့အနေနဲ့ သံယောဇဉ်တွယ်စရာလည်း မရှိတဲ့နောက် လီယွန်တစ်ယောက် ခြင်္သေ့တွေကိုပဲ အချစ်ပိုခဲ့ပါတယ်။ တစ်ရက်မှာတော့ ခြင်္သေ့တွေကို လာကြည့်တဲ့သူတစ်ဦးက သစ်သားတွေ ကျိုးနေတာတွေ့တယ်လို့ ပြောခဲ့ပါတယ်။




လီယွန်ကလည်း အေးအေးလူလူ ၀င်သွားပြီး၊ သူ့အလုပ်ကို လုပ်ဖို့ပြင်ဆင်လိုက်ချိန်မှာ တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ပါတယ်။ နောက်ပြန်လှည့်ပြီး ပြန်ထွက်ပြေးဖို့ အလုပ်မှာ အပေါက်ဝက တစ်ကောင်စောင့်နေပြီး၊ သုံးကောင်းလုံးက လီယွန်ကို ၀င်ကိုက်ပါတော့တယ်။ လည်ပင်း၊ ရင်ဘတ်၊ လက်၊ ခြေထောက်အကုန်လုံးရစရာမရှိတဲ့အကိုက်ခံနေရချိန် လုံခြုံရေးတွေက သေနတ်ရှိနေပေမဲ့အခွင့်မသာခဲ့ပါဘူး။




နောက်တော့ မရမက ၀င်ပစ်ခဲ့ပြီး၊ အသေသတ်ပစ်ခဲ့ချိန်မှာ လီယွန်တစ်ယောက်ကတော့ နောက်ကျသွားခဲ့ပါပြီ။ နေရာမှာတင် ခြင်္သေ့သုံးကောင် ကိုက်အားနဲ့ အသက်ပေးခဲ့ရပြီး၊ သူချစ်တဲ့ အကောင်းတွေက သခင်ကို ပြန်သတ်သွားတာပါ။ ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူတွေကတော့ သူတို့အနေနဲ့ အရမ်းကို အံ့သြခဲ့ရသလို လီယွန်ဟာ ခြင်္သေ့တွေနဲ့ ရင်းရင်းနှီးနှီ်းနေနိုင်သူပါလို့ ဆိုထားပါတယ်။




လက်ရှိအချိန် ဒီအဖြစ်အပျက်ကို ဖြစ်ပွားအပြီးမှာ ပိုင်ရှင်က တိရစ္ဆာန်ရုံနဲ့ အသေတွေအားလုံးကို ရောင်းချပြီး၊ အနားယူတော့မယ်လို့ဆိုပါတယ်။ လီယွန်သေဆုံးခဲ့မှုကို အားလုံးက အံ့သြနေပြီး၊ ယဉ်ပါတဲ့ ခြေင်္သ့တွေဟာ သခင်ကိုတောင် အဲဒီလို ပြန်သတ်ကြလားလို့ မေးခွန်းထုတ်နေကြပါတယ်။