ကေလးလိင္မႈနဲ႔ စြပ္စြဲခံခဲ့ရသူကုိ ေထာင္ႏွစ္(၉၀)အစား ရက္(၁၈၀)သာ ခ်မွတ္ခံခဲ့လုိ႔ ေဝဖန္မႈျမင့္တက္

2019-09-07 13:37:35


ကေလးလိင္မႈနဲ႔ စြပ္စြဲခံခဲ့ရသူကုိ ေထာင္ႏွစ္(၉၀)အစား ရက္(၁၈၀)သာ ခ်မွတ္ခံခဲ့လုိ႔ ေဝဖန္မႈျမင့္တက္

မိန္းကေလးငယ္တစ္ဦးကို ႏွစ္ေပါင္မ်ားစြာၾကာေအာင္ လိင္ပိုင္းဆိုင္ရာ ျပဳက်င့္မႈနဲ႔ ႏွိပ္စက္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ အမ်ိဳးသားတစ္ဦးဟာ စြပ္စဲခံရတဲ့အမႈေတြနဲ႔ ကင္းလြတ္ျပီး၊ ရက္ပိုင္းေလာက္ပဲက်ခံရမယ့္ ျပစ္ဒဏ္ကို ေျပာင္းလဲခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။


အသက္ (၂၆)ႏွစ္ရွိျပီျဖစ္တဲ့ ဆီယန္ ၀စ္ဖလာဆိုတဲ့ အမ်ိဳးသားဟာ သူ႕ထက္ အသက္ (၁၃)ႏွစ္ေလာက္ငယ္တဲ့ ေကာင္မေလးတစ္ေယာကိုႏွစ္ေတာ္ေတာ္ၾကာေအာင္ ကေလးသူငယ္လိင္ပိုင္းဆိုင္ရာ ျပစ္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔ တရားလိုက တရားစြဲဆိုခဲ့ပါတယ္။ ပုဒ္မ (၃)ခုနဲ႔ တရားစြဲခဲ့တာျဖစ္ျပီး၊ တစ္ခုခ်င္းစီဟာ ႏွစ္(၃၀)ေလာက္က်ခံရမယ့္ပုဒ္မေတြျဖစ္တဲ့အတြက္ ႏွစ္ေပါင္း (၉၀)အထိ က်ခံရမွာပါ။




အျပစ္ရွိတယ္လို႔ ဆံုျဖတ္ခဲ့ျပီးေနာက္ တကယ္တမ္းျပစ္ဒဏ္ခ်မွတ္ခ်ိန္မွာေတာ့ ႏွစ္ (၉၀)အစား ရက္ေပါင္း (၁၈၀)ပဲ ေျပာင္းလဲခ်မွတ္ခံခဲ့ရျပီး၊ အမႈကိုစိတ္၀င္တစားေစာင့္ၾကည္႔ေနသူေတြအၾကား ေ၀ဖန္မႈျမင့္တက္ခဲ့ပါတယ္။ ျပစ္ဒဏ္က (၁၈၀)ရက္ ေထာင္ထဲ၀င္ရမွာျဖစ္ျပီး၊ (၄)ႏွစ္တာေစာင့္ၾကည္႔ကာလနဲ႔ ေနရမွာပါ။ စြဲခ်က္ကိုေတာ့ လိင္ပိုင္းဆိုင္ရာျပဳက်င့္ရန္ ၾကိဳးစားမႈနဲ႔ပါ။



အမိန္႔ခ်ခဲ့သည္႔ အေမရိကန္ အယ္လင္ႏိြဳက္စ္တရားရံုး

ဒီထဲမွာမွ တရားရင္ဆိုင္ေနရစဥ္ကာလျဖစ္တဲ့ ရက္ေပါင္း (၇၀)က (၁၈၀)ထဲက ႏႈတ္ဦးမွာ ျဖစ္လို႔ (၃)လေက်ာ္ေထာင္က်ျပီးတာနဲ႔ ျပန္ထြက္လာမွာျဖစ္ပါတယ္။ စြပ္စြဲခဲ့တဲ့ ကာယကံရွင္ဖက္ကိုေတာ့ ဥပေဒေၾကာင္းအရ မေဖာ္ျပခဲ့ဘဲ သူ႕ထက္ အသက္ (၁၃)ႏွစ္ေလာက္ငယ္တယ္လို႔ပဲ သတင္းမွာေဖာ္ျပထားတာပါ။ ၀စ္ဖလာရဲ႕ေရွ႕ေနကေတာ့ သူ႕အမႈသည္ဟာ အရင္က ဘယ္လိုျပစ္မႈမွမရွိတဲ့အတြက္ ေစာင့္ၾကည္႔ခံရတာေတာင္ ေတာ္သင့္ေနျပီလို႔ ဆုိပါတယ္။


လက္ရွိမွာ ေ၀ဖန္မႈေတြ ဆက္တိုက္ျမင့္တက္ေနျပီး၊ အနည္းဆံုး ပုဒ္မတစ္ခုနဲ႔ ႏွစ္ရွည္ေထာင္က်သင့္ေၾကာင္းကို ျပည္သူေတြက အမ်ိဳးမ်ိဳးေျပာဆိုေနၾကပါတယ္။


သူေရး (D Nae Khit)


Unicode


ကလေးလိင်မှုနဲ့ စွပ်စွဲခံခဲ့ရသူကို ထောင်နှစ်(၉၀)အစား ရက်(၁၈၀)သာ ချမှတ်ခံခဲ့လို့ ဝေဖန်မှုမြင့်တက်


မိန်းကလေးငယ်တစ်ဦးကို နှစ်ပေါင်များစွာကြာအောင် လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုနဲ့ နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတစ်ဦးဟာ စွပ်စဲခံရတဲ့အမှုတွေနဲ့ ကင်းလွတ်ပြီး၊ ရက်ပိုင်းလောက်ပဲကျခံရမယ့် ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။


အသက် (၂၆)နှစ်ရှိပြီဖြစ်တဲ့ ဆီယန် ဝစ်ဖလာဆိုတဲ့ အမျိုးသားဟာ သူ့ထက် အသက် (၁၃)နှစ်လောက်ငယ်တဲ့ ကောင်မလေးတစ်ယောကိုနှစ်တော်တော်ကြာအောင် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားလိုက တရားစွဲဆိုခဲ့ပါတယ်။ ပုဒ်မ (၃)ခုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး၊ တစ်ခုချင်းစီဟာ နှစ်(၃၀)လောက်ကျခံရမယ့်ပုဒ်မတွေဖြစ်တဲ့အတွက် နှစ်ပေါင်း (၉၀)အထိ ကျခံရမှာပါ။


အပြစ်ရှိတယ်လို့ ဆုံဖြတ်ခဲ့ပြီးနောက် တကယ်တမ်းပြစ်ဒဏ်ချမှတ်ချိန်မှာတော့ နှစ် (၉၀)အစား ရက်ပေါင်း (၁၈၀)ပဲ ပြောင်းလဲချမှတ်ခံခဲ့ရပြီး၊ အမှုကိုစိတ်ဝင်တစားစောင့်ကြည့်နေသူတွေအကြား ဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။ ပြစ်ဒဏ်က (၁၈၀)ရက် ထောင်ထဲဝင်ရမှာဖြစ်ပြီး၊ (၄)နှစ်တာစောင့်ကြည့်ကာလနဲ့ နေရမှာပါ။ စွဲချက်ကိုတော့ လိင်ပိုင်းဆိုင်ရာပြုကျင့်ရန် ကြိုးစားမှုနဲ့ပါ။


ဒီထဲမှာမှ တရားရင်ဆိုင်နေရစဉ်ကာလဖြစ်တဲ့ ရက်ပေါင်း (၇၀)က (၁၈၀)ထဲက နှုတ်ဦးမှာ ဖြစ်လို့ (၃)လကျော်ထောင်ကျပြီးတာနဲ့ ပြန်ထွက်လာမှာဖြစ်ပါတယ်။ စွပ်စွဲခဲ့တဲ့ ကာယကံရှင်ဖက်ကိုတော့ ဥပဒေကြောင်းအရ မဖော်ပြခဲ့ဘဲ သူ့ထက် အသက် (၁၃)နှစ်လောက်ငယ်တယ်လို့ပဲ သတင်းမှာဖော်ပြထားတာပါ။ ဝစ်ဖလာရဲ့ရှေ့နေကတော့ သူ့အမှုသည်ဟာ အရင်က ဘယ်လိုပြစ်မှုမှမရှိတဲ့အတွက် စောင့်ကြည့်ခံရတာတောင် တော်သင့်နေပြီလို့ ဆိုပါတယ်။


လက်ရှိမှာ ဝေဖန်မှုတွေ ဆက်တိုက်မြင့်တက်နေပြီး၊ အနည်းဆုံး ပုဒ်မတစ်ခုနဲ့ နှစ်ရှည်ထောင်ကျသင့်ကြောင်းကို ပြည်သူတွေက အမျိုးမျိုးပြောဆိုနေကြပါတယ်။


သူရေး (D Nae Khit)