မွေးနေ့ပွဲမှာ လူလေးယောက်ရဲ့ရက်စက်စွာ မုဒိန်းကျင့်ခံရခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မိန်းကလေး

2019-09-07 12:35:45


မွေးနေ့ပွဲမှာ လူလေးယောက်ရဲ့ရက်စက်စွာ မုဒိန်းကျင့်ခံရခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မိန်းကလေး

သူမဟာမွေးနေ့ပွဲကို သူငယ်ချင်းဖြစ်သူတွေနဲ့ပျော်ရွှင်စွာကျင်းပဖို့ သူမရဲ့မြို့ဖြစ်တဲ့ Aurangabad မှမိုင်နှစ်ရာအကွာမှာရှိတဲ့မွန်ဘိုင်းနဲ့နီးတဲ့ အိမ်လေးတစ်အိမ်ကို သွားရောက်ခဲ့ရာကနေ ဒီလိုအဖြစ်ဆိုးမျိုးကြုံခဲ့ရကြောင်း Mirror သတင်းဝက်ဘ်ဆိုက်မှာ ဖြော်ပသွားခဲ့ပါတယ်။


ဂျူလိုင်လ ၇ ရက်နေ့ဟာသူမရဲ့ အသက် ၁၉ နှစ်မွေးနေ့အချိန်ခါလေးပါ။ ကိတ်ခွဲနေချိန်ထိသူမလုံခြုံသေးပေမယ့် ကိတ်ခွဲပြီးချိန်မှာတော့ သူမရဲ့ခင်ရပါသော သူငယ်ချင်းယောကျာ်းလေး ၄ ယောက်က သူမကို ခြိမ်းခြောက်ရိုက်နှက်ပြီး အလှည့်ကျမုဒိန်းကျင့်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားခဲ့ပါတယ်။


မိန်းကလေးက အရှက်ကြီးပြီး ဒီကိစ္စတွေကို ဘယ်သူ့ကိုမှမပြောခဲ့ပါဘူး။ သို့ပေမယ့် မိန်းကလေးမှာ အချိန်တော်ကြာ နှိပ်စက်ခံရမှုကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဒဏ်ရာပေါင်းများစွာ ရနေခဲ့ရပါပြီ။ ဒါ့ကြောင့် Aurangabad ကဆေးရုံတစ်ရုံမှာ သူမဟာဆေးခန်းပြရင်း သူမရဲ့ထိတ်လန့်စရာ အဖြစ်အပျက်အကြောင်းစုံကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။




သူမအနေနဲ့သူငယ်ချင်းတွေကို ယုံမိတာတစ်ကြောင်း၊ ပါတီဆိုတော့ မိန်းကလေးသူငယ်ချင်းတွေပါ လာရောက်မည်အထင်နဲ့ သွားခဲ့ပြီး ဟိုရောက်တော့ ယောကျာ်းလေးသူငယ်ချင်းလေးယောက်သာရှိနေကြောင်း၊ အစပိုင်းမှာ ကိတ်ခွဲနဲ့ပျော်ရွှင်စွာစကားပြောနေပေမယ့် ကိတ်ခွဲပြီးချိန်မှာ သူမကို အခန်းထဲကို ဝင်အောင်လှည့်စားခဲ့ကြောင်း၊ ပြီးနောက်လေးယောက်လုံးက သူမကို ချုပ်ကာအတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ Mirror သတင်းဌာနမှာ ဖော်ပြသွားခဲ့ပါတယ်။


ကံဆိုးစွာနဲ့ပဲ မိန်းကလေးငယ်လေးဟာ ပြင်းထန်တဲ့အတွင်းဒဏ်ရာတွေကြောင့် အခုတော့ သေဆုံးသွားခဲ့ရပြီလို့ သိရပါတယ်။ မိဘတွေကတော့ ဒီအမှုမပြီးသေးခင်ထိ သမီးငယ်လေးရဲ့ရုပ်အလောင်းကို ဓလေ့ရိုးရာအတိုင်း မသဂြိုလ်သေးဘူးလို့လည်း ပြောခဲ့ပါသေးတယ်။ မုဒိန်းမှုတွေဟာ အိန္ဒိယမှာ အလွန်ကို များပြားပြီး အဖြေရှင်းရဆုံး အမှုတွေပါပဲ။