ကိုယ်ဝန်ကို ချစ်သူက တာဝန်မယူနိုင်တဲ့ အပြင် သူ့အပေါင်းအသင်းများနဲ့ ဝိုင်းဝန်းရိုက်တာခံရတဲ့ ၁၈ နှစ်အရွယ် မိန်းကလေး

2019-09-07 12:34:53


ကိုယ်ဝန်ကို ချစ်သူက တာဝန်မယူနိုင်တဲ့ အပြင် သူ့အပေါင်းအသင်းများနဲ့ ဝိုင်းဝန်းရိုက်တာခံရတဲ့ ၁၈ နှစ်အရွယ် မိန်းကလေး

ဆယ်ကျော်သက်ဖြစ်တဲ့ ၁၈ နှစ်အရွယ်မိန်းကလေးဟာ ချစ်သူနဲ့လက်မထပ်ရသေးခင် အတူနေထိုင်ပေါင်းသင်းခဲ့ပြီး ယခုဆို ကိုယ်ဝန်ငါးလရှိနေပြီဖြစ်ကြောင်း The Star သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြသွားခဲ့ပါတယ်။ ဖြစ်ရပ်ကတော့ Setapak က ကောလိပ်ကျောင်းရဲ့အနောက်ဘက်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


ဖြစ်ချိန်ကတော့ စက်တင်ဘာလနှစ်ရက်နေ့၊ မနက် ၂ နာရီခွဲ တနင်္လာနေ့မှာ ဖြစ်ပါတယ်။ လူငယ်သုံးဦးဟာ မိန်းကလေးကို ကောလိပ်ရဲ့အနောက်ဘက်လမ်းကို ခေါ်ဆောင်သွားပြီး မာကျောတဲ့တုတ်တွေနဲ့ သုံးယောက်ဝိုင်းပြီး ကိုယ်ဝန်သည်မိန်းကလေးကို ရိုက်နှက်ခဲ့တာဖြစ်ကြောင်း စုံစမ်းရမှုများကို The Star မှာဆက်လက်ဖော်ပြသွားခဲ့ပါတယ်။




ကိုယ်ဝန်ကို မထိခိုက်ခဲ့ပေမယ့် မျက်နှာနဲ့ဘယ်ဘက်ကိုယ်တစ်ခြမ်းကတော့ ဒဏ်ရာများစွာနဲ့နာကျင်နေရပါတယ်။ သူမကို မိဘတွေက ဆေးရုံတင်လိုက်မှသာ သူမမှာ ကိုယ်ဝန်ငါးလလွယ်ထားရကြောင်း မိဘတွေအနေနဲ့ သိခဲ့ရတာပါ။ သူမဟာ ဒီကိုယ်ဝန်ကိစ္စကို သိသိချင်းကတည်းက ချစ်သူကောင်လေးကို တာဝန်ယူဖို့တောင်းဆိုနေခဲ့တာဖြစ်ကြောင်း ထပ်မံဖော်ပြထားခဲ့ပါတယ်။


သို့ပေမယ့် ချစ်သူကောင်လေးဘက်မှတာဝန်မယူနိုင်ကြောင်း ငြင်းပယ်ပြီး ခုလိုပြုမူခဲ့တာလို့ သိရပါတယ် ရဲတွေကတော့ သက်သေများရှာယူနေပြီး ရိုက်နှက်သူသုံးယောက်လုံးကိ ပြစ်မှုဥပဒေ ၃၂၄ နဲ့ထိန်းသိမ်းထားကြောင်း The Star သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ကြောင်းကို ApannPyay ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။


San Htet Wai-ApannPyay(အပန်းပြေ)