ခေလာက္ေျမြကိုက္လုိ႔ ဒုကၡိတျဖစ္ခဲ့ရရွာတဲ့ အေမရိကန္ သီခ်င္းအဆုိေတာ္

2019-09-07 12:31:21


ခေလာက္ေျမြကိုက္လုိ႔ ဒုကၡိတျဖစ္ခဲ့ရရွာတဲ့ အေမရိကန္ သီခ်င္းအဆုိေတာ္

အေမရိကန္နာမည္ႀကီး သီခ်င္းေရးဆရာ၊ ကဗ်ာဆရာ၊ အဆုိေတာ္ ဘက္စုံပညာရွင္ျဖစ္တဲ့ Mike Posner ဟာ ခေလာက္ေျမြကိုက္ခံရၿပီးေနာက္၊ အာ႐ုံေၾကာေတြ တုန္႔ဆုိင္းကုန္ၿပီး လမ္းေလွ်ာက္ႏုိင္ ျဖစ္ခဲ့ရပါတယ္။ Mike ဟာ အသက္(၃၁)ႏွစ္ ျဖစ္ၿပီး၊ အခုအခ်ိန္မွာ လမ္းျပန္ေလွ်ာက္ဖုိ႔ အေတာ္ႀကိဳးစားေနပါတယ္။


Mike ဟာ နယူးေယာက္ကေန ကယ္လီဖုိးနီးယားကို ေျခလွ်င္ေလွ်ာက္ခဲ့တာပါ။ ရည္ရြယ္ခ်က္ကေတာ့ ေသဆုံးသြားတဲ့ ရက္ပါအဆုိေတာ္ Mac Miller ကို ဂုဏ္ျပဳရင္း၊ ကြယ္လြန္သြားသူ ဖခင္ကိုလည္း ေအာင့္ေမ့တသလြမ္းစြတ္ေသာအားျဖင့္ စတင္ခဲ့တာ ျဖစ္ပါတယ္။




Mike ဟာ I Took A Pill In Ibiza သီခ်င္းနဲ႔ ကမာၻသိအႏုပညာရွင္ျဖစ္ခဲ့ၿပီး၊ မုိင္ေပါင္း (၁၆၃၀)အထိ ေလွ်ာက္ခဲ့ၿပီးမွ၊ လမ္းခရီးတစ္ဝက္မွာပဲ ကံဆုိးစြာ ခေလာက္ေျမြကိုက္ခံခဲ့ရတာပါ။ သူဟာ ကိုလုိရာဒိုနယ္စပ္အထိ ေရာက္ခဲ့ၿပီး၊ ျပင္းထန္တဲ့ အဆိပ္ေၾကာင့္ ခ်က္ခ်င္း အကူအညီ ေခၚခဲ့ရတာပါ။




သူ႕ကို ရဟတ္ယာဥ္နဲ႔ အျမန္ေခၚခဲ့ရၿပီး၊ ေျမြဆိပ္ေျဖေဆးထုိးတာ မိနစ္အနည္းငယ္ ေနာက္က်ခဲ့တာေၾကာင့္ အာ႐ုံေၾကာေတြ တုန္႔ဆုိင္းကုန္ပါေတာ့တယ္။ သူဟာ လမ္းေလွ်ာက္ျပန္သင္ေနရၿပီး၊ သူရဲ႕ အင္စတာဂရမ္မွာ ေနာက္တစ္ႀကိမ္ လမ္းေကာင္းေကာင္း ျပန္ေလွ်ာက္ခြင့္ကို မေစာင့္ႏုိင္ေတာ့ဘူးလုိ႔ ေရးထားပါတယ္။




သူဟာ တစ္ပတ္ၾကာ ခုတင္ထက္မွာ လဲေလွ်ာင္းေနခဲ့ရၿပီး၊ ျပင္းထန္တဲ့အဆိပ္ေၾကာင့္ အသက္မေသတာကိုပဲ ေက်းဇူးတင္ေနမိတယ္လုိ႔ ေျပာပါတယ္။ သူ႕ပရိသတ္ကလည္း အားအင္အသစ္ေတြနဲ႔ ျပန္လာမယ့္ Mike ကုိ ေမွ်ာ္ေနၾကၿပီး၊ အျမန္ဆုံး ေနေကာင္းေစဖုိ႔ ဆုေတာင္းစာေတြ ေရးပုိ႔ေနပါတယ္။


လင္းေဇာ္ကို (D Nae Thit & D Nae Khit)


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အမေရိကန်နာမည်ကြီး သီချင်းရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော် ဘက်စုံပညာရှင်ဖြစ်တဲ့ Mike Posner ဟာ ခလောက်မြွေကိုက်ခံရပြီးနောက်၊ အာရုံကြောတွေ တုန့်ဆိုင်းကုန်ပြီး လမ်းလျှောက်နိုင် ဖြစ်ခဲ့ရပါတယ်။ Mike ဟာ အသက်(၃၁)နှစ် ဖြစ်ပြီး၊ အခုအချိန်မှာ လမ်းပြန်လျှောက်ဖို့ အတော်ကြိုးစားနေပါတယ်။


Mike ဟာ နယူးယောက်ကနေ ကယ်လီဖိုးနီးယားကို ခြေလျှင်လျှောက်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ သေဆုံးသွားတဲ့ ရက်ပါအဆိုတော် Mac Miller ကို ဂုဏ်ပြုရင်း၊ ကွယ်လွန်သွားသူ ဖခင်ကိုလည်း အောင့်မေ့တသလွမ်းစွတ်သောအားဖြင့် စတင်ခဲ့တာ ဖြစ်ပါတယ်။


Mike ဟာ I Took A Pill In Ibiza သီချင်းနဲ့ ကမ္ဘာသိအနုပညာရှင်ဖြစ်ခဲ့ပြီး၊ မိုင်ပေါင်း (၁၆၃၀)အထိ လျှောက်ခဲ့ပြီးမှ၊ လမ်းခရီးတစ်ဝက်မှာပဲ ကံဆိုးစွာ ခလောက်မြွေကိုက်ခံခဲ့ရတာပါ။ သူဟာ ကိုလိုရာဒိုနယ်စပ်အထိ ရောက်ခဲ့ပြီး၊ ပြင်းထန်တဲ့ အဆိပ်ကြောင့် ချက်ချင်း အကူအညီ ခေါ်ခဲ့ရတာပါ။


သူ့ကို ရဟတ်ယာဉ်နဲ့ အမြန်ခေါ်ခဲ့ရပြီး၊ မြွေဆိပ်ဖြေဆေးထိုးတာ မိနစ်အနည်းငယ် နောက်ကျခဲ့တာကြောင့် အာရုံကြောတွေ တုန့်ဆိုင်းကုန်ပါတော့တယ်။ သူဟာ လမ်းလျှောက်ပြန်သင်နေရပြီး၊ သူရဲ့ အင်စတာဂရမ်မှာ နောက်တစ်ကြိမ် လမ်းကောင်းကောင်း ပြန်လျှောက်ခွင့်ကို မစောင့်နိုင်တော့ဘူးလို့ ရေးထားပါတယ်။


သူဟာ တစ်ပတ်ကြာ ခုတင်ထက်မှာ လဲလျှောင်းနေခဲ့ရပြီး၊ ပြင်းထန်တဲ့အဆိပ်ကြောင့် အသက်မသေတာကိုပဲ ကျေးဇူးတင်နေမိတယ်လို့ ပြောပါတယ်။ သူ့ပရိသတ်ကလည်း အားအင်အသစ်တွေနဲ့ ပြန်လာမယ့် Mike ကို မျှော်နေကြပြီး၊ အမြန်ဆုံး နေကောင်းစေဖို့ ဆုတောင်းစာတွေ ရေးပို့နေပါတယ်။


လင်းဇော်ကို (D Nae Thit & D Nae Khit)