“ေဖ်ာ္ေျဖေရးနဲ႔ ေၾကာ္ျငာေလးနဲ႔တင္ ထိုင္စားေနရတယ္” သ႐ုပ္ေဆာင္ျဖဴျဖဴေထြး

2019-09-07 11:06:01


“ေဖ်ာ္ေျဖေရးနဲ႔ ေၾကာ္ျငာေလးနဲ႔တင္ ထိုင္စားေနရတယ္” သ႐ုပ္ေဆာင္ျဖဴျဖဴေထြး

“ေဖ်ာ္ေျဖေရးနဲ႔ ေၾကာ္ျငာေလးနဲ႔တင္ ထိုင္စားေနရတယ္။ သူတို႔က ကၽြန္ေတာ့္ကို လာငွားရင္ ကုသိုလ္ရတယ္”


သ႐ုပ္ေဆာင္ျဖဴျဖဴေထြးနဲ႔ ေတြ႔ဆံုခိုက္ လက္ရွိ အႏုပညာလႈပ္ရွားမႈအေၾကာင္း၊ အႏုပညာေၾကးေဈးႀကီးတဲ့အေၾကာင္းနဲ႔ မင္းသမီးလုပ္ေတာ့မလား စသည့္ အေၾကာင္းအရာမ်ားကို ေမးျမန္းထားပါတယ္။


Voice : ျဖဴျဖဴေထြးရဲ႕ လက္ရွိအႏုပညာလႈပ္ရွားမႈအေၾကာင္း ေျပာပါဦး။


PPH : လက္ရွိကေတာ့ ေၾကာ္ျငာေတြပဲ ႐ိုက္ျဖစ္ေနတယ္။ နယ္ပြဲေတြ ေဖ်ာ္ေျဖဖို႔ရယ္၊ ဇာတ္ကားေတြ ႐ိုက္ကူးဖို႔ အမ်ားႀကီးပဲရွိတယ္။ ေနာက္ပိုင္းမွာက ေၾကာ္ျငာလာအပ္တာ မ်ားတယ္။ အရင္ကထက္ ႏွစ္ဆသံုးဆေလာက္ မ်ားတယ္။




Voice : အခုခ်ိန္မွာ ျဖဴျဖဴေထြးက ဟာသဘက္ကေနပဲ ေပါက္ေနတာဆိုေတာ့ မင္းသမီး တန္းဝင္ျဖစ္ဖို႔ ႀကိဳးစားေနၿပီလား။


PPH : အဲလို တန္းဝင္ဖို႔ကေတာ့ တည္ျငိမ္မွပဲ ရမွာပါ။ ကိုယ္ေတြကေတာ့ ပံုမွန္အတိုင္းက ေအာ္ရဂ်င္နယ္ေလးက ဒီလိုေလးပဲဆိုေတာ့ မင္းသမီးရယ္လို႔ေတာ့ မခံယူေသးပါဘူး။ ကိုယ့္မွာ အားေပးတဲ့ ပရိသတ္ေလး ရွိလို႔ေပါ့ေနာ္။ ေၾကာ္ျငာေလးဆိုလည္း ဆက္တိုက္ ႐ိုက္ရတယ္။


အခုေနာက္ပိုင္းမွာ ေၾကာ္ျငာေတြပဲ ေတာ္ေတာ္အပ္ၾကတယ္။ ေၾကာျ္ငာအႀကီးႀကီးေတြလည္း လာအပ္ၾကတယ္။ ေဖ်ာ္ေျဖေရးနဲ႔ ေၾကာ္ျငာေလးနဲ႔တင္ ထိုင္စားေနရတယ္။ သူတို႔က ကၽြန္ေတာ့္ကို လာငွားရင္ ကုသိုလ္ရ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အႏုပညာေၾကးက ႐ြာျပန္တိုင္းကုသိုလ္လုပ္ျဖစ္တယ္။


ကုသိုလ္လုပ္ တဲ့အထဲ ပိုက္ဆံက တစ္ဝက္က ပါေနတာ တစ္ဝက္ကေတာ့ ကိုယ္စားေနတာေပါ့ေနာ္။ ေတာ္ေတာ္ေလးကို အဆင္ေျပတယ္ေပါ့ေနာ္။ ကုသိုလ္လုပ္လိုက္တဲ့ပိုက္ဆံ ႏွစ္သိန္း ကုသိုလ္ လုပ္လိုက္တယ္။ အဲဒီႏွစ္သိန္းက ေနာက္ေန႔မွာ ေလးသိန္းျပန္ဝင္တယ္။ ႏွစ္ဆျပန္ဝင္တာေပါ့။ တကယ္ေစတနာပါျခင္းရဲ႕ အက်ိဳးေက်းဇူး ေပါ့ေနာ္။ တကယ္လည္း အလွဴတစ္ခု လုပ္လို႔ရွိရင္ ေစတနာပါပါပဲ လုပ္တယ္။


Voice : အႏုပညာေၾကးေရာ ေဈးႀကီးေနၿပီလား။


PPH : ေဈးမႀကီးပါဘူး။ ဘာလို႔လဲဆိုေတာ့ ေၾကာ္ျငာရွင္ဘက္ကလည္း သူတို႔ ငွားတန္တဲ့ အတန္းစားေပါ့ေနာ္။ မွန္းထားသေလာက္ မတတ္ႏိုင္ဘူးဆိုရင္ ပံုမွန္ေဈးနဲ႔ လုပ္ေပးတယ္။ တကယ္႐ိုက္ေတာ့မွ Brand ႀကီး ႀကီးေနၿပီဆိုရင္ေတာ့ ေဈးျပန္ညႇိလိုက္တယ္။


ေဈးကေတာ့ ပံုေသမရွိဘူး။ မရွိဘူးဆိုတာက အြန္လိုင္းေၾကာျ္ငာကေတာ့ ပံုေသပဲ။ TVC တို႔ ဘာတို႔က်ေတာ့ နည္းနည္းေလး ကြာသြားတာေပါ့ေနာ္။


Voice : အႏုပညာေလာကမွာ ေနရာတစ္ခု တိုးဝင္လာႏိုင္ၿပီဆိုေတာ့ ေဈးႏွိမ္ခံရ တာမ်ိဳးေတြရွိလား။


PPH : ပထမေတာ့ ဒီေကာင္မေလးက ဒီေဈးမဟုတ္ေလာက္ပါဘူးလို႔ ထင္ၾကတာေပါ့ေနာ္။ ေၾကာျ္ငာခ အဲေလာက္ေဈးႀကီးလား။ တခ်ိဳ႕ကလည္း ေျပာခ်င္ေျပာလိမ့္မွာေပါ့ေနာ္။


ေဈးႏႈန္းကေတာ့ ပံုမွန္အတိုင္းေလးပဲ။ တခ်ိဳ႕က်ေတာ့ ေဈးေမးၿပီး ျပန္သြားၾကတယ္၊ မဆက္သြယ္ၾကေတာ့ဘူး။ အခုေနာက္ပိုင္း အလုပ္ေတြ လုပ္လာရေတာ့ သိသိလာတယ္။ ေဈးကို ဘယ္လိုယူရမလဲဆိုတာေတြကိုေပါ့။ ပရိသတ္နည္းနည္းေလးမ်ားလာလို႔ ပံုမွန္အေနအထားအရဆိုရင္ ေဈးပိုေပးခ်င္ၾကတယ္။ အႏုပညာသည္ခ်င္းအတူတူေတာင္ ေဈးပိုမေမးခ်င္ၾကဘူးေလ။ ေနာက္ပိုင္းမွာေတာ့ ေသခ်ာေလး ၾကည့္ယူပါတယ္။


Credit: The Voice


Unicode


“ဖျော်ဖြေရေးနဲ့ ကြော်ငြာလေးနဲ့တင် ထိုင်စားနေရတယ်။ သူတို့က ကျွန်တော့်ကို လာငှားရင် ကုသိုလ်ရတယ်”


သရုပ်ဆောင်ဖြူဖြူထွေးနဲ့ တွေ့ဆုံခိုက် လက်ရှိ အနုပညာလှုပ်ရှားမှုအကြောင်း၊ အနုပညာကြေးဈေးကြီးတဲ့အကြောင်းနဲ့ မင်းသမီးလုပ်တော့မလား စသည့် အကြောင်းအရာများကို မေးမြန်းထားပါတယ်။


Voice : ဖြူဖြူထွေးရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်း ပြောပါဦး။


PPH : လက်ရှိကတော့ ကြော်ငြာတွေပဲ ရိုက်ဖြစ်နေတယ်။ နယ်ပွဲတွေ ဖျော်ဖြေဖို့ရယ်၊ ဇာတ်ကားတွေ ရိုက်ကူးဖို့ အများကြီးပဲရှိတယ်။ နောက်ပိုင်းမှာက ကြော်ငြာလာအပ်တာ များတယ်။ အရင်ကထက် နှစ်ဆသုံးဆလောက် များတယ်။


Voice : အခုချိန်မှာ ဖြူဖြူထွေးက ဟာသဘက်ကနေပဲ ပေါက်နေတာဆိုတော့ မင်းသမီး တန်းဝင်ဖြစ်ဖို့ ကြိုးစားနေပြီလား။


PPH : အဲလို တန်းဝင်ဖို့ကတော့ တည်ငြိမ်မှပဲ ရမှာပါ။ ကိုယ်တွေကတော့ ပုံမှန်အတိုင်းက အော်ရဂျင်နယ်လေးက ဒီလိုလေးပဲဆိုတော့ မင်းသမီးရယ်လို့တော့ မခံယူသေးပါဘူး။ ကိုယ့်မှာ အားပေးတဲ့ ပရိသတ်လေး ရှိလို့ပေါ့နော်။ ကြော်ငြာလေးဆိုလည်း ဆက်တိုက် ရိုက်ရတယ်။


အခုနောက်ပိုင်းမှာ ကြော်ငြာတွေပဲ တော်တော်အပ်ကြတယ်။ ကြေြာ်ငာအကြီးကြီးတွေလည်း လာအပ်ကြတယ်။ ဖျော်ဖြေရေးနဲ့ ကြော်ငြာလေးနဲ့တင် ထိုင်စားနေရတယ်။ သူတို့က ကျွန်တော့်ကို လာငှားရင် ကုသိုလ်ရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာကြေးက ရွာပြန်တိုင်းကုသိုလ်လုပ်ဖြစ်တယ်။


ကုသိုလ်လုပ် တဲ့အထဲ ပိုက်ဆံက တစ်ဝက်က ပါနေတာ တစ်ဝက်ကတော့ ကိုယ်စားနေတာပေါ့နော်။ တော်တော်လေးကို အဆင်ပြေတယ်ပေါ့နော်။ ကုသိုလ်လုပ်လိုက်တဲ့ပိုက်ဆံ နှစ်သိန်း ကုသိုလ် လုပ်လိုက်တယ်။ အဲဒီနှစ်သိန်းက နောက်နေ့မှာ လေးသိန်းပြန်ဝင်တယ်။ နှစ်ဆပြန်ဝင်တာပေါ့။ တကယ်စေတနာပါခြင်းရဲ့ အကျိုးကျေးဇူး ပေါ့နော်။ တကယ်လည်း အလှူတစ်ခု လုပ်လို့ရှိရင် စေတနာပါပါပဲ လုပ်တယ်။


Voice : အနုပညာကြေးရော ဈေးကြီးနေပြီလား။


PPH : ဈေးမကြီးပါဘူး။ ဘာလို့လဲဆိုတော့ ကြော်ငြာရှင်ဘက်ကလည်း သူတို့ ငှားတန်တဲ့ အတန်းစားပေါ့နော်။ မှန်းထားသလောက် မတတ်နိုင်ဘူးဆိုရင် ပုံမှန်ဈေးနဲ့ လုပ်ပေးတယ်။ တကယ်ရိုက်တော့မှ Brand ကြီး ကြီးနေပြီဆိုရင်တော့ ဈေးပြန်ညှိလိုက်တယ်။


ဈေးကတော့ ပုံသေမရှိဘူး။ မရှိဘူးဆိုတာက အွန်လိုင်းကြေြာ်ငာကတော့ ပုံသေပဲ။ TVC တို့ ဘာတို့ကျတော့ နည်းနည်းလေး ကွာသွားတာပေါ့နော်။


Voice : အနုပညာလောကမှာ နေရာတစ်ခု တိုးဝင်လာနိုင်ပြီဆိုတော့ ဈေးနှိမ်ခံရ တာမျိုးတွေရှိလား။


PPH : ပထမတော့ ဒီကောင်မလေးက ဒီဈေးမဟုတ်လောက်ပါဘူးလို့ ထင်ကြတာပေါ့နော်။ ကြေြာ်ငာခ အဲလောက်ဈေးကြီးလား။ တချို့ကလည်း ပြောချင်ပြောလိမ့်မှာပေါ့နော်။


ဈေးနှုန်းကတော့ ပုံမှန်အတိုင်းလေးပဲ။ တချို့ကျတော့ ဈေးမေးပြီး ပြန်သွားကြတယ်၊ မဆက်သွယ်ကြတော့ဘူး။ အခုနောက်ပိုင်း အလုပ်တွေ လုပ်လာရတော့ သိသိလာတယ်။ ဈေးကို ဘယ်လိုယူရမလဲဆိုတာတွေကိုပေါ့။ ပရိသတ်နည်းနည်းလေးများလာလို့ ပုံမှန်အနေအထားအရဆိုရင် ဈေးပိုပေးချင်ကြတယ်။ အနုပညာသည်ချင်းအတူတူတောင် ဈေးပိုမမေးချင်ကြဘူးလေ။ နောက်ပိုင်းမှာတော့ သေချာလေး ကြည့်ယူပါတယ်။


Credit: The Voice