ခင္ပြန္းျဖစ္သူ ဝွက္ထားတဲ့ပုိက္ဆံေတြကို၊ ေဖာ္ထုတ္ေပးခဲ့တဲ့ အခ်စ္ေတာ္ ေၾကာင္ကေလး

2019-09-07 11:05:02


ခင္ပြန္းျဖစ္သူ ဝွက္ထားတဲ့ပုိက္ဆံေတြကို၊ ေဖာ္ထုတ္ေပးခဲ့တဲ့ အခ်စ္ေတာ္ ေၾကာင္ကေလး

ထုိင္းႏုိင္ငံသူ အမ်ိဳးသမီးတစ္ေယာက္ဟာ ခင္ပြန္းသည္က သူမ မသိေအာင္ ဝွက္ထားတဲ့ ဘုဥ္းေငြေတြကုိ၊ အခ်စ္ေတာ္ေၾကာင္ေလးရဲ႕ ေက်းဇူးနဲ႔ ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ပတ္သက္တဲ့ ပုိ႔စ္ေလးဟာ ထုိင္းလူမႈကြန္ရက္မွာ အေတာ္ေလး ေရပန္းစားခဲ့ၿပီး ျပန္လည္မွ်ေဝသူ (၁၄၀၀)အထိ ရွိခဲ့ပါတယ္။


အဆုိပါ အမ်ိဳးသမီးရဲ႕နာမည္ကေတာ့ Bow Kanuengnuch လုိ႔ သိရၿပီး၊ သူမရဲ႕ အခ်စ္ေတာ္ ေၾကာင္ကေလးဟာ ခင္ပြန္းျဖစ္သူ လွ်ိဳ႕ဝွက္သိမ္းထားတဲ့ ဘီ႐ုိေပၚက ဘူးေလးကို ေမွာက္က်ေအာင္ လုပ္လုိက္တာပါ။ အဲဒီမွာ ေငြေတြမ်ားစြာ ထြက္လာခဲ့တာ ျဖစ္ပါတယ္။




ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၂၁)ရက္ ဗုဒၶဟူးေန႔က ျဖစ္ပ်က္ခဲ့တာပါ။ ဘူးကို ဖြင့္ၾကည့္တဲ့အခါ အထဲမွာ ေငြေတြ အထပ္လုိက္ ရွိေနပါေသးတယ္။ သူမရဲ႕ခင္ပြန္းဟာ သူမ မရွိတဲ့အခ်ိန္တုိင္း၊ မအပ္ဘဲ ဘုဥ္းထားတဲ့ ပိုက္ဆံေတြကို ဒီအထဲမွာ တိတ္တိတ္ကေလး ဝွက္ေနခဲ့တာပါ။




သူမက အဲဒီပုိက္ဆံေတြ အကုန္ယူၿပီး၊ အိမ္ငွားစာရိတ္အတြက္ ခင္ပြန္းျဖစ္သူကို ေတာင္းေတာ့ သူ႕မွာ ပိုက္ဆံမရွိဘူးလုိ႔ ျငင္းပါသတဲ့။ ဘူးထဲမွာေတာ့ ထုိင္းဘတ္ (၂၇၂)ရွိၿပီး၊ တန္ဖုိးအားျဖင့္ေတာ့ မမ်ားေပမယ့္၊ ဒီပိုက္ဆံဝွက္ျခင္းရဲ႕ေနာက္ကြယ္မွာ ခင္ပြန္း ဘာမ႐ိုးသားတာ လုပ္ထားသလဲ စဥ္းစားစရာပါ။


ေနသူရိန္


D Nae Khit Media ၏ ပင္တုိင္ေဆာင္းပါးရွင္ “ေနသူရိန္”မွ WorldOfBuzz တြင္ ေဖာ္ျပထားေသာသတင္းကို ကိုးကားထားျခင္းျဖစ္ပါသည္။


ယူနီကုဒ်ဖြင့် ဖတ်ရန်-


ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်က သူမ မသိအောင် ဝှက်ထားတဲ့ ဘုဉ်းငွေတွေကို၊ အချစ်တော်ကြောင်လေးရဲ့ ကျေးဇူးနဲ့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ ပို့စ်လေးဟာ ထိုင်းလူမှုကွန်ရက်မှာ အတော်လေး ရေပန်းစားခဲ့ပြီး ပြန်လည်မျှဝေသူ (၁၄၀၀)အထိ ရှိခဲ့ပါတယ်။


အဆိုပါ အမျိုးသမီးရဲ့နာမည်ကတော့ Bow Kanuengnuch လို့ သိရပြီး၊ သူမရဲ့ အချစ်တော် ကြောင်ကလေးဟာ ခင်ပွန်းဖြစ်သူ လျှို့ဝှက်သိမ်းထားတဲ့ ဘီရိုပေါ်က ဘူးလေးကို မှောက်ကျအောင် လုပ်လိုက်တာပါ။ အဲဒီမှာ ငွေတွေများစွာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။


ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၂၁)ရက် ဗုဒ္ဓဟူးနေ့က ဖြစ်ပျက်ခဲ့တာပါ။ ဘူးကို ဖွင့်ကြည့်တဲ့အခါ အထဲမှာ ငွေတွေ အထပ်လိုက် ရှိနေပါသေးတယ်။ သူမရဲ့ခင်ပွန်းဟာ သူမ မရှိတဲ့အချိန်တိုင်း၊ မအပ်ဘဲ ဘုဉ်းထားတဲ့ ပိုက်ဆံတွေကို ဒီအထဲမှာ တိတ်တိတ်ကလေး ဝှက်နေခဲ့တာပါ။


သူမက အဲဒီပိုက်ဆံတွေ အကုန်ယူပြီး၊ အိမ်ငှားစာရိတ်အတွက် ခင်ပွန်းဖြစ်သူကို တောင်းတော့ သူ့မှာ ပိုက်ဆံမရှိဘူးလို့ ငြင်းပါသတဲ့။ ဘူးထဲမှာတော့ ထိုင်းဘတ် (၂၇၂)ရှိပြီး၊ တန်ဖိုးအားဖြင့်တော့ မများပေမယ့်၊ ဒီပိုက်ဆံဝှက်ခြင်းရဲ့နောက်ကွယ်မှာ ခင်ပွန်း ဘာမရိုးသားတာ လုပ်ထားသလဲ စဉ်းစားစရာပါ။


နေသူရိန်


D Nae Khit Media ၏ ပင်တိုင်ဆောင်းပါးရှင် “နေသူရိန်”မှ WorldOfBuzz တွင် ဖော်ပြထားသောသတင်းကို ကိုးကားထားခြင်းဖြစ်ပါသည်။