YBS 21ကိုဖျက်ဆီးခဲ့ကြတဲ့ မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်

2019-09-07 10:10:31


YBS 21ကိုဖျက်ဆီးခဲ့ကြတဲ့ မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ရက်နေ့မှာ YBS 21 ကားများရဲ့ ကားရပ်နားဂိတ်တွေထဲကတစ်ခုဖြစ်တဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှေ့မှာ မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်တွေဖြစ်ပွားခဲ့ပါတယ်။


U Zaw Min UZM facebook accountရဲ့ဖော်ပြချက်အရ YBS 21ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်း၂လိုင်းဖြစ်တဲ့ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီနဲ့ power 11ကုမ္ပဏီရဲ့ ကားတစ်စီး စီကို မင်းမဲ့စရိုက်ဆန်စွာရိုက်ခွဲဖျက်ဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။




ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်များသတင်း facebook pageရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာလဲ YBS 93 ရဲ့ယာဉ်မောင်းတစ်ဦးကို ရိုက်နှက်လုယက်ကာ ဓားနဲ့ထိုးခဲ့ကြတာမျိုးတွေရှိတဟ်လို့သိရပါတယ်။




YBS 21ဟာ ရန်ကုန်မြို့မှာ YBSကားတွေပြေးဆွဲကာစမှာ မြို့နေပြည်သူတွေရဲ့ ချီးကျူးခြင်းကိုခံထားရတဲ့ယာဉ်လိုင်းတစ်လိုင်းဖြစ်ပြီး အခြားYBS ယာဉ်လိုင်းတွေနဲ့မတူပဲ အထူးကားလို့သတ်မှတ်ထားတဲ့ကားတွေမှာ မတ်တပ်ရပ်ခရီးသည်တွေမတင်ပဲ ခုံအပြည့်သာခရီးသည်တွေတင်ကာ ပြေးဆွဲတာကြောင့် ချီးကျူးမှုကိုခံခဲ့ရတဲ့ကားလိုင်းတစ်လိုင်းဖြစ်ပါတယ်။




ယခင်က power 11 ကုမ္ပဏီတစ်ခုသာပြေးဆွဲပြီး ၂၀၁၇ခုနှစ်မှာ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီကပါ YBS 21ကို တာဝန်ယူပြေးဆွဲနေတာဖြစ်ပါတယ်။




Yenin Phawah-AlinnMyay


Source-U Zaw Min facebook account




အနောက်ပိုင်းတက္ကသိုလ်သတင်းများ Facebook Page