အွန်လိုင်းပေါ်မှာ ဟော့ဖြစ်နေတဲ့ MTV လေးရဲ့ ရိုက်ချက်။ မိုးရွာတာနဲ့ တိုင်ဖက်လွမ်းတာက အသက်ပါနော်။

2019-09-07 10:08:05


အွန်လိုင်းပေါ်မှာ ဟော့ဖြစ်နေတဲ့ MTV လေးရဲ့ ရိုက်ချက်။ မိုးရွာတာနဲ့ တိုင်ဖက်လွမ်းတာက အသက်ပါနော်။

အနုပညာကို အရမ်း ဝါသနားကြီးလွန်းတဲ့ လေထိုး ကျွတ်ဖာ ဘဝသမားလေး Rap-ကျားကြီး (ခေါ်) MC-ပိုင်ခန့်


ဝါသနာကို အခြေပြုကာ ချွေတာသုံးလို့ ငွေလေးစုပြီး နိုင်သလောက် ဖန်တီးထားတဲ့ သီချင်းလေး တစ်ပုဒ်ကြောင့် အွန်လိုင်းပေါ်မှာ လူသိများပြီး အားပေးနေကြတဲ့ Rap-ကျားကြီး (ခေါ်) MC-ပိုင်ခန့် ဆိုတဲ့ လူငယ်လေးရဲ့ သီချင်း ဗွီဒီယိုဖိုင်လေးကို AlinnMyay ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။


မိုးရာသီမှာ အသဲကွဲဖူးတဲ့ မြို့သားတိုင်းအတွက် ဆိုပြီး Rap ကျားကြီးနဲ့ Mc ကယားကြီး တို့ရဲ့မိုးရာသီ အလွမ်းသီချင်းအသစ်​တစ်ပုဒ်ကို ဖန်တီးတင်ပြထားတာကို တွေ့ရပါတယ်။




ဒီသီချင်းလေးကို ကြည့်မိသူတိုင်း ပျော်စရာကောင်းလွန်းလို့ သဘောကျ နှစ်သက်ပြီး ရှယ်ယူသွားကြတဲ့ လူတွေ အများအပြား ရှိနေပါတယ်။ ဒါအပြင် StreamingbyShinelayz ဆိုတဲ့ လူငယ်တစ်ဦးမှ ဒီသီချင်းလေးကို အပျော်သဘောဖြင့် Reaction လေး လုပ်ပြထားတော့ လူတွေပိုပြီး စိတ်ဝင်စားလာခဲ့ပါတယ်။


Rap-ကျားကြီး (ခေါ်) MC-ပိုင်ခန့် ဟာ လေထိုး ကျွတ်ဖာ အလုပ်ကို လုပ်ကိုင်ပြီး ဘဝကို ကြမ်းတမ်းစွာ ရုန်းကန်ကြိုးစားနေတဲ့လူငယ်လေးတစ်ယောက်လို့ သိရပါတယ်။




လူတိုင်းလူတိုင်းမှာ ကိုယ်ရူးသွပ်တဲ့ ဝါသနာတစ်ခုကို ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် မရှက်မကြောက်ပဲ လုပ်ကိုင်ကြိုးစားအားထုတ်ကြတာ သဘာဝပါပဲ..။ ဒီလိုကြိုးစားရုန်းကန်ရင်နဲ့ အောင်မြင်သွားကြတဲ့ အနုညာရှင်တွေနဲ့ အခြားအခြားသော ဆိုင်ရာဆိုင်ရာ ဝါသနာရှင်တွေ အများကြီး ရှိနေတယ်ဆိုရင် AlinnMyay ချစ်ပရိတ်သတ်ကြီးလည်း ငြင်းနိုင်မယ် မထင်ပါဘူးနော်။




အခုလည်း Rap-ကျားကြီး (ခေါ်) MC-ပိုင်ခန့် ဆိုတဲ့လူငယ်လေးဟာ သူ့ရဲ့ ရိုးသားမှု၊ ကြိုးစားမှု နဲ့ သူရဲ့ အနုပညာကို ဝါသနာကြီးလွန်းမှုတွေကြောင့် သူတတ်စွမ်းသလောက် ချပြသွားတာဟာ သိပ်ကို ချီးကျူးစရာကောင်းပါတယ်။




AlinnMyay ချစ်ပရိတ်သတ်ကြီးနဲ့ အတူ အားလုံးအားလုံးသော ပရိသတ်များ Rap-ကျားကြီး (ခေါ်) MC-ပိုင်ခန့် ရဲ့ မိုးရာသီ အလွမ်းသီချင်းလေးကို ကြည့်ပြီး အားပေးလိုက်ကြရအောင်နော်…။


Video – StreamingbyShinelayz & Paing Khant


#AlinnMyay(အလင်းမြေ) #ApannPyay