မေလးကို (၂-၃)နဲ႔ ရံႈးျပီးေနာက္ ဧည္႔သည္ပရိသတ္ေတြကို ခဲမိုးရြာခဲ့တဲ့ အင္ဒိုပရိသတ္ေတြ

2019-09-06 23:03:17


မေလးကို (၂-၃)နဲ႔ ရံႈးျပီးေနာက္ ဧည္႔သည္ပရိသတ္ေတြကို ခဲမိုးရြာခဲ့တဲ့ အင္ဒိုပရိသတ္ေတြ

ကမာၻ႕ဖလားေျခစစ္ပြဲ၀င္ခြင့္ အာရွေနရာအတြက္ ေျခစမ္းပြဲေတြ ကစားေနတဲ့ အင္ဒိုနီးရွားအသင္းနဲ႔ မေလးရွားအသင္းတို႔ရဲ႕ ပြဲစဥ္မွာ မေလးရွားအသင္းဟာ ပြဲျပီးလို႔ အခ်ိန္ပိုေနာက္ဆံုးမိနစ္ (၉၀+၇)မိနစ္အေရာက္မွာ အႏိုင္ဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။ ေနာက္ကေန ေခ်ပဂိုးအႏုိင္ဂိုးေတြလိုက္သြင္းခဲ့တာျဖစ္ျပီး၊ ပြဲျပီးခ်ိန္မွာေတာ့ ရလဒ္ကိုမေက်နပ္ခဲ့တဲ့ အင္ဒိုပရိသတ္ေတြဟာ ရန္မူခဲ့ၾကပါတယ္။


မေန႔ကမွ ယွဥ္ျပိဳင္ကစားခဲ့တဲ့ အဆုိပါပြဲစဥ္မွာ အင္ဒိုနီးရွားဟာ ပြဲစ (၃၃)မိနစ္အေရာက္မွာ (၂-၁)ဂိုးနဲ႔႔ ဦးေဆာင္ထားႏိုင္ခဲ့ေပမဲ့ မေလးရွားအသင္းက (၆၆)မိနစ္ေခ်ပဂိုးသြင္းလိုက္ခ်ိန္မွာ အေျခအေနတင္းမာမႈက စလာခဲ့ပါတယ္။ အိမ္ရွင္အင္ဒိုပရိသတ္ေတြက ရန္လိုတဲ့ စကားလံုးေတြ၊ အျပဳအမူေတြနဲ႔ မေလးပရိသတ္ေတြကို တို႔ထိလာခဲ့ျပီးေနာက္ဆံုးမိနစ္ (၉၀+၇)မိနစ္မွာ အႏိုင္ဂိုးလည္းေပးလိုက္ရေရ အၾကမ္းဖက္အသြင္ကို ေျပာင္းသြားခဲ့တာပါ။



ပြဲခ်ိန္တြင္းကြင္းထဲေျပးထြက္လာေသာ အင္ဒိုပရိသတ္

အေပၚထပ္တန္းကေန ၾကည္႔ေနတဲ့ အင္ဒိုပရိသတ္ေတြဟာ ဖိနပ္၊ ေရသန္႔ဘူး၊ ထီး၊ သံထည္ပစၥည္း၊ မီးရႈးေတာင့္ နဲ႔ ေနာက္ဆံုး ဖုန္းလို အရာေတြကအစနဲ႔ ပစ္ေပါက္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ အေပါက္ခံေနရခ်ိန္ ကိုယ့္ႏိုင္ငံမဟုတ္တဲ့အတြက္ မေလးပရိသတ္ေတြဟာ ကြင္းျပင္ကိုေရာက္ေအာင္သြားေနခဲ့ေပမဲ့ အင္ဒိုနီးရွားရံႈးနိမ့္မႈကို လက္မခံတဲ့ ပရိသတ္ေတြထဲက ေသြးၾကြ ပရိသတ္တစ္စုဟာလိုက္လံ တိုက္ခိုက္ခဲ့ပါတယ္။



ရန္စျဖစ္ပံု

ရဲေတြ အင္အားအလံုးအရင္းနဲ႔ ၀င္ထိန္းခဲ့ရသလို ေတာ္ေတာ္မ်ားမ်ားဟာ ညတြင္းခ်င္းမွာပဲ ေဆးရံုကိး အေရးေပၚလူနာအေနနဲ႔ ေရာက္ကုန္ၾကတယ္လို႔ သိရပါတယ္။ မေလးရွားေဘာလံုးအဖြဲ႔ခ်ဳပ္က ဒီကိစၥရပ္နဲ႔ ပတ္သက္လို႔ ေျဖရွင္းခ်က္ေတာင္းထားျပီး၊ မေလးရွား ပရိသတ္ေတြရဲ႕လံုျခံဳမႈနဲ႔ အင္ဒိုရဲ႕လုပ္ရပ္အေပၚ ဖီဖာကို တိုင္တန္းဖို႔အထိ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။



ကြင္းျပင္တြင္ လိုက္ရန္ရွာခံရပံု

ဒီအေၾကာင္းကို ႏိုင္ငံတြင္း သတင္းဌာနေတြျဖစ္တဲ့ Malay Mail, Free Malaysia Today, နဲ႔ Harian Metro တို႔လို သတင္းဌာနေတြအျပင္ တျခားေသာ သတင္းစာမ်က္ႏွာေတြကလည္း ရံႈ႕ခ်ေဖာ္ျပခဲ့ၾကပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးဟာ အရင္ကတည္းက ျဖစ္ခဲ့တဲ့ ျဖစ္ေပမဲ့ အခုတစ္ေခါက္လို ကိစၥမ်ိဳးကေတာ့ အျပင္းထန္ဆံုး လူစုဖြဲ႔ ပရိသတ္ခ်င္း တိုက္ခိုက္မႈလို႔ ဆိုပါတယ္။ အေသအေပ်ာက္ေတာ့ မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။



ေဆးရံုေရာက္ မေလးလူနာ

သူေရး (APANNPYAY)


UNICODE


မလေးကို (၂-၃)နဲ့ ရှုံးပြီးနောက် ဧည့်သည်ပရိသတ်တွေကို ခဲမိုးရွာခဲ့တဲ့ အင်ဒိုပရိသတ်တွေ


ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် အာရှနေရာအတွက် ခြေစမ်းပွဲတွေ ကစားနေတဲ့ အင်ဒိုနီးရှားအသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ ပွဲစဉ်မှာ မလေးရှားအသင်းဟာ ပွဲပြီးလို့ အချိန်ပိုနောက်ဆုံးမိနစ် (၉၀+၇)မိနစ်အရောက်မှာ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ကနေ ချေပဂိုးအနိုင်ဂိုးတွေလိုက်သွင်းခဲ့တာဖြစ်ပြီး၊ ပွဲပြီးချိန်မှာတော့ ရလဒ်ကိုမကျေနပ်ခဲ့တဲ့ အင်ဒိုပရိသတ်တွေဟာ ရန်မူခဲ့ကြပါတယ်။


မနေ့ကမှ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အင်ဒိုနီးရှားဟာ ပွဲစ (၃၃)မိနစ်အရောက်မှာ (၂-၁)ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ မလေးရှားအသင်းက (၆၆)မိနစ်ချေပဂိုးသွင်းလိုက်ချိန်မှာ အခြေအနေတင်းမာမှုက စလာခဲ့ပါတယ်။ အိမ်ရှင်အင်ဒိုပရိသတ်တွေက ရန်လိုတဲ့ စကားလုံးတွေ၊ အပြုအမူတွေနဲ့ မလေးပရိသတ်တွေကို တို့ထိလာခဲ့ပြီးနောက်ဆုံးမိနစ် (၉၀+၇)မိနစ်မှာ အနိုင်ဂိုးလည်းပေးလိုက်ရရေ အကြမ်းဖက်အသွင်ကို ပြောင်းသွားခဲ့တာပါ။


အပေါ်ထပ်တန်းကနေ ကြည့်နေတဲ့ အင်ဒိုပရိသတ်တွေဟာ ဖိနပ်၊ ရေသန့်ဘူး၊ ထီး၊ သံထည်ပစ္စည်း၊ မီးရှုးတောင့် နဲ့ နောက်ဆုံး ဖုန်းလို အရာတွေကအစနဲ့ ပစ်ပေါက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အပေါက်ခံနေရချိန် ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် မလေးပရိသတ်တွေဟာ ကွင်းပြင်ကိုရောက်အောင်သွားခဲ့ပေမဲ့ အင်ဒိုနီးရှားရှုံးနိမ့်မှုကို လက်မခံတဲ့ ပရိသတ်တွေထဲက သွေးကြွ ပရိသတ်တစ်စုဟာလိုက်လံ တိုက်ခိုက်ခဲ့ပါတယ်။


ရဲတွေ အင်အားအလုံးအရင်းနဲ့ ဝင်ထိန်းခဲ့ရသလို တော်တော်များများဟာ ညတွင်းချင်းမှာပဲ ဆေးရုံကိး အရေးပေါ်လူနာအနေနဲ့ ရောက်ကုန်ကြတယ်လို့ သိရပါတယ်။ မလေးရှားဘောလုံးအဖွဲ့ချုပ်က ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ ဖြေရှင်းချက်တောင်းထားပြီး၊ မလေးရှား ပရိသတ်တွေရဲ့လုံခြုံမှုနဲ့ အင်ဒိုရဲ့လုပ်ရပ်အပေါ် ဖီဖာကို တိုင်တန်းဖို့အထိ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။


ဒီအကြောင်းကို နိုင်ငံတွင်း သတင်းဌာနတွေဖြစ်တဲ့ Malay Mail, Free Malaysia Today, နဲ့ Harian Metro တို့လို သတင်းဌာနတွေအပြင် တခြားသော သတင်းစာမျက်နှာတွေကလည်း ရှုံ့ချဖော်ပြခဲ့ကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ အရင်ကတည်းက ဖြစ်ခဲ့တဲ့ ဖြစ်ပေမဲ့ အခုတစ်ခေါက်လို ကိစ္စမျိုးကတော့ အပြင်းထန်ဆုံး လူစုဖွဲ့ ပရိသတ်ချင်း တိုက်ခိုက်မှုလို့ ဆိုပါတယ်။ အသေအပျောက်တော့ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


သူရေး (APANNPYAY)