လေဆိပ်အချိန်ကြာမြင့်စွာ ပိတ်ထားရတဲ့အကြောင်းအရင်းကို ပြောပြလိုက်တဲ့လေယာဉ်မှူးကြီး

2019-09-06 10:38:29


လေဆိပ်အချိန်ကြာမြင့်စွာ ပိတ်ထားရတဲ့အကြောင်းအရင်းကို ပြောပြလိုက်တဲ့လေယာဉ်မှူးကြီး

မနေ့ကရန်ကုန်ကွင်းမှာ မနက် ၁၁ နာရီမထိုးခင်လောက်ဖြစ်တဲ့လေယာဉ်မတော်တဆမှု့ကြောင့်လေယာဉ်ကွင်းပိတ်လိုက်ရတဲ့ Impact ကအတော်ကြီးခဲ့တယ်… မိုးကလဲများ လေယာဉ်ကလဲကုန်တင်လေယာဉ် ပြေးလမ်းဘေးဗွက်နစ်နေတော့ ဖယ်ရှားတဲ့သူတွေလဲအတော်လေးခက်ခက်ခဲခဲလုပ်နေကြရတယ်ထင်တယ်…

ဒီမနက် ၅ နာရီအထိကွင်းကိုဆက်လက်ပိတ်တုန်းလို့သိရတယ်…


ခရီးသည်တွေလဲအတော်ဒုက္ခရောက်ကြရသလို အဲလိုင်းတွေလဲအတော်အထိနာခဲ့ကြရတယ်… ခရီးသည်တွေဘက်ကိုကိုယ်ချင်းစာသလို အဆင်မပြေ မချောမွေ့ခြင်းကြောင့်ဖြစ်လာရတဲ့သူတို့ရဲ့ဒေါသများကိုနားလည်မိတယ်… ဒေါသဖြစ်နေကြသောခရီးသည်များရဲ့တဦးချင်းစီက Complaint များကိုဒိုင်ခံရှင်းနေရတဲ့မြေပြင်ဝန်ထမ်းများကိုလဲစာနာမိတယ်… တကယ်တော့ တယောက်မှအသာစီး (သို့) အမြတ်မရကြတဲ့ အားလုံးရှုံးလိုက်ရတဲ့ကေ့စ်ပါ… ဒီနေရာမှာစားသုံးသူကတော့ အဲလိုင်းတွေရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုလိုချင်ကြမှာပါပဲ… အဲလိုင်းဘက်ကကြည့်တော့လဲ အဲလိုင်းရဲ့အားနည်းချက်ကြောင့်မဟုတ်ပဲပြင်ပပြဿနာတခုကအကြောင်းခံတာဆိုတော့ တာဝန်ယူသင့်သလောက်ယူကြပေမဲ့ ခရီးသွားများစိတ်ကျေနပ်မှု့ပြီးပြည့်စုံအောင်တော့လုပ်ပေးဖို့ခက်ခဲကြမယ်ထင်ရဲ့…. အဲလိုင်းတွေမှာလဲ လေယာဉ်တွေ Divert လုပ်ရ ဆီဖိုးတွေကုန်၊ လေယာဉ်သားတွေဟိုတယ်တွေထားဖို့ ၊ ခရီးစဉ်တွေဖျက်ရ အတော်ဆုံးရှုံးကြရပါတယ်…




မနေ့ညကခရီးသည်တဦးတင်ထားတဲ့အဲလိုင်းတခုရဲ့လေယာဉ်ဝန်ထမ်းတွေကို Complaint တက်နေကြတဲ့ ဗီဒီယိုဖိုင်လေးကြည့်လိုက်ရတယ်… စင်္ကာပူမှာကထဲကသိရက်နဲ့ဘာလို့တက်လာလဲ ဆိုတာမျိုးမေးထားတာလေးတွေ့ရတယ်.. စင်္ကာပူ-ရန်ကုန်ဆိုတာ ၃ နာရီနီးပါးပျံသန်းရပါတယ်.. Disable လေယာဉ်ဖယ်ဖို့ဆိုတာ အဲ့ဒီလောက်ပဲကြာနိုင်တာဆိုတော့ ရန်ကုန်ကွင်းကထုတ်ပြန်တဲ့ ဘယ်အထိကွင်းပိတ်တယ်ဆိုတဲ့အချိန်ကိုကျော်ပြီးဆိုက်ရောက်နိုင်ရင် အဲလိုင်းတိုင်းခရီးသည်တင်ထွက်ခွါကြတာပါပဲ… (ဘန်ကောက်လိုတနာရီပဲကြာတဲ့ခရီးစဉ်ဆိုရင်တော့တမျိုးပေါ့ ) ဒါကြောင့်လဲမနေ့က မလေးရှားအဲလိုင်း ဘန်ကောက်ကို Divert လုပ်တယ်.. နောက်ဆုံးအဲ့ကနေမလေးရှားပြန်တက်သွားတယ်လို့သိရတယ်… ဂျပန် ANA လဲထွက်လာခဲ့ပြီး ပဲခူးမှာပတ်တယ်.. ဘန်ကောက် Divert လုပ်တယ်….


ကျွန်တော် Europe က Estonia သွားမောင်းစဉ် ပိတ်ရက်ဆက်တဲ့အပတ် ချက်၊ ဂျာမဏီခရီးလေးသွားခဲ့တယ်.. အပြန်မှာဘာလင်ကနေအက်စ်တိုးနီးယားတိုက်ရိုက်မဟုတ်ပဲ Poland ဝါဆော Transit ထင်တယ်.. တကယ့် Transit time က တနာရီခွဲလောက်ပဲ.. ဒါပေမဲ့ ၃ နာရီကျော် Delay နဲ့ အဲ့ဒီလေဆိပ်မှာ ၄ နာရီခွဲ-၅ နာရီလောက်ကြာခဲ့တယ်… အဲလိုင်း Staff ရောက်လာရင် သူ့ဆီပြုံမေးကြ၊ ပြုကြ၊ တချို့ကလဲဆဲဆိုကြ…ကိုယ်တွေကတော့ အဲလိုင်းဝန်ထမ်းချင်းဆိုတော့နားလည်မိတယ်.,, အကြောင်းရင်းသိချင်တဲ့အတွက်ဘာကြောင့်ဆိုတာတော့မေးတယ်… ခရီးစဉ်တွေနှောင့်နှေး Delay တွေဖြစ်တော့ လေယာဉ်သားတွေရဲ့ Duty Hours တွေကျော်ကုန်လို့ အခြားလေယာဉ်သားတွေအစားထိုးခေါ်နေရလို့တဲ့.. ညဘက် အဲ့ဒီလေဆိပ်မှာပဲခြေဆန့်လက်ဆန့် ခုံတွေပေါ်လှဲအိပ်ခဲ့ရတယ်… ရာသီဥတုကအရမ်းအေး မနက် ၂-၃ နာရီကိုယ့်ရဲ့ Estonia လေဆိပ်ရောက်တော့ Taxi တွေမရှိတော့၊ Public Train & Bus တွေမရှိတော့ အသဲခိုက်အောင်အေးတဲ့အချိန်ကြီးလမ်းပဲလျှောက်ပြန်ရတော့မလိုဖြစ်ခဲ့ရတယ်…. နောက်ဆုံး Taxi Service တခုရဲ့ဖုန်းနံပါတ်ရပြီး ခေါ်လို့ရလိုက်လို့အဆင်ပြေသွားခဲ့တယ်…


မနေ့ကရန်ကုန်ကွင်းပိတ်တဲ့ ဖြစ်စဉ်နဲ့ပါတ်သတ်ပြီးစဉ်းစားကြည့်ရအောင်.. ကြားမိသလောက်က ပြေးလမ်းဘေးထွက်တဲ့လေယာဉ်ဟာ အတက်မှာအင်ဂျင်ပါဝါထိုးရင်းဘေးဆွဲသွားတာလို့သိရတယ်… အဲ့လေယာဉ်မောင်းတဲ့ပိုင်းလော့လဲဖြစ်ချင်မှာမဟုတ်၊ လေယာဉ်ပိုင်တဲ့လေတပ်ကလဲဖြစ်ချင်မှာမဟုတ်.. ,ဒီနေရာမှာတချို့ပြောလာတာရှိတယ်.. ” civil ကွင်းမှာ လေတပ်လေယာဉ်ကဘာလို့ဆင်းသက်လဲ အာ့ကြောင့်ဖြစ်တာ” ဘာညာ.. ကမ္ဘာမှာ civil ကော Airforce ကောမျှသုံးတဲ့ကွင်းတွေများစွာရှိကြပါတယ်..




တကယ့်ပြဿနာက လေတပ်ကလေယာဉ်ကြောင့်မဟုတ်ပါဘူး… အခြားပြည်ပလေယာဉ်အကြီးအဲ့လိုဗွက်နစ်သွားရင်လဲ ဒီလိုပဲကြာမှာပါပဲ… ဖယ်ရှားဖို့ Equipment မပြည့်စုံ၊ မလုံလောက်ခြင်းကြောင့်ကြာမြင့်သွားတယ်လို့ယူဆပါတယ်… နောက်ဆက်တွဲက ဒီလိုလေယာဉ်မတော်တဆမှုတိုင်းမှာ ပြေးလမ်းတစ်ကြောင်းပဲရှိတော့ ကွင်းကိုပိတ်ပေးထားရတာကလဲ ပိုဆိုးစေတာဖြစ်ပါတယ်… (သဘောက ပြေးလမ်းနှစ်ချောင်းရှိနေရင်ဒီလိုပြဿနာမရှိနိုင်ပါဘူး) ဒါတွေကို နိုင်ငံတော်အဆင့်လူကြီးတွေ သေချာစဉ်းစားပြီး နောက်ထပ်ဒီလိုဆုံးရှုံးမှု့နည်းအောင်၊ မရှိအောင် ကြိုတင် Plan ချသင့်ပါတယ်…


ဖြစ်တာလေးပဲကွက်ကြည့်ပြီး အပြစ်တွေပြောနေလို့လဲပြီးမှာမဟုတ်ပါဘူး… ဆုံးရှုံးကြသူချင်း တဦးကိုတဦး တဖက်ကိုတဖက် စာနာနားလည်ပေးကြရင်လောကကြီးဟာအေးချမ်းခြင်းဆောင်လာပါလိမ့်မယ်… ဒီစာရေးတုန်းမှာပဲ ဒီမနက် ၆:၀၀ နာရီကစပြီးကွင်းပြန်ဖွင့်ပြီလို့သိရပါတယ်… ရန်ကုန်ကွင်း ယနေ့ပုံမှန်ပြန်ဖြစ်သွားပါပြီ.. တညလုံးပင်ပန်းစွာကြိုးစားဖယ်ရှားပေးကြတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တဦးချင်းစီကို ကျေးဇူးတင်ပါတယ်… ဒုက္ခရောက်ကြရသောခရီးသည်အပေါင်းကိုလဲလေကြောင်းလိုင်းများကိုယ်စားအနှုးအညွတ်တောင်းပန်ရင်းအားနာမိပါတယ်..


အစစအရာရာအဆင်ပြေချောမွေ့ပြီးစိတ်နှလုံးများအေးချမ်းကြပါစေ 


ထွန်းထွန်းဝင်း၊ ၆.၉.၂၀၁၉ (လေးစားမှုဖြင့် ခရက်ဒစ်)


Photo Crd; MOTC


ရန်ကုန်လေယာဉ်ကွင်းမှာ တပ်မတော်ရဲ့လေယာဉ်ကြီးဖြစ်တဲ့ Y8 လေယာဉ်ပြေးလမ်းဘေးချော်သွားလို့ မနက်ကထဲကခုညနေထိပြေးလမ်းမဖွင့်နိုင်သေးဘူး.. လေယာဉ်ကပန်ကာအင်ဂျင်လေးလုံးတပ်လဲဖြစ်၊ ကုန်တင်လေယာဉ်ဆိုတော့ လေယာဉ်ဝိတ်ကလဲကြီးတော့ ပြေးလမ်းပေါ်ကရွှေ့ရတာအတော်ခက်ခဲတယ်ထင်ပါတယ်…


ဒီနေ့ကွမ်ကျိုးကနေ မြန်မာအချိန်နေ့လည် ၁၂ နာရီခွဲလောက်တက်မယ်လုပ်တော့ တရုတ် လေကြောင်ထိမ်းက ရန်ကုန်မှာ Disable လေယာဉ်တစီးပိတ်နေလို့ပြေးလမ်းပိတ်ထားတယ် နေ့လည် ၂:၃၀ လောက်ထိတဲ့.. ကိုယ်တွေရောက်မှာက ၃:၃၀ လောက်ဆိုတော့ ထွက်လာခဲ့လိုက်တယ်… ,




လမ်းတဝက်ရောက်တော့ ရန်ကုန်ပြေးလမ်းကို ညနေ ၄ နာရီထိတိုးပီးပိတ်ပါ့မယ်ဆိုတာနဲ့ ပုံမှန်အမြန်နှုန်းထက်များစွာလျှော့ပျံလာတာ ကိုယ်ရောက်မဲ့အချိန်က ၃:၄၅ လောက်ထိဖြစ်သွားတယ်.. ,

ထိုင်းလေပိုင်နက်ကိုကျော်လာပြီး မြန်မာလေပိုင်နက်ကိုရောက် ပေ ၃၆၀၀၀ ကနေ နောက်ကျပြီးမှဆင်းခဲ့တယ်.. ပဲခူးပေါ်ကို ၃:၄၀ လောက်ရောက်.. ပြေးလမ်းမရှင်းသေးလို့ ပေ ၁၇၀၀၀ နဲ့ ၁၀ မိနစ်လောက်ပတ်ပြီးတဲ့အချိန် ညနေ ၄ နာရီဖွင့်နိုင်ဖို့မသေချာတော့ဘူး.. ကိုယ့်အောက်ကပတ်တဲ့ မလေးရှားလေယာဉ်ကော ၊ ကိုယ့်အထက်ကပတ်တဲ့ဂျပန် ANA လေယာဉ်ကော ဘန်ကောက်ပြေးတယ်.. ,


ခဏနေတော့ ATC ကလှမ်းပြောတယ်..ညနေ ၅ နာရီထိတိုးပါတယ်ဆိုတော့ နောက်ထပ် ၁ နာရီကျော်ပတ်ဖို့ဆီကျန်ပေမဲ့ မသေချာမှာစိုးလို့ မန္တလေးကိုဦးလှည့်ပျံသန်းဆင်းသက်ခဲ့တယ်… အခုထိတော့ မရှင်းသေးဘူးထင်တယ်.. ညနေ ၆ နာရီထိ ထပ်တိုးပိတ်ထားတယ်တဲ့… ဟိုအရင် ဘင်္ဂလားဒက်ရှ်လေယာဉ်အက်ဆီးဒင့်ဖြစ်ကထဲက တွေးမိဘူးတယ်…




အဲ့တုန်းကပြေးလမ်းပိတ်တော့ လေယာဉ်တွေ Divert လုပ်ကြ Delay ဖြစ်ကြတုန်းက တွေးဘူးတယ်… , ပြေးလမ်းပေါက်ပြဲဖြစ်တာမျိုးဆိုရင်နာရီပိုင်းတင်ပိတ်လို့ရမှာမဟုတ်ဖူး.,, အတော်ကြာကြာပိတ်ထားရမှာဆိုတော့ အဲလိုင်းတွေ ခရီးသွားတွေတော့ဒုက္ခပဲလို့ တွေးမိဘူးတယ်…ဒီနေ့လေယာဉ်အကြီးပိတ်မိသွားတာ မနက်ကထဲကအခုထိဆိုတော့ အတော်ကြာသွားပြီ..ပဲခူးလေယာဉ်ကွင်းကိုခုထိ မစဉ်းစားကြသေးဘူးထင်ရဲ့… ပြေးလမ်းနှစ်ကြောင်းလောက်တော့ရှိသင့်ပြီ…

လေယာဉ်ကွင်းတခုတည်ဆောက်ဖို့ဆိုတာကလဲ ၄-၅ နှစ်အချိန်ယူရတယ်လေ…


အင်း လ္ဘက်သုပ်နဲ့ရေနွေးလေးသောက်ရင်း ကျော်ဟိန်းသီချင်းလေး ညည်းလိုက်ပါဦးမယ်…လူတွေစဉ်းစားကြ စဉ်း.. စားကြ လောကအတွက်….


TTW, 5.9.19 (လေးစားမှုဖြင့် ခရက်ဒစ်)