အိမ်ထောင်ရှင် ယောက်ျားများရဲ့ ဖွင့်ဟ ဝန်ခံချက် (ဟာသ)

2019-09-04 23:48:54


အိမ်ထောင်ရှင် ယောက်ျားများရဲ့ ဖွင့်ဟ ဝန်ခံချက် (ဟာသ)

အိမ်ထောင်ရှင် ၁၀ယောက်ကို တိုးတိုးတိတ်တိတ်လေးဗျာ..ဖေ့ဘုတ် ပေါ်မှာတင်တာမျိုးမဟုတ်ပဲနဲ့.. ရင်ထဲရှိတဲ့အတိုင်းလေး ခံစားချက်လေးပြောပြပါလားပေါ့.. မေးကြည့်လိုက်တဲ့အခါ


(၁)ညီလေးရာ အကိုလည်းကောင်းမယ်ထင်လို့ယူလိုက်တာပဲ.. နားအေးပါးအေး ကိုယ့်လည်းချစ်တယ် သည်းငြီးခံတယ်ပေါ့.. ယူပြီးမကြာပါဘူး ရည်းစားဘဝနဲ့တုန်းက လားလားမှမဆိုင် မိန်းမကမိန်းမပါပဲကွာ


(၂) အေးကွ ဖူးစာဆိုတာထူးတော့ထူးဆန်းတယ် ကြိုက်တာတစ်ယောက် ညားတာတစ်ယောက်ကွ ခိုးပြေးမယ် လိုက်မလားဆိုပြီးနောက်လိုက်တာ.. အဲ့ဒါနဲ့ညားသွားတာပဲ.. အကိုကြိုက်တာသူ့အမကွ




(၃) ညီလေး မင်းမိန်းမယူမယ်ဆိုကြည့်ယူကွာ သူကိုချစ်ရုံနဲ့တော့မရဘူး သူ့တစ်မိသားစုလုံနဲ့အဆင်ပြေမှယူ.. ငါ့ဘဝ မိန်းမတွေအုပ်ချုပ်တဲ့တိုင်းပြည်ထဲ စစ်သုံ့ပန်းမိသလိုပါသွားတာ.. အမေကတစ်မျိုး၊အဘွားကတစ်မျိုး၊ကြီးဒေါ် အဒေါ်တွေကတစ်မျိုး ခြယ်လှယ်ချင်သလိုခြယ်လှယ်ကြတာ.. ခရီးတစ်ခါသွားရင် အဲ့သောက်မျိုးတွေအတွက်ဝယ်ရတာ ကီလို၃၀ကမလောက်ဘူး.. မိန်းမကတော့ပြောရှာပါတယ် “ကိုကိုရယ် သူစိမ်းတွေမှမဟုတ်တာ ချစ်လေးမိသားစု ကို့ကို့မိသားစုပဲပေါ့” တဲ့


(၄)ညီလေးမင်း နားတော့မယောင်နဲ့ ငါ့တုန်းကနားယောင်လို့ မိန်းမယူဖြစ်သွားတာ.. အသက်ကြီးရင် ဆေးပေးမီးယူဆိုတာရှိတယ် သားသမီးဆိုတာရှိမှ ကိုယ့်မျိုးဆက်လည်းချန်ခဲ့ရတယ်ပေါ့ အခုတော့ ကိုယ့်ဟကိုယ်တစ်ယောက်တည်းနေရင် ဗိုက်ရိုက်ပြီးဒူးနန့် စားလို့ရတယ်.. အခုတော့မိန်းမက ကားကြီးဟောင်းသွားပြီဆိုလို့ လဲပေးရ သားသမီးကျောင်းစရိတ်က သူများတန်းတူ ဘိုကျောင်းဆိုတော့ ဘိုကျောင်းပေါ့ .. ဒီကြားထဲမိန်းမက အွန်လိုင်းရှော့ပင် က discount ချတယ် တန်လို့ဆိုပြီးထိုင်ဝယ်နေသေးတာ.. ရှာမလောက်ပါဘူးကွာ




(၅)ကိုယ့်ကိုကိုယ့် သောက်ထင်တွေကြီးခဲ့တာပေါ့ ငါ့ညီရာ.. အကိုကတော့ မင်းမြင်တဲ့အတိုင်းပဲ အပျော်အပါးတော့သိပ်အကြိုက်ကြီးမဟုတ်ဘူး တစ်ခါတစ်လေတော့ သူငယ်ချင်တွေနဲ့ဆုံဖြစ်ပါတယ်.. အကိုယ့်မိန်းမကတော့ ဖလန်းဖလန်း ပြောရရင် socialကျတယ်ပေါ့ အပေါင်းအသင်းဝန်ဆံ့တယ်ပေါ့ကွာ.. ကိုလည်းအိမ်ထောင်ကျပြီးရင်တော့ ငြိမ်သွားမယ်ပေါ့ တတ်နိုင်သလောက်တော့ပြင်ယူကြည့်မယ်ပေါ့.. ညီလေး”ခွေးမြီးကောက် ကျဉ်တောက်စွတ်” လို့ပဲ ချီးထဲကလောက် ချီးထဲမှာပဲပျော်တယ်ညီလေး.. နောက်ဆုံးကွဲသွားတာပဲအဖတ်တင်တယ်ညီလေး


ဒါ ၅ယောက်စာပဲရှိသေးတယ်


Marvin Yair (လေးစားမှုဖြင့် ခရက်ဒစ်)