
2019-09-04 21:42:33
















Unicode


ထိုင်းနိုင်ငံကမင်းသမီးတွေနဲ့ ဆွဲဆောင်မှုရှိရှိ ကြော်ငြာရိုက်နေတဲ့ ပိုင်တံခွန်




မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ် သရုပ်ဆောင် တယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ လက်ရှိအချိန်မှာ သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက သည်းသည်းလှုပ်အားပေးနေကြတဲ့ အနုပညာရှင် တယောက်ဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာက သည်းသည်းလှုပ် အားပေးဝန်းရံကြတဲ့ အနုပညာရှင်တွေ ဆိုတာကတော့ ရှားပါတယ်။ ဒီထဲမှာမှ ပိုင်တံခွန် တယောက်ကတော့ဒီလိုမျိုး အောင်မြင်ပြီး အခြားသော နိုင်ငံတွေနဲ့ အလုပ်တွဲလုပ်နေရတာကတော့ စိတ်ဝင်စားစရာကောင်းပြီး လေးစားအားကျစရာလည်း ကောင်းပါတယ်။


ပိုင်တံခွန်ကတော့ လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကြော်ငြာတွေ ဆက်တိုက်ရိုက်နေပြီး ထိုင်းမင်းသမီးတွေရော ထိုင်းမော်ဒယ်တွေနဲ့ရော တွဲဖက်ပြီး ရိုက်နေရတာ ဖြစ်ပါတယ်။ ဒါကိုတော့ သူ့ရဲ့ သူငယ်ချင်း တယောက်က “ကိုယ့်သူငယ်ချင်းကို အားကျနေပါပြီ ထိုင်းမင်းသမီးအကြီးတွေရော အသေးတွေရောနဲ့ ရေမွှေးကြော်ငြာရိုက်နေတယ်” ဆိုပြီးတော့ ရေးသားထားပြီးတော့ ဗီဒီယိုလေးတွေ တင်ထားတာ ဖြစ်ပါတယ်။


ဗီဒီယိုထဲမှာတော့ ပိုင်တံခွန် တယောက် ဆွဲဆောင်မှုရှိရှိနဲ့ ထိုင်းမင်းသမီးတွေကို ပွေ့ဖက်ရင်း ကြော်ငြာရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံ ခန္ဓာကိုယ်ကတော့ ပျိုမေလေးတွေ အသည်းစွဲစေလောက်တဲ့ စံချိန်စံနှုန်းရှိပါတယ်။ ပိုင်တံခွန်ကတော့ ဘန်ကောက်မြို့မှာလည်း သူလျှောက်လည်တဲ့ အချိန်တွေမှာ လူတွေ ပြည့်ကျပ်သွားခဲ့ပြီး ပွဲစည်သွားခဲ့ပါသေးတယ်။


ပိုင်တံခွန်ရဲ့ ဆွဲဆောင်မှုရှိပြီး ထိုင်းက အချောလေးတွေနဲ့ ကြော်ငြာရိုက်ထားတဲ့ ဗီဒီယိုလေးတွေကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးတွေလည်း ရင်ခုန်လို့ ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ပိုင်တံခွန်ကို ကြည့်နေရင်းနဲ့တော့ အားကျသွားကြမယ် ထင်ပါတယ်။