နာက်င္စြာနဲ႔ လမ္းခြဲလိုက္ရတဲ့ အခ်စ္ေရးအေၾကာင္း ေျပာျပလာတဲ့ ဇာဇာထက္

2019-09-04 21:39:20


နာက်င္စြာနဲ႔ လမ္းခြဲလိုက္ရတဲ့ အခ်စ္ေရးအေၾကာင္း ေျပာျပလာတဲ့ ဇာဇာထက္

Sexy model လုပ္ရင္း ေအာင္ျမင္တဲ့ အကိတ္တစ္လိုင္းထဲမွာ ဇာဇာထက္လည္း အပါအဝင္ပါ။ gym လိုက္စားတာေၾကာင့္ ေဘာ္ဒီလွ လူသိမ်ား သူလည္း ျဖစ္ပါတယ္။ အႏုပညာအလုပ္ကို ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ လုပ္ကိုင္ေနရင္း ေက်ာ္ေက်ာ္နႏၵရဲ႕ အသံုးခ်ျခင္း ခံလိုက္ရပါေသးတယ္။ လူေကာင္ကိတ္ျပီး အသည္းမာတယ္ ထင္ရေပမဲ့ ႏွလံုးသားႏုတဲ့ ဇာဇာထက္က အခ်စ္ေရး ကံမေကာင္းဘူးဆိုတာ ေျပာခ်င္လြန္းလို႔ပါ။


လတ္တေလာမွာ single ျဖစ္သြားတဲ့ အေၾကာင္း ဇာဇာထက္က ခုလို ရွင္းျပပါတယ္။“အခုေလာေလာဆယ္ေတာ့ single ျဖစ္သြားျပီေပါ့ေနာ္။ RS က ျပန္ဆက္ေပမဲ့လည္း ဆက္ထံုးေတြ မ်ားလို႔ အဆင္မေျပတဲ့ အခါက်ေတာ့ ကၽြန္မလည္း ဟန္ေဆာင္ မေနခ်င္ဘူး။ အတူရွိေနျပီး နာက်င္ရတာထက္ လမ္းခြဲျပီး သူငယ္ခ်င္းပံုစံ ေနရတာက ကၽြန္မအတြက္ ပိုအဆင္ေျပမယ္ ထင္တယ္။ အခ်စ္ကို ကိုးကြယ္ျပီး အခ်စ္က ဘဝ မဟုတ္မွန္း သိလာတဲ့အခ်ိန္မွာ ကၽြန္မ single ျဖစ္ဖို႔ ဆံုးျဖတ္ထားတယ္ေပါ့။ သူလည္း ငယ္ေသးေတာ့ ၾကိဳက္တဲ့ လူကို ေရြးလို႔ ရတယ္။” လို႔ ဆိုပါတယ္။




Sexy ပံုေတြ မတင္ျဖစ္တဲ့ အေၾကာင္းရင္းကိုလည္း ဇာဇာထက္က ခုလို ေျပာျပသြားပါတယ္။“ကၽြန္မအခု အရင္ထက္ပိုျပီး ပံုေတြဆိုရင္ ထိန္းထိန္းသိမ္းသိမ္း ပဲ ရိုက္ျဖစ္တယ္။ ခုေနာက္ပိုင္း ကေလးေတြ case ေပၚေနလို႔ sexy ပံုေတာင္ သိပ္မတင္ျဖစ္ဘူး။ ကၽြန္မလည္း လူသားထဲက လူသားပဲဆိုေတာ့ လူသားခ်င္း စာနာျပီး sexy ပံုေတြ မတင္ျဖစ္ဘူး။” ဆိုျပီး ကိုယ္ခ်င္းစာစိတ္နဲ႔ ေျပာျပသြားပါတယ္။


အခ်စ္ကို ကိုးကြယ္တတ္လို႔ ခံစားရေၾကာင္းလည္း ဇာဇာထက္က ခုလို ရင္ဖြင့္သြားပါတယ္။“အဓိကက ကိုယ္က မိန္းမ မဆန္တဲ့ မိန္းမ ျဖစ္ေနတာေပါ့ေနာ္။ ခၽြဲခၽြဲႏြဲ႕ႏြဲ႕ မေျပာတတ္ဘူး။ ဝုန္းဒိုင္းနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာတတ္တယ္။ ေနာက္ျပီးေတာ့ အခ်စ္ကို ကိုးကြယ္တဲ့ လူျဖစ္တယ္။ ပိုက္ဆံက အဓိက မဟုတ္ဘူး။ ကၽြန္မမွာ ရည္းစားရွိတယ္ဆိုတာကို ခ်ျပတယ္ အနာဂတ္ေတြ ပိတ္ပင္ႏိုင္တယ္ဆိုေပမဲ့ အားလံုးကို အသိေပးခဲ့တယ္။” လို႔ ဆိုပါတယ္။



နာက်င္ရေပမဲ့ အျပံဳးနဲ႔ လမ္းခြဲလိုက္ရေၾကာင္း ဇာဇာထက္က ခုလုိ ဝမ္းနည္းစြာ ရင္ဖြင့္သြားပါတယ္။”“အရာအားလံုးက ကံတရားပဲဆိုေတာ့ သူနဲ႔ ဖူးစာပါရင္ေတာ့ အမ ရမွာေပါ့။ အမကေတာ့ အမနဲ႔ တြဲလို႔ ယူရမယ္ မေျပာထားဘူး။ သူၾကိဳက္ရင္ ယူေပါ့ မၾကိဳက္ရင္ မယူနဲ႔။ မိသားစုရဲ႕ စြန္႔ပစ္ျခင္း ခံထားရတဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ အမက စိတ္ဓာတ္က်လို႔ မျဖစ္ဘူး။ တစ္ေယာက္တည္း ရပ္တည္ေနရမွာ။” ဆိုျပီး ရွင္းျပသြားခဲ့ပါတယ္။


တစ္ကိုယ္တည္း ရပ္တည္ေနရတဲ့ ဇာဇာထက္တစ္ေယာက္ အခ်စ္ေရးမွာ ကံေကာင္းပါေစလို႔ ဆုေတာင္းေပးလုိက္ပါတယ္။


Unicode


Sexy model လုပ်ရင်း အောင်မြင်တဲ့ အကိတ်တစ်လိုင်းထဲမှာ ဇာဇာထက်လည်း အပါအဝင်ပါ။ gym လိုက်စားတာကြောင့် ဘော်ဒီလှသလို ပွဲတစ်ခုမှာ နို့သီးခေါင်းပေါ်သွားပြီး ဟိုးလေးတကျော် ဖြစ်သွားခဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်နေရင်း ကျော်ကျော်နန္ဒရဲ့ အသုံးချခြင်း ခံလိုက်ရပါသေးတယ်။ လူကောင်ကိတ်ပြီး အသည်းမာတယ် ထင်ရပေမဲ့ နှလုံးသားနုတဲ့ ဇာဇာထက်က အချစ်ရေး ကံမကောင်းဘူးဆိုတာ ပြောချင်လွန်းလို့ပါ။


လတ်တလောမှာ single ဖြစ်သွားတဲ့ အကြောင်း ဇာဇာထက်က ခုလို ရှင်းပြပါတယ်။“အခုလောလောဆယ်တော့ single ဖြစ်သွားပြီပေါ့နော်။ RS က ပြန်ဆက်ပေမဲ့လည်း ဆက်ထုံးတွေ များလို့ အဆင်မပြေတဲ့ အခါကျတော့ ကျွန်မလည်း ဟန်ဆောင် မနေချင်ဘူး။ အတူရှိနေပြီး နာကျင်ရတာထက် လမ်းခွဲပြီး သူငယ်ချင်းပုံစံ နေရတာက ကျွန်မအတွက် ပိုအဆင်ပြေမယ် ထင်တယ်။ အချစ်ကို ကိုးကွယ်ပြီး အချစ်က ဘဝ မဟုတ်မှန်း သိလာတဲ့အချိန်မှာ ကျွန်မ single ဖြစ်ဖို့ ဆုံးဖြတ်ထားတယ်ပေါ့။ သူလည်း ငယ်သေးတော့ ကြိုက်တဲ့ လူကို ရွေးလို့ ရတယ်။” လို့ ဆိုပါတယ်။


Sexy ပုံတွေ မတင်ဖြစ်တဲ့ အကြောင်းရင်းကိုလည်း ဇာဇာထက်က ခုလို ပြောပြသွားပါတယ်။“ကျွန်မအခု အရင်ထက်ပိုပြီး ပုံတွေဆိုရင် ထိန်းထိန်းသိမ်းသိမ်း ပဲ ရိုက်ဖြစ်တယ်။ ခုနောက်ပိုင်း ကလေးတွေ case ပေါ်နေလို့ sexy ပုံတောင် သိပ်မတင်ဖြစ်ဘူး။ ကျွန်မလည်း လူသားထဲက လူသားပဲဆိုတော့ လူသားချင်း စာနာပြီး sexy ပုံတွေ မတင်ဖြစ်ဘူး။” ဆိုပြီး ကိုယ်ချင်းစာစိတ်နဲ့ ပြောပြသွားပါတယ်။


အချစ်ကို ကိုးကွယ်တတ်လို့ ခံစားရကြောင်းလည်း ဇာဇာထက်က ခုလို ရင်ဖွင့်သွားပါတယ်။“အဓိကက ကိုယ်က မိန်းမ မဆန်တဲ့ မိန်းမ ဖြစ်နေတာပေါ့နော်။ ချွဲချွဲနွဲ့နွဲ့ မပြောတတ်ဘူး။ ဝုန်းဒိုင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ နောက်ပြီးတော့ အချစ်ကို ကိုးကွယ်တဲ့ လူဖြစ်တယ်။ ပိုက်ဆံက အဓိက မဟုတ်ဘူး။ ကျွန်မမှာ ရည်းစားရှိတယ်ဆိုတာကို ချပြတယ် အနာဂတ်တွေ ပိတ်ပင်နိုင်တယ်ဆိုပေမဲ့ အားလုံးကို အသိပေးခဲ့တယ်။” လို့ ဆိုပါတယ်။


နာကျင်ရပေမဲ့ အပြုံးနဲ့ လမ်းခွဲလိုက်ရကြောင်း ဇာဇာထက်က ခုလို ဝမ်းနည်းစွာ ရင်ဖွင့်သွားပါတယ်။”“အရာအားလုံးက ကံတရားပဲဆိုတော့ သူနဲ့ ဖူးစာပါရင်တော့ အမ ရမှာပေါ့။ အမကတော့ အမနဲ့ တွဲလို့ ယူရမယ် မပြောထားဘူး။ သူကြိုက်ရင် ယူပေါ့ မကြိုက်ရင် မယူနဲ့။ မိသားစုရဲ့ စွန့်ပစ်ခြင်း ခံထားရတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အမက စိတ်ဓာတ်ကျလို့ မဖြစ်ဘူး။ တစ်ယောက်တည်း ရပ်တည်နေရမှာ။” ဆိုပြီး ရှင်းပြသွားခဲ့ပါတယ်။


တစ်ကိုယ်တည်း ရပ်တည်နေရတဲ့ ဇာဇာထက်တစ်ယောက် အချစ်ရေးမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။