လမ်းဘေးမှာ အကူအညီမဲ့နေတဲ့ ကလေးနဲ့ အဖွားတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့ စူးရှထက်

2019-09-04 21:16:24


လမ်းဘေးမှာ အကူအညီမဲ့နေတဲ့ ကလေးနဲ့ အဖွားတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့ စူးရှထက်

ယခုနောက်ပိုင်း ပရိသတ်တွေကြားမှာ နာမည်တဖြည်းဖြည်း ရလာတဲ့ မော်ဒယ် စူးရှထက် ကတော့ သူ့အနေနဲ့ အဆိုတော် အစ္စဏီနဲ့ ပြသာနာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ တော်တော်များများလေးလည်း ဝေဖန်ခံလိုက်ရတာ ဖြစ်ပါတယ်။ အစ္စဏီနဲ့ အမှုပြသာနာတက်ပြီး တနှစ်လောက်အကြာမှာတော့ စူးရှထက်က သူ့ဖက်ကနေ ကျေအေးပေးလိုက်ပြီး အားလုံးအေးဆေးတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်




စူးရှထက်ကတော့ သူ့အနေနဲ့ ဒီလိုမျိုး အမှုရင်ဆိုင်နေစဉ် ကာလမှာလည်း တယောက်ထဲ မိဘတွေကို ရှာဖွေ ကျွေးမွေးနေရတာ ဖြစ်ပြီး တဖက်မှာလည်း တတ်နိုင်သလောက်လေး ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စူးရှထက်ကတော့ ဖောင်ဒေးရှင်းတွေ ဘာတွေမရှိပေမယ့်လည်း သူတတ်နိုင်ရင် တတ်နိုင်သလောက်တော့ လမ်းပေါ်မှာတွေ့ရဲ့တဲ့ ဒုက္ခရောက်သူတွေ အခက်အခဲ ဖြစ်သူတွေကိုတော့ ကူညီလေ့ရှိပါတယ်။