Idiots နဲ့ Eternal Gosh Band ကိုအရမ်းကြိုက်လို့ ရှုတင်ဖျက်ပြီး လာကြည့်တယ်ဆိုတဲ့ ခင်ဝင့်ဝါ

2019-09-04 21:14:19


Idiots နဲ့ Eternal Gosh Band ကိုအရမ်းကြိုက်လို့ ရှုတင်ဖျက်ပြီး လာကြည့်တယ်ဆိုတဲ့ ခင်ဝင့်ဝါ


















 


Unicode


ယောကျာ်းလေးတိုင်း အသည်းစွဲ အားပေးကြတဲ့ မင်းသမီးလေး ခင်ဝင့်ဝါကတော့ သူ့အနေနဲ့ သူအရမ်းကြိုက်တဲ့ Band နှစ် Band ရဲ့ ရိုးပွဲကိုတော့ ရှုတင်ကိုတောင် ဖျက်ပြီးတော့ လာကြည့်တယ်ဆိုတဲ့ အကြောင်းကို ပြောကြားသွားပြီး Idiots Band နဲ့ Eternal gosh Band ၂ ခုလုံးကို အရမ်းကြိုက်ပြီး ဘယ်သီချင်းတွေကို ကြိုက်လည်းဆိုတာကိုတော့ ပြောကြားသွား ခဲ့ပါတယ်။


ပွဲလာအားပေးဖြစ်တဲ့အကြောင်းလေးနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါကတော့ ” ဒီလိုမျိုး live showကမကြည့်ဖြစ်တာကြာပြီလေ မှတ်မှတ်ရရ မနီနီခင်ဇော်ပွဲကနောက်ဆုံးပေါ့ ဒီပွဲကိုပြန်ကြည့်တော့ အရမ်းရင်ခုန်တယ် ဘာလို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့ Band နှစ် Band ပေါ့နော် အရမ်းရင်ခုန်တယ် အရမ်းလဲပျော်တယ် သီချင်းတွေလဲကျက်ထားတယ် ”


Idiots bandနဲ့Eternal Gosh band ရဲ့ဘယ်သီချင်းတွေကြိုက်လဲ ဆိုတဲ့ အပေါ်မှာတော့ “Idiostပေါ့နော် တက္ကသိုလ်တက်တုန်းက မှတ်မှတ်ရရ ချန်ခဲ့ သီချင်းတို့ ပြီးတော့ဝမ်းနည်းတက်တဲ့ ချစ်သူတို့အဲ့သီချင်းတွေပေါ့နော် ဝမ်းနည်းတက်တဲ့ချစ်သူကို ဖုန်းထဲမှာထည့်ထားတယ် ခံစားချက်တော့မတိုက်ဆိုင်ဘူး ကြိုက်လို့ထည့်တယ် အဲ့ကတည်းကပေါ့ အရမ်းကြိုက်တာ Idiots ကို ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် Eternal goshကျတော့ သီချငိးကို သိတာကြာပီ ဒီbandဆိုတယ်ဆိုတာ မသိတာပေါ့နော် အခုတော့သိသွားပြီ အရမ်းကြိုက်တယ် လက်ခုပ်တို့ ဝဠ်ကြွေးတို့ ပြီးတော့မိုးမခအိမ်မက် အဲ့သီချင်းတွေကြိုက်တယ် ”


ရှိုးပွဲတွေရော သွားဖြစ်နေကျပဲလား” မဟုတ်ဘူး ပွင့်ပွင့်လင်းလင်းပြောရရင် ရှုတင်ဖျက်ပြီးလာတာ ခါတိုင်းလာကြည့်ဖို့က ရှုတင်ရှိတော့ရှုတင်ကပြီးတဲ့ အချိန်နဲ့ ပွဲစတဲ့အချိန်နဲ့က လာဖို့ဆိုတာ အချိန်ကမတိုက်ဆိုင်ဘူးပေါ့နော် ဒီပွဲကစစကြားထဲက ဒီရက်လုပ်မယ်ဆိုတော့ ဒီရက်ကိုဖယ်ထားပြီးတော့ ရှုတင်ဖျက်ပြီးလာတာ ”


ပရိသတ်တစ်ယောက်အနေနဲ့ အားပေးမှုနဲ့” ကိုယ်လဲပရိသတ် တစ်ယောက်ပဲလေ ကိုအားပေးတဲ့ Idol ပေါ့ ကိုယ်ကြိုက်တဲ့ Celebrity နဲ့ ဓာတ်ပုံတွဲရိုက်ရဒါတောင် အရမ်းရင်ခုန်တယ် ပြောချင်တာက ကိုယ်လဲပရိသတ်ထဲကပရိသတ် တစ်ယောက်ဘဲပေါ့ အဲ့အတွက်ကြောင့်အရမ်းပျော်တယ် အရမ်းရင်ခုန်တယ် ကိုယ်ကိုကိုလုံးဝရှိုးပွဲလာကြည့်တဲ့ သာမန်မိန်းကလေးတစ်ယောက်လိုဘဲ ပေါ့ပေါ့ပါးပါးပေါ့ ” ဟု ပြောကြားသွား ခဲ့ပါတယ်။