ကွန်ဒို ကိုဝေဖန်မိလို့ တရားစွဲခံရတဲ့ ကိစ္စကို ဒဲ့ဝေဖန်လိုက်တဲ့ ကိုမောင်မောင်အေး

2019-09-04 20:42:21


ကွန်ဒို ကိုဝေဖန်မိလို့ တရားစွဲခံရတဲ့ ကိစ္စကို ဒဲ့ဝေဖန်လိုက်တဲ့ ကိုမောင်မောင်အေး

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း က ကွန်ဒိုမှာ နေထိုင်သူတစ်ချို့က အဆိုပါကွန်ဒိုရဲ့ ချို့ယွင်းချက်တစ်ခုက်ု သူမရဲ့ လူမှုကွန်ယက်ကနေ ပုံတွေနဲ့အတူ ဝေမျှခဲ့ပါတယ်။ အဲ့ဒီလို ဝေမျှခဲ့မှုကို ကွန်ဒို ပိုင်ရှင်တွေဘက်က ၆၆ ဃ နဲ့ အမူဖွင့်တိုင်ကြားကာ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး နိုင်ငံကျော် အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေး ကဥပမာလေးတွေပေးပြီး ထိရောက်တဲ့စကားလုံးတွေနဲ့ နစ်နာသူတွေဘက်မှ ချေပပြောဆိုလာပါတယ်။



 

သူပြောခဲ့တာကတော့ ” စားသောက်ဆိုင်တွေမှာ ကိုယ့်ဟင်းပွဲထဲ အမှိုက်စ / အမွှေးအမျှင် / ပိုးမွှား အကောင်ဘလောင်လေးတွေ ပါလာလို့ရှိရင်တောင် FB တင်ပြီး ကွန်ပလိန်းတက်လိုက်တာနဲ့ ဆိုင်ရှင်ကအစ ကျေနပ်အောင်သေချာတောင်းပန်ပြီး စိတ်ကျေနပ်မှုရအောင် ဝန်ဆောင်မှုပေးနေကြရတဲ့ခေတ်မှာမှ…..”


 

” ကိုယ့်ချွေးနည်းစာနဲ့ ရှာထားတဲ့ငွေနဲ့ သိန်းထောင်ကျော်တန် ကွန်ဒို လို့နာမည်တပ်ထားတဲ့တိုက်ခန်း မှာ အားနည်းချက်တွေများစွာရှိလို့ ( အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အထိ ဓါတ်လှေကား တပ်ဆင်ထားမှု ) ကိုယ့်အဆင်မပြေမှုတွေ ထုတ်ပြောတာကိုမှ တရားပြန်စွဲခံရ… ညကြီးသန်းခေါင် လူအုပ်နဲ့ လာပြီး ဖမ်းမယ် ဆီးမယ် လာလုပ်လို့ရတဲ့ တိုင်းပြည်….သေချာပြန်တွေးကြည့်တော့လည်း သိပ်မထူးဆန်းဘူးရယ်…”




” ဘတ်စ်ကားခ ငါးမူး တကျပ် ကနေ ၅၀ / ၁၀၀ လောက်ပေးစီးရတဲ့အချိန်အထိ နှစ်ပေါင်း ၄/၅ ဆယ်လောက်ကို နေ့စဉ်နေ့တိုင်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် အလုပ်သွား ပြန်လုပ်နေကြတဲ့ ခရီးသည်တွေ သိန်းချီအပေါ် ပုဆိုးတိုတို နဲ့ စွယ်ကျယ် ညစ်တီးညစ်ပတ်တွေဝတ်ပြီး ကွမ်းတဗြစ်ဗြစ်ထွေးရင်း နဲ့ ကိုယ့်ငယ်ကျွန်လောက်သဘောထားပြီး ဟိန်းလားဟောက်လား တွေလုပ်နေခဲ့ကြတဲ့အပြင် မိန်းကလေးတွေအပေါ် မတော်တဆလိုလိုနဲ့ ရည်ရွယ်ချက်ရှိရှိ ဟိုကိုင် ဒီကိုင် လုပ်နေကြတဲ့ စပါယ်ယာ အောက်တန်းစားအလွှာကြီးတောင် သက်ဆိုးအရှည်ကြီး ရှည်ခဲ့ကြသလို….. ဒီလို လုပ်တာကပဲ သူတို့လုပ်ပိုင်ခွင့်လို့ထင်နေခဲ့ကြမှတော့ စားသုံးသူ အခွင့်အရေးဆိုတာ ဒီနိုင်ငံမှာ ပျောက်ဆုံးနေခဲ့တာ ကြာလှပေါ့…”




ငယ်ရုပ်မပျောက်ပဲ ကြီးပြင်းလာကြောင်းကို သက်သေပြထားတဲ့ Yeo Jin Goo ရဲ့ ကလေးဘ၀ကဓာတ်ပုံ


” အခုကိစ္စမှာလည်း ငါ့ကုမ္ပဏီ ကို ယုံကြည်လို့… ငါ့ ထုတ်ကုန်ကို တန်ရာတန်ကြေးပေးထားတဲ့ သုံးစွဲသူအပေါ် စံမမီတဲ့ဝန်ဆောင်မှုတွေပေးတဲ့အပြင် စားသုံးသူရဲ့ အဆင်မပြေမှုအပေါ် ကျေလည်အောင်မဖြေရှင်းပေးဘဲ တရားတောင်ပြန်စွဲသေးတယ်ဆိုတာ ဟိုးအရင်ခေတ်က စပါယ်ယာတွေ လူပါးဝနေသလိုမျိုးပဲလို့ မြင်တယ်…ကိုယ့်ငွေနဲ့ကိုယ် အစော်ကားခံရတာ… လူပါးဝ ခံရတာ….အနိုင်ကျင့်ခံရတာ…”




” ကလေးဘဝတုန်းက တခုခုမတရားတာတွေ့ကြုံလို့ ပြန်တုန့်ပြန်မယ်ဆိုတိုင်း သူ့ဘက်က ဘယ်လောက်မှားနေပါစေ ကိုယ့်ဘက်ကမှန်နေလည်း အစွမ်းကုန်သည်းခံခိုင်းခဲ့တဲ့ အဖေ့ရဲ့ သင်ပြဆုံးမမှုတွေဟာ ဒီခေတ်မှာ လုံးဝအံမဝင်တော့တာ သိသိလာရတယ်….မတရားမှုတွေဟာ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ခဲ့တာတောင် ကိုယ့်ဘဝ အပျက်ခံပြီး စစ်အာဏာရှင်တွေကို အပ်တိုတချောင်းတောင်မကိုင်ဘဲ နှစ်ရှည်လများ ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ကြတဲ့ ဘဘဦးတင်ဦး.. ဘဘဦးဝင်းတင်တို့လို.. အမေစု တို့လို… ကိုမင်းကိုနိုင်တို့လို ရှေ့ဆောင်လမ်းပြသူရဲကောင်းစစ်စစ်တွေဆီက စိတ်ဓါတ်ခွန်အားတွေနဲ့ အတုယူစရာတွေကြောင့် ဒီနောက်ပိုင်း ကိုယ့်ရှေ့မှာ မတရားတာတွေ တွေ့မြင်နေရင် နိုင်သလောက်ပြောဖြစ်တယ်…”


” မတရားမှုတွေ ကိုယ့်ကိုယ် လာမလုပ်မချင်း မသိသလိုနေ နေသရွေ့… မတရားမှုတွေလုပ်သားကျတဲ့သူတွေ အရမ်းများလာတဲ့တနေ့… ကိုယ်တိုင် မတရားပြုကျင့်ခံရတော့မှ ကယ်ပါ ကူပါပြောရင် ဆေးမမီတော့ဘူးဆိုတာ သိထားကြစေချင်တယ်…မတရားမှုမှန်သမျှ ခေါင်းငုံ့မခံကြဖို့…. မတရားမှုခံရတဲ့သူတွေအပေါ် ဝိုင်းဝန်းရပ်တည်ပေးကြရင်း ရေရှည်မှာ ကိုယ်ကျိုးစစ်စစ်အတွက်ပါ အကျိုးဖြစ်လာစေဖို့ လေးလေးနက်နက်တိုက်တွန်းပါတယ်…လူညီပြီး ဤ ကို ဤ စစ်စစ်… ကျွဲ ကို ကျွဲ စစ်စစ် ဖတ်နိုင်ကြသော လူဆန်သော လူစစ်သော လူ့အဖွဲ့အစည်းစစ်စစ်အဖြစ် အမြန်ဆုံးရောက်ရှိပါစေ မြန်မာပြည် လို့ ဆုတောင်းပါတယ်….We stand with you Aye Hnin ” ဆိုပြီး သေသေသပ်သပ် လေးရေးသားဖော်ပြခဲ့ပါတယ်။


ဖတ်ရှု့ပေးတဲ့ မိုမိုလေးချစ်ပရိသတ်ကိုကျေးဇူးအထူးတင်ရှိပါတယ်။


May Phyo(mml)

Source – mg mg aye