မြမြအဖြစ်သင်ဇာ သရုပ်ဆောင်မှာကြောင့် မုဒိန်းသမားအဖြစ် သရုပ်ဆောင်လိုသူ များပြားလာ

2019-09-04 20:39:47


မြမြအဖြစ်သင်ဇာ သရုပ်ဆောင်မှာကြောင့် မုဒိန်းသမားအဖြစ် သရုပ်ဆောင်လိုသူ များပြားလာ

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာ ဂမ္ဘီရဆန်ဆန် ပျံ့နှံခဲ့တဲ့ အဓ္ဓမပြုခံရတဲ့ မြမြ အကြောင်းကို လူတွေစိတ်ဝင်တစ်စားပြောလာတဲ့နောက်မှာ ဒါရိုက်တာညိုမင်းလွင်က အဲ့ဒီဖြစ်ရပ်ကို အခြေခံပြီး ရုပ်ရှင်ရိုက်ကူးတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။


 

ဝေဖန်မှုတွေရှိလာပြီးတဲ့နောက်မှာ အခုဆိုရင် မြမြအဖြစ်သရုပ်ဆောင်မယ့် မင်းသမီးကိုလည်း ထုတ်ဖော်လိုက်ပြီဖြစ်ပါတယ်။မြမြနေရာကနေ ပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်ကတော့ စမတ်ကျကျနဲ့ နေထိုင်တတ်ပြီး ဆက်ဆီ ကျကျဝတ်ဆင်လေ့ရှိတဲ့ ပုရိသတွေရဲ့ မမသင်ဇာပဲဖြစ်ပါတယ်။


 

သင်ဇာဝင့်ကျော်ကတော့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ်ဆိုတဲ့ အကြောင်းကို “(၁၀) လပိုင်းမှာ သင်ဇာရိုက်မယ့် ရုပ်ရှင်ကားပါ ဇာတ်ကားနာမည်က ‘မြ’”ဆိုပြီးတော့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်က မြမြနေရာကနေ ပါဝင်သရုပ်ဆောင်မယ့်အပေါ် ပရိသတ်တွေကြားမှာ အံ့သြမှုအပြည့်နဲ့ ဝေဖန်မှုတွေကိုလည်း တွေ့မြင်ရပါသေးတယ်။ မြမြအဖြစ်သရုပ်ဆောင်မယ့် အနုပညာရှင်က သင်ဇာဖြစ်နေသောအခါ “တစ်ယောက်လောက် ထပ်ရွေးပေးလို့မရဘူးလား “ဆိုပြီးတော့ အမျိုးသား ပရိသတ်တစ်ယောက်ကေ ပြောပြထားတာဖြစ်ပါတယ်။


နောက်ထပ်ပရိသတ်တွေကလည်း “မုဒိမ်းကောင်အဖြစ်ကျနော်တစ်ပြားမှမလျှော့ဘူး”၊” အဲ့လိုမှန်းသိရင် ငါ မုဒိမ်းကောင် character နေရာက သရုပ်ဆောင်တယ်ကွာ” စသဖငြ့်ပရိသတ်တွေက မုဒိမ်းသရုပ်ဆောင်ဖြစ်ချင်သွားတယ် ဆိုတဲ့ အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။ပရိသတ်ကြီးထဲက အမျိုးသားထုကြီးကရော သရုပ်ဆောင်လုပ်ချင်စိတ်မရှိကြဘူးလား