ေပါင္(၄၀၀၀)နဲ႔ အပ်ိဳစင္ဘဝကို ေရာင္းဖုိ႔သေဘာတူလိုက္တဲ့ ႐ု႐ွားေက်ာင္းသူေလးရဲ႕အျဖစ္

2019-09-04 09:34:17


ေပါင္(၄၀၀၀)နဲ႔ အပ်ိဳစင္ဘဝကို ေရာင္းဖုိ႔သေဘာတူလိုက္တဲ့ ႐ု႐ွားေက်ာင္းသူေလးရဲ႕အျဖစ္

႐ုရွားႏုိင္ငံက အသက္(၁၆)ႏွစ္သာရွိေသးတဲ့ ေက်ာင္းသူေလးတစ္ေယာက္ဟာ သူမရဲ႕ အပ်ိဳစင္ဘဝကို ၾကားပြဲစားနဲ႔ ခ်ိတ္ဆက္ၿပီး ေပါင္(၄၀၀၀)နဲ႔ ေရာင္းခ်ဖုိ႔ သေဘာတူညီခဲ့ပါတယ္။ သူမကို ဆက္သြယ္လာသူေတြကေတာ့ လူကုန္ကူးသူေတြျဖစ္ပါတယ္။


ေကာင္မေလးရဲ႕နာမည္ကေတာ့ Vika ျဖစ္ပါတယ္။ သူမဟာ လူကုန္ကူးသမားေတြရဲ႕ အယုံသြင္းျခင္းခံခဲ့ရၿပီး၊ တစ္ည အလုပ္လုပ္ၿပီးတာနဲ႔ ၿပီးသြားလိမ့္မယ္လို႔ ထင္ထားခဲ့ေပမယ့္၊ လူကုန္ကူးသူေတြက သူမကို တစ္သက္လုံး လိင္ကၽြန္ဘဝနဲ႔ ခ်ဳပ္ေႏွာင္ထားဖုိ႔ စီစဥ္ထားတာပါ။




ေက်ာင္းသူေလးကလည္း ဇာတိကေန ေမာ္စကုိအထိ အရဲစြန္႔တက္လာခဲ့ၿပီး၊ သူမရဲ႕ အပ်ိဳစင္ဘဝကို လူမသိသူမသိ ေရာင္းဖုိ႔ အဆင္သင့္ပါဘဲ။ သူမ ပိုက္ဆံအသုံးလုိတဲ့အတြက္ အခုလုိ မိဘေတြအသိမေပးဘဲ ထြက္လာခဲ့တာပါ။ လူကုန္ကူးသမားႏွစ္ဦးကေတာ့ Yury နဲ႔ Said တုိ႔ ျဖစ္ပါတယ္။




သူတုိ႔ႏွစ္ေယာက္က သူမကို တစ္ညတည္းဆုိရင္ ၿပီးပါတယ္လုိ႔ ဆုိထားေပမယ့္ တကယ္တမ္းက Vika အဖုိ႔ ဘယ္ေတာ့မွ လိင္ကၽြန္ဘဝက မလြတ္ေတာ့မယ့္လမ္းကို ေရြးမိရက္သား ျဖစ္ေတာ့မွာပါ။ ကံေကာင္းတာက ေမာ္စကုိအေျခစုိက္ရဲတပ္ဖြဲ႕က ဒီကိစၥကို ေျခရာခံႏုိင္ခဲ့ပါတယ္။




ဒီလုိနဲ႔ ျပစ္မႈက်ဳးလြန္သူေတြျဖစ္တဲ့ Yury နဲ႔ Said တုိ႔ကို ဖမ္းဆီးႏုိင္ခဲ့ၿပီး၊ Vika ရဲ႕ မသင့္ေလွ်ာ္တဲ့ အႀကံအစည္ကိုလည္း ရဲက တားဆီးႏုိင္ခဲ့ေၾကာင္း၊ ေဒသအေျခစုိက္သတင္းစာ Komsomolskaya Pravda မွာ ေဖာ္ျပခဲ့ပါတယ္။


လင္းေဇာ္ကို (D Nae Khit)


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ရုရှားနိုင်ငံက အသက်(၁၆)နှစ်သာရှိသေးတဲ့ ကျောင်းသူလေးတစ်ယောက်ဟာ သူမရဲ့ အပျိုစင်ဘဝကို ကြားပွဲစားနဲ့ ချိတ်ဆက်ပြီး ပေါင်(၄၀၀၀)နဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။ သူမကို ဆက်သွယ်လာသူတွေကတော့ လူကုန်ကူးသူတွေဖြစ်ပါတယ်။




ကောင်မလေးရဲ့နာမည်ကတော့ Vika ဖြစ်ပါတယ်။ သူမဟာ လူကုန်ကူးသမားတွေရဲ့ အယုံသွင်းခြင်းခံခဲ့ရပြီး၊ တစ်ည အလုပ်လုပ်ပြီးတာနဲ့ ပြီးသွားလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့်၊ လူကုန်ကူးသူတွေက သူမကို တစ်သက်လုံး လိင်ကျွန်ဘဝနဲ့ ချုပ်နှောင်ထားဖို့ စီစဉ်ထားတာပါ။


ကျောင်းသူလေးကလည်း ဇာတိကနေ မော်စကိုအထိ အရဲစွန့်တက်လာခဲ့ပြီး၊ သူမရဲ့ အပျိုစင်ဘဝကို လူမသိသူမသိ ရောင်းဖို့ အဆင်သင့်ပါဘဲ။ သူမ ပိုက်ဆံအသုံးလိုတဲ့အတွက် အခုလို မိဘတွေအသိမပေးဘဲ ထွက်လာခဲ့တာပါ။ လူကုန်ကူးသမားနှစ်ဦးကတော့ Yury နဲ့ Said တို့ ဖြစ်ပါတယ်။


သူတို့နှစ်ယောက်က သူမကို တစ်ညတည်းဆိုရင် ပြီးပါတယ်လို့ ဆိုထားပေမယ့် တကယ်တမ်းက Vika အဖို့ ဘယ်တော့မှ လိင်ကျွန်ဘဝက မလွတ်တော့မယ့်လမ်းကို ရွေးမိရက်သား ဖြစ်တော့မှာပါ။ ကံကောင်းတာက မော်စကိုအခြေစိုက်ရဲတပ်ဖွဲ့က ဒီကိစ္စကို ခြေရာခံနိုင်ခဲ့ပါတယ်။


ဒီလိုနဲ့ ပြစ်မှုကျုးလွန်သူတွေဖြစ်တဲ့ Yury နဲ့ Said တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ Vika ရဲ့ မသင့်လျှော်တဲ့ အကြံအစည်ကိုလည်း ရဲက တားဆီးနိုင်ခဲ့ကြောင်း၊ ဒေသအခြေစိုက်သတင်းစာ Komsomolskaya Pravda မှာ ဖော်ပြခဲ့ပါတယ်။


Credit: D Nae Khit