2019-09-02 12:04:29
Unicode Version
ယူနီကုတ် မသုံးဖြစ်သေးတဲ့ အဓိက အကြောင်းအရင်း (ဟာသ)
ယူနီကုတ်ပြောင်းသုံးဖို့ ရင်းနှီးတဲ့ အိုင်တီဂုရုအားလုံးက တိုက်တွန်းကြပါတယ်။ ယူနီကုတ်သုံးတာကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကိုလည်း ရှင်းပြကြပါတယ်။ ဖတ်ကြည့်ပါဆိုပြီး အချက်အလက် အများအပြားကိုလည်း ပေးပို့လာကြပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြောင်းသုံးသင့်မှန်း သိရှိနားလည်ပြီးသားပါ။ ခင်ဗျားတို့သိအောင် တစ်ခုလောက်တော့ ပြောပြချင်ပါတယ်။ ကျွန်တော့်မိန်းမက ပို့လာမယ့် မက်ဆေ့ချ်တွေကို ဖတ်နိုင်ဖို့ဟာ ကျွန်တော့်ဘဝအတွက် အင်မတန်မှကို အရေးကြီးပါတယ်။
ဒါကြောင့် အိမ်ကမိန်းမ ယူနီမကုတ်သေးသရွေ့ ကျွန်တော် ကုတ်လို့မရပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ (စကားမစပ်- လက်ခုပ်တီးလို့ရပါပြီ)
Ye Min Oo (လေးစားမှုဖြင့် ခရက်ဒစ်)