ဒီလိုရိုးသားတဲ့ သူတွေရှိနေသေးတာ မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာပါ

2019-09-01 12:45:20


ဒီလိုရိုးသားတဲ့ သူတွေရှိနေသေးတာ မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာပါ

“ရိုးသားမှုတွေရှိနေခြင်းအတွက်ဝမ်းမြောက်ဂုဏ်ယူမိခြင်း”


မနေ.ကနံက်စောစော (၇)နာရီလောက်..ဖုံးတခုဝင်လာသည်။ ကျွန်တော.အကိုကြီးထံမှစိုးရိမ်ပူပန်မှုအပြည်.နှင်.ဆက်လာခြင်း ဖြစ်သည်။ 8 Mile Hotel မှ ဆည်မြောင်းလမ်းရှိ Lucky Seven လ္ဘက်ရည် ဆိုင်ထိ ကျပ် ၁၅၀၀နဲ.Taxi ငှားပြီးနံက်စာလာစားကြ၏။


ပိုက်ဆံ ရှင်းတော.မှ ၄င်းတို.၏ပိုက်ဆံအိတ်မတွေ.၍စဉ်းစားကြည်.တော. ခုန City Taxi ပေါ်မှာမေ.ကျန်ခဲ.လေပြီ။ Walletထဲတွင် $ 700 နှင်ကျပ်၁သိန်းကျော်ပါသွားပြီး ငွေထက် အရေးကြီးသည်.ID Cardsများပါသွားသဖြင်.ဘယ်လိုနည်းနဲ.ပြန်ရ နိုင်မလဲစဉ်းစားကြသည်။ ” ရေအဆုံးကုန်းတစ်ဝက်ပေါ.” Grab Taxi ဆိုရင် နောက်ကြောင်းလိုက်လို.ရနိုင်သေးသည်။ သူတို.တွေလည်း ၁၁ နာရီလေယာဉ်နဲ.US ပြန်ကြမှာဖြစ်လို.ID Card မရှိရင်အခက်အခဲတွေရှိလာနိုင်သည်။


ဒါ.ကြောင်.Lucky Seven ဆိုင်မှာ Contact message ထားပြီး 8 Mile Hotel မှာပြန်ပြီး F.Oမှာလည်းMessage ပေးခဲ.သည်။ Check out လုပ်ဖို.ပြင်ဆင်နေရင်းမရီးဖြစ်သူမှ ဘုရားအာရုဏ်ပြု မေတ္တာပို.နေစဉ်အခန်းကို Receptionist ကလေး မစု မှလာပြော ပါတယ်။ F.O မှာလူတယောက်လာပြီးပိုက်ဆံအိတ်ကောက်ရလို. လာမေးကြောင်း၊ သိရရခြင်းဆင်းကြည်.တော.ခုနငှားခဲ.တဲ.Taxi Driver ကြီးဖြစ်နေတယ်။




သူလည်းနောက်စီးတဲ.ခရီးသည်ကနောက်ခန်းမှာ ပိုက်ဆံအိတ်တခု ကောက်ရကြောင်း သူထံအပ်ပြီးလေဆိပ်မှာဆင်းသွားတယ်။ ဖွင်.ကြည်.တော.ID Cardsနဲ.ငွေတွေတွေ.တော.ဘယ်လိုပြန်ပေး ရမလဲစဉ်းစားပြီး သူတို.ငှားစီးခဲ.တဲ.Junction 8 ဖက်ပြန်မောင်း လာခဲ.တယ်။ပိုင်ရှင်ထံပြန်ပေးသင်.တယ်ဆိုတဲ.ရိုးသားမှုအရင်းခံ စိတ်နဲ.လာရှာတာဖြစ်ကြောင်းပြောပြပါတယ်။


ကျွန်တော.အကိုလည်းမမျှော်လင်.ဘဲပိုက်ဆံအိတ်လက်ဝယ်ပြန်ရ ၍အံဩပြီးကြက်သေ သေနေစဉ်Taxi Driverကြီးကပြန်ထွက်သွား ခဲ.ပြီ။ သတိရရခြင်းလိုက်သွားပြီး ဆု ငွေ $100 ပေးတော.ငြင်းပါ တယ်။ ရိုးသားမှုအတွက်ချီးမြှင်.တာကြောင်လက်ခံဖို.အတင်းပေး မှယူပြီး သူမိသားစုမှာငွေအခက်အခဲကြုံနေရပေမယ်.ကိုယ်ချင်းစာ စိတ်နဲ.လာရှာပေးတာဖြစ်ကြောင်းပြောခဲ.ပါတယ်။




ကျွန်တော်တို.မြန်မာလူမျိုးတွေမှာ ရိုးသားမှုအရင်းခံ ကိုယ်ချင်းစာ စိတ်ဓာတ်ကောင်းတွေရှိနေသေးပါလားလို.တွေးမိရင်းဝမ်းသာမိပါတယ်။ အကယ်၍နောက်ခရီးသည်က မရိုးသားခဲ.ရင်လည်းပြန်ရ စရာအကြောင်းမရှိသလို Taxi Driver ကြီး” ဦးအေးလွင်” မှ တားစီးတဲ.ခရီးသည်တွေလက်မခံဘဲ အချိန်မှီလာပေးလိုသာ ကိုကြီး တို.ပြည်တော်ပြန်စိတ်ချမ်းသာခဲ.ရတာမဟုတ်ပေလော!


ရိုးသားမှုအရင်းခံရှိပြီးကိုယ်ချင်းစာစိတ်ရှိသူအားလုံးကို ကျေးဇူးတင်လေးစားဂါရ၀ထားလျှက်…


Thet Lwin Toh