ဒူဘိုင်းမှာ အိုမီခရွန် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာကြောင့် တစ်ယောက်တည်း စိတ်အားငယ်နေရကြောင်း ရင်ဖွင့်လာတဲ့ ဆိုဖီယာ


ဒူဘိုင်းမှာ အိုမီခရွန် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာကြောင့် တစ်ယောက်တည်း စိတ်အားငယ်နေရကြောင်း ရင်ဖွင့်လာတဲ့ ဆိုဖီယာ

အဆိုတော် Sophia Everest ကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို သီဆိုတတ်သူတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပဲဖြစ်ပါတယ်။


Sophia Everest က အခုဆိုရင် ဒူဘိုင်းကိုရောက်ရှိနေတာဖြစ်ပြီး အိုမီခရွှန်ဗိုင်းရပ်စ်သစ် ကူးစက်ခြင်းခံထားရတာဖြစ်ပါတယ်။သူမအနေနဲ့ အဝေးကိုရောက်နေတာတောင် မိသားစုရဲ့ နွေးထွေးကြင်နာမှုကို မရရှိခဲ့ကြောင်း အခုလိုပဲ ရင်ဖွင့်လာခဲ့ပါတယ်။


“အိမ်မှာ တအိမ် လုံး ဖြစ်တုန်းက ငါရှိတယ် ငါအကောင်းဆုံး လုပ်ပေးခဲ့တယ်နော်။ ဘယ်လောက်ရယ်ရလဲဆိုတာ ခုကိုယ်လည်း ဖြစ်ရော အိမ်က မောင်တယောက်တည်းရှိတဲ့ သူက တချက်လှမ်းတောင်မေးဖော်မရဘူး တချက်မှ စာမပိုဖုန်းမဆက်။သူဖြစ်တုန်းက ကို အသိ လူတွေ ဆရာဝန်တွေမေးလိုက်ရတာဆိုတာ ဘေးမှာတောက်လျောက်




ခု အမေကိုတိုင်ကပါ omicron က အဲ့လောက်လည်းမဆိုးပဲနဲ့ တဲ့  နင်တို အကုန်ဖြစ်ရင် အကုန် အရေးကြီးတယ် ငါဖြစ်ရင် အပိုတွေပြောနေတာ ဟုတ်ပီလား  ဘယ်တော့မှ မမေ့ဘူးဒီစကားတွေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။


Sophia Everest ကတော့ အဝေးနိုင်ငံရပ်ခြားမှာ ရောဂါကူးစက်ခံနေရတာတောင် မိသားစုရဲ့ ဂရုစိုက်ကြင်နာမှုကို မရရှိခဲ့တာကြောင့် စိတ်မကောင်းဝမ်းနည်းစွာနဲ့ ခံစားချက်ကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။