စစ်​ကောင်စီထုတ်ကုန် ဒဂုံဘီယာဖာ ၅၀၀ခန့် တန့်ဆည် (ပကဖ) ဖျက်ဆီး( ရုပ်/သံ)


စစ်​ကောင်စီထုတ်ကုန် ဒဂုံဘီယာဖာ ၅၀၀ခန့် တန့်ဆည် (ပကဖ) ဖျက်ဆီး( ရုပ်/သံ)

စစ်​ကောင်စီထုတ်ကုန် ဒဂုံဘီယာဖာ ၅၀၀ခန့် တန့်ဆည် (ပကဖ) ဖျက်ဆီး

အောက်တွင် ရုပ်/သံပါဝင်သည်။


စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ ထုတ်ကုန် ဒဂုံဘီယာဖာ ၅၀၀ခန့်ကို တန့်ဆည်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပကဖ) ဖမ်းမိ ဖျက်ဆီးခဲ့သည်။


ဇန်နဝါရီ ၁၄ ရက် ည ၇နာရီ ခွဲခန့်က ခရီးမသွားလာရသတ်မှတ်ချိန် ကျော်လွန်၍ မောင်းနင်လာသည့် ကုန်တင်ကားကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တားဆီးစစ်ဆေးရာမှ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။



“ခွေးတွေရဲ့ ထောက်ခံချက်နဲ့ သယ်လာတာပါ။ဒဂုံဘီယာ ဖာ ၅၀၀ ပါ”ဟု တန့်ဆည် ပ.က.ဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ဒဂုံဘီယာဖာ ၅၀၀ကို တင်ဆောင်လာသည်ယာဥ် ဖြင့်ပင် ကြိတ်၍ ဖျက်ဆီးခဲ့သည်။


စစ်ကိုင်းတိုင်းအတွင်း၌ အကြမ်းဖက်စစ်​ကောင်စီ ထုတ်ကုန် မှန်သမျှ ရောင်းဝယ်၊သယ်ယူ၊ဖောက်ကားခြင်း မပြုလုပ်ရန် မြို့နယ်အသီးသီး ရှိ ပြည်သူတပ်ဖွဲ့များက အကြိမ်ကြိမ် သတိပေးမှုများ ပြုလုပ်ထားသည်။