မင်းတုန်းတွင် စစ်တပ်က ကျေးရွာတစ်ရွာလျှင် လူ ၃ဝဦးပေးဆောင်ရန်နှင့် မပေးဆောင်နိုင်လျှင် ငွေကျပ် သိန်း ၃ဝ ပေးရန် လိုက်လံ ခြိမ်းခြောက်နေ


မင်းတုန်းတွင် စစ်တပ်က ကျေးရွာတစ်ရွာလျှင် လူ ၃ဝဦးပေးဆောင်ရန်နှင့် မပေးဆောင်နိုင်လျှင် ငွေကျပ် သိန်း ၃ဝ ပေးရန် လိုက်လံ ခြိမ်းခြောက်နေ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ မင်္ဂလာဦး ၊ ပေါက်ကိုင်း ၊ ယောကျေးရွာ၊ သမ္ဘူလ၊ အလယ်ချောင်း စသည့်ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက



ကျေးရွာတစ်ရွာလျှင် လူ ၃ဝဦးပေးဆောင်ရန်နှင့် မပေးဆောင်နိုင်လျှင် ငွေကျပ် သိန်း ၃ဝ ပေးရန် လိုက်လံ ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဇန်နဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ယင်းကျေးရွာ ၅ရွာကို သွားရောက်ကာ ဒေသခံပြည်သူများကို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကာ မည်သည့်အတွက်ကြောင့် လူတောင်းသည်ကို ပြောဆိုခြင်းမရှိကြောင်း သိရသည်။


“ကျွန်တော်တို့ မင်းတုန်းမြို့နယ်ထဲက ကျေးရွာ တွေကို စစ်သားတွေက ရွာတစ်ရွာကို လူအယောက်၃၀ဆယ်နှုန်းနဲ့ ပေးဖို့ ပေါ်ပေါ်တင်တင်တောင်းနေပါတယ်။ မပေးနိုင်တဲ့ရွာတွေကို ငွေသိန်း၃၀တောင်းပါတယ်။


တောင်းခံရတဲ့ ရွာနာမည်တွေက မဂ်လာဦး ၊ ပေါက်ကိုင်း ၊ ယောကျေးရွာ၊ သမ္ဘူလ၊ အလယ်ချောင်းရွာတွေပါ။ ကျန်တဲ့ရွာတွေကတော့ အခြေနေမသိရသေးပါဘူး

၇ရက်၈ရက်နေ့လောက်က ရွာတွေကို



စစ်သားတွေရောက်လာပြီး ကျေးရွာမှာရှိတဲ့ အကြီးပိုင်းတွေကို လာပြောသွားတာလို့ သိရတယ်။ ဘာအတွက်တောင်းတယ်ဆိုတာကို မပြောဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။


Photo – AFP