ကာလုံခေါ်ပြီး နောက်ထပ် ခြောက်လ အာဏာဆက်ယူဖို့ စစ်ကောင်စီပြင်ဆင်


ကာလုံခေါ်ပြီး နောက်ထပ် ခြောက်လ အာဏာဆက်ယူဖို့ စစ်ကောင်စီပြင်ဆင်

ဇန်နဝါရီလကုန်မှာ တစ်နှစ်သက်တမ်းပြည့်မယ့် အရေးပေါ်အခြေအနေကြေညာချက်ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကို တင်ပြပြီး သက်တမ်းတိုးမယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။


‘’ကာလုံ ကို အခြေအနေတင်ပြပြီး သက်တမ်းတိုးနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ လို့ သူက ပြောပါတယ်။



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေညာချက်ကို သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး နောက်ထပ် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိနေသေးတာဖြစ်ပါတယ်။


၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးပြီး စစ်တပ်ကတင်မြှောက်ထားတဲ့ ဒု သမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတ အဖြစ် အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပေးခဲ့တာဖြစ်ပါတယ်။


ဒါကို ပြည်တွင်းပြည်ပက အာဏာသိမ်းမှုလို့ရှုမြင်ပြီး စစ်တပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းတယ်လို့ ပြောပါတယ်။


ဘီဘီစီမြန်မာပိုင်း

ပုံစာ – ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ခေါ်ခဲ့တဲ့ ကာလုံအစည်းအဝေး

ဓာတ်ပုံ – cincds