သူမရဲ့ဂေဟာအတွက် ကားအသစ်လေး မရတဲ့ အပြင် ရှိတဲ့ ကားပါ အသိမ်းခံရတော့မဲ့ အဖြစ်ကိုစိတ်မကောင်းစွာရင်ဖွင့်လာခဲ့တဲ့ ခိုင်နှင်းဝေ


သူမရဲ့ဂေဟာအတွက် ကားအသစ်လေး မရတဲ့ အပြင် ရှိတဲ့ ကားပါ အသိမ်းခံရတော့မဲ့ အဖြစ်ကိုစိတ်မကောင်းစွာရင်ဖွင့်လာခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ လက်ရှိမှာ လူထုအကျိုးပြုအလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်နေပြီး ပရိသတ်တွေကတောင် “ပရဟိတ မင်းသမီး”လို ခေါ်ဆိုတာကိုတောင်ခံနေရတဲ့အနုပညာရှင်တစ်ယောက်ပါ။


အနုပညာရှင်လုပ်ဖော်ကိုင်ဖက်တွေထဲက ကျပ်တည်းတဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေပေးအပ်လေ့ရှိပါသေးတယ်။မြန်မာနိုင်ငံအနှံအပြားကဒေသတွေကိုကိုယ်တိုင်သွားရောက်ကာ လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးအပ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။


လူမမယ် မိဘမဲ့ ကလေးသူငယ်တွေကိုလည်း “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”ဆိုပြီး ဂေဟာလေး ဖွင့်လှစ်ကားသားသမီးအရင်းတွေသဖွယ်ကိုယ်တိုင်ပြုစုရှောက်ထားမှုတွေလည်းပေးအပ်ထားပါသေးတယ်။


ဒါအပြင်ခိုင်နှင်းဝေ ဟာ ခုနှစ်ရက်သားသမီးတွေအတွက် အလှူအတန်းလေးတွေကိုလဲဆက်တိုက် ပြုလုပ်နေတာလဲ ဖြစ်ပါတယ်။မင်းသမီး ခိုင်နှင်းဝေ ဟာစိတ်မကောင်းစရာအဖြစ်အပျက်လေးတစ်ခုကိုပရိသတ်တွေကို ရင်ဖွင့် ပြောပြလိုက်ပါတယ်။


ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေဟာ လွန်ခဲ့တဲ့ (၃)နှစ်ကသူမအသင်းရဲ့ကားအပါအဝင်အခြားသူပိုင်ကားများကိုလိမ်လည်သွားတဲ့လူကိုလာရောက်ဖြေရှင်းပြီးအမှုရင်ဆိုင်ဖိုကိုအခုလိုပဲသတိပေးရေးသားထားပါတယ်။


” ကားအသစ်လေး မရတဲ့ အပြင် ရှိတဲ့ ကားပါ အသိမ်းခံရတော့မဲ့ အဖြစ်လေးကို ဘဝအတွက် သင်ခန်းစာအဖြစ်မှတ်ယူပြီး ဝဠ်ကြွေးလိုသာ မှတ်ပါတော့မယ်။ကိုယ့်ချွေးနဲစာစစ်စစ်များနဲ့ စိုက်လျော်ဖြေရှင်းပြီးဝဋ်ကြွေးရှိရင် ဒီဘဝမှာပဲကျေရပါစေလ်ုသာ ဆုတောင်းမိပါတော့တယ်ရှင်..




လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ကျမရဲ့ အသင်းကား အပါအဝင် အခြားကား(အင်းစိန်မှ အသိအန်တီကြီးရဲ့ ကား) များအား လိမ်လည်ပြီး AYA Bank မှာပေါင်နှံထားတဲ့အမှုများ နှင့်အခြားအမှုများအတွက် လိမ်လည်သူအား (၇.၄.၂၀၂၀ နေ့ မှ စ၍) တရားစွဲဆိုထားပြီးသော်လည်း


(၂) နှစ်ပြည့်ခါနီး အထိ လာရောက်မဖြေရှင်းပဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ကျမရဲ့ အတိတ်ကံအကြောင်းနှင့် ကျမရဲ့အယုံလွယ်ပေါ့ဆမှု တစ်ခုအတွက်( ကျမရဲ့ ချွေးနဲစာ စစ်စစ်များဖြင့် )ကြားကစိုက်ရှင်းဘိုအကြောင်းလေးဖြစ်လာရပါတယ်




ယနေ့ အချိန်ထိ သီးခံစောင့်ဆိုင်း နားလည်ပေးပါသော AYA Bank မှ တာဝန်ရှိ လူကြီးများ အားလုံးကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်..တစုံ တယောက်ကိုလဲ ထွက်ပြေး တိမ်းရှောင်ခြင်း မပြုပဲ လာရောက်ဖြေရှင်းဘို အတွက်လဲ တိုက်တွန်းပါတယ်လာရောက်ဖြေရှင်းပါကတတ်နိုင်သလောက် ကူညီပေးဘ်ုလဲ အကြိမ်ကြိမ် ပြောဆိုထားပေမဲ့ လုံးဝမဆက်သွယ်လာသောကြောင့် ဒီစာလေးနဲ့ပဲ ထပ်မံ သတိပေးဖြစ်ပါတယ်


ကျမက နေပေမဲ့ အခြားခံရသူများက မနေပါဘူး..ဥပဒေကလဲ မနေပါဘူးအားလုံး အဆင်ပြေအောင် လာရောက်ရှင်းလင်းစေချင်ပါတယ်။တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ အထိစောင့်နေတာ အဖြေမဟုတ်ပါဘူး.။ကျမ အနေ နဲ့ကတော့ ဘာမှမတတ်နိုင်တော့ပဲ အချိန်တစ်ခုရောက်ပီဆိုတဲ့အကြောင်း စိတ်မကောင်းစွာပဲတစုံတယောက်ကိုအသိပေးပြောချင်ပါတော့တယ်ရှင်”လို ပရိသတ်တွေကို ရင်ဖွင့်ရေးသားထားပါတယ်။




ပရိသတ်ကြီးရေ မင်းသမီး ခိုင်နှင်းဝေ ကတော့ ကားအသစ်လေးမရတဲ့အပြင် ကားပါအသိမ်းခံရတော့မယ့်အဖြစ်ကို ရောက်ရှိနေတယ်လို စိတ်မကောင်းစွာ သိရပါတယ်။ခုနှစ်ရက်သားသမီးတွေကို ကယ်တင်နေတဲ့ သူမရဲ့အခက်အခဲတွေအားလုံးအဆင်ပြေပါစေလို ကောမန့်မှာ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။


Source Khine Hnin Wai