တော်လှန်ရေးဟန်ချက်ညီနေတဲ့ စစ်ကိုင်းတိုင်းကို စကစ လက်လွတ်ဖို့နီးစပ်နေ


တော်လှန်ရေးဟန်ချက်ညီနေတဲ့ စစ်ကိုင်းတိုင်းကို စကစ လက်လွတ်ဖို့နီးစပ်နေ

တော်လှန်ရေးဟန်ချက်ညီနေတဲ့ စစ်ကိုင်းတိုင်းကို စကစ လက်လွတ်ဖို့နီးစပ်နေ


လူထုတော်လှန်ရေး နဲ့ လက်နက်ကိုင်တော်လှန်ရေးတို့ တဖြေးတဖြေးအတူတကွ ပေါင်းစပ်လာတဲ့ စစ်ကိုင်းတိုင်း


စစ်ကိုင်းတိုင်း ယင်းမာပင်နယ်က ကျေးရွာတစ်ရွာမှာ ဇန်နဝါရီ (၁၂)ရက် မနေ့ကညနေပိုင်းက ဒေသခံ PDFတွေလုံခြုံရေးယူပေးပြီးသပိတ်ခေါင်းဆောင်တွေက အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲမှာ မိန့်ခွန်းပြောခဲ့ကြပါတယ် ။


မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုသန်းကျော်ဦးနဲ့ အဖွဲ့ဝင်တွေက လူထုသပိတ်တိုက်ပွဲမှာ စကားပြောခဲ့ပြီး ချောင်းဦး PDF နဲ့ မုံရွာ သံမဏီ PDF ရဲဘော်တွေက လုံခြုံရေးယူပေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ် ။


ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလဲ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ညပိုင်း လူထုသပိတ်တိုက်ပွဲ တစ်ခုမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးအပြည့်ယူလျက် ပြည်သူလူထုက စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြခဲ့ကြပါတယ်။


ယခုအခါ လူထုတော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးတို့ စစ်ကိုင်းတိုင်း မှား ပေါင်းစပ်လာကြောင်း တွေ့ရှိရပါတယ် ။


ဓာတ်ပုံ – ပုလဲမြို့နယ် နဲ့ ယင်းမာပင်မြို့နယ် တွေက လူထုဆန္ဒပြပွဲတစ်ခုမှာ လုံခြုံရေးအပြည့်ယူနေသည့် လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ