တမူးအကျဉ်းစခန်းတိုက်ခိုက်ခံရမှု ထောင်ပိုင်နဲ့ဝန်ထမ်း ၁၁ ဦးခန့် သေဆုံး


တမူးအကျဉ်းစခန်းတိုက်ခိုက်ခံရမှု ထောင်ပိုင်နဲ့ဝန်ထမ်း ၁၁ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့မှာ ဇန်နဝါရီ ၁၀ ရက် မနက်ငါးနာရီခွဲအချိန်က ဝက်ရှုကျေးရွာနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှာ ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၁၁ ဦးခန့် သေဆုံးခဲ့တယ်လို့ တမူး PDF တပ်ရင်း (၁) က ဇန်နဝါရီ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။


အကျဉ်းစခန်းကို ဝင်ရောက်စီးနင်းချိန် အပြန်အလှန်ပစ်ခတ်ရာမှာ သေဆုံးခဲ့တာဖြစ်ပြီး PDF အဖွဲ့ဘက်ကလည်း သေဆုံးသူ နှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ လေးဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။



တမူး PDF အဖွဲ့ဝင်တစ်ဦးကတော့ အဲဒီနေ့က ဝင်ရောက်စီးနင်းမှုကို တမူး PDF တပ်ရင်း (၁) က လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။


PDF အဖွဲ့ဘက်က သေဆုံးသူနှစ်ဦးအနက် တစ်ဦးရဲ့ ရုပ်အလောင်းကိုသာ သယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။


ဒီတိုက်ခိုက်မှုကြောင့် အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝိတုတ်၊ ခမ်းပတ်နဲ့ တမူးမြို့ အဝင်တွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချထားပြီး ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။



Photo: People’s Defense Force – Tamu – တပ်ရင်း-၂

(တမူး PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်)