နှစ်ဦးအလှူ အဖြစ် ထမင်းနဲ့ ဟင်း စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့တဲ့ စိန်လင်း (AROMA)


နှစ်ဦးအလှူ အဖြစ် ထမင်းနဲ့ ဟင်း စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့တဲ့ စိန်လင်း (AROMA)

ပရိသတ်ကြီးရေ စိန်လင်း(Aroma)ကတော့အဆိုတော်တစ်ယောက်အနေနဲ့ပရိသတ်တွေချစ်ခင်ရင်းနှီးပြီးသားဖြစ်တဲ့ပရိသတ်အချစ်တော်တစ်ယောက်ပါ။Aroma Wedding Studio ကြီးရဲ့ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်ပြီးအောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း ရပ်တည်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။




မနေ့ကဇန်နဝါရီလ(၁၂)ရက်နေ့မှာတော့စိန်လင်း(Aroma)ကနှစ်ဦးအလှူအနေနဲ့ အာဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အလှူလေးကတော့စတုဒီသာအလှူလေးဖြစ်ပြီးမြောက်ဥက္ကလာမှာကျွေးမွေးလှူဒါန်းခဲ့တာပါ။ဝက်သားမျှစ်ချဉ်နဲ့ဘဲဥဟင်း၊ရွှေဖရုံသီးဟင်း၊ငပိရည်တို့နဲ့ ရွှေဘိုသူအာဟာရပြည့်တန်ဖိုးနည်းထမင်းဆိုင်မှာကုသိုလ်ပြုခဲ့တာပဲဖြစ်ပါတယ်။




စိန်လင်း (Aroma)ကတော့သူ့ရဲ့မွန်မြတ်လှတဲ့ နှစ်ဦးအလှူလေးကို ပီတိဖြစ်နေခဲ့ပြီးပရိသတ်တွေလည်းသူ့ရဲ့အလှူလေးကိုသာဓုခေါ်နိုင်စေဖို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြထားခဲ့ပါတယ်ပရိသတ်ကြီးရေစိန်လင်း(Aroma)ရဲ့ မွန် မြတ်လှတဲ့စတုဒီသာအလှူလေးကိုသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။