အာဆီယံအစည်းအဝေးအထမမြောက်အောင်ရည်ရွယ်သည့်အဖွဲ့ဝင်နိုင်ငံဝန်ကြီးများ၏အပြုအမှုသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဟု ဝဏ္ဏမောင်လွင်မှ ပြောဆို

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများဆိုင်ရာ တွေ့ဆုံစည်းဝေးပွဲအား မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ဖိလစ်ပိုင်

နှင့်ဘရူနိုင်းနိုင်ငံတို့က အကြောင်းအမျိုးမျိုးပြ မတက်ရောက်ကြခြင်းသည်

မြန်မာပြည်က ပြည်သူနှင့်အစိုးရကို တိုက်ရိုက်စော်ကားပြလိုက်ခြင်းဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်မှ ထုတ်ဖော်ပြောဆိုသည်။

မလေးရှားက ရေကြီးတာအကြောင်းပြတယ်၊ စက်ာပူနဲ့ ဘရူနိုင်းကတက်ရောက်မဲ့ဝန်ကြီးတွေအလုပ်မအားတာအကြောင်းပြတယ်၊အင်ဒိုနဲ့ဖိလစ်ပိုင်က ပြန်စာလေးတောင်မပို့ကြဘူး၊ဗီယက်နမ်နဲ့ထိုင်းကလည်း အများမတက်လို့မလာဖြစ်ဘူးလို့ပြောတယ်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကပြောသည်။

ဝဏ္ဏမောင်လွင်မှ မိမိသည်တာဝန်နှင့်ဝတ္တရားအရ တက်ရောက်လိုခြင်းဖြစ်ပြီး အစိုးရသည် စစ်အစိုးရဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်မဆိုင်ကြောင်း၊ စစ်တပ်ကအာဏာသိမ်းအစိုးရလုပ်သည့်အတွက်ဆန့်ကျင်သည့်သဘော အာဆီယံအဖွဲ့ဝင် နိုင်ငံများကပြုမှုနေခြင်းသည် သူရဲဘောကြောင်သည့်လုပ်ရပ်အဖြစ် မိမိတို့အစိုးရကမှတ်ယူရလိမ့်မည်ဟုပြောဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အခြားအာဆီယံ နိုင်ငံများကိုတလေးတစား ဆက်ဆံနေသလို အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံကို လေးစားသမှုရှိသင့်တယ်လို့လည်းထပ်လောင်းပြောဆိုသည်။