ရန်ကုန်မြို့ကြီးပေါ်ကိုသာ ဗုံးကြဲချ ခံခဲ့ကြရရင်-(မအလ ကစကားအကုန်ပြောထားပြီးသား-သူမလုပ်ရဲတာ ဘာမှမရှိ)


ရန်ကုန်မြို့ကြီးပေါ်ကိုသာ ဗုံးကြဲချ ခံခဲ့ကြရရင်-(မအလ ကစကားအကုန်ပြောထားပြီးသား-သူမလုပ်ရဲတာ ဘာမှမရှိ)

လွိုင်ကော်မြို့​လေကြောင်းက တိုက်ခိုက်ခံရတဲ့သတင်းတွေ ဖတ်ပြီး ခေါင်းထဲမှာ ရန်ကုန်မြို့ကြီးသာ ဗုံးကြဲခံရရင် ဆိုတဲ့အတွေးက အလိုလို ဝင်လာခဲ့တယ်။ တကယ်တော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရန်ကုန်မြို့ကြီး ဗုံးဒဏ်ကောင်းကောင်း ထိခဲ့ဖူးတာပေါ့။ အဲဒီတုန်း ကလည်း အခုလိုပဲ လူတွေက သွားလို့ စားလို့ ကောင်းတုန်း။


(မှတ်တမ်းတွေအရ အဲဒီအချိန်မှာ အခြေအနေကို ရိပ်စား မိပြီး နေရပ်ပြန်ဖို့ကြိုးစားတာ အိန္ဒိယက​နေ အလုပ်လာ လုပ်ကြတဲ့ အလုပ်သမားတွေပဲ။)


စစ်ဆိုတာ ကိုယ်နဲ့ အဝေးကြီးပါလို့ မြို့ကြီးပြကြီးက လူတွေ တွေးတတ်တာ ထုံးစံပဲ မဟုတ်လား။ အဲဒီလို အတွေးနဲ့ပဲ လွိုင်ကော်မြို့က လူတွေလည်း စစ်ဘေးရှောင်ဖို့ အားမထုတ်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။


ဒါပေမယ့်လည်း တကယ်တမ်း စစ်ရှောင် တဲ့အခါ လူတစ်သိန်းလောက် ရှိတဲ့ လွိုင်ကော်မြို့တောင် အတော် ကသောင်း ကနင်း နိင်လှတာ တွေ့ရမှာပါ။


လူ ခုနစ်သန်းလောက် ရှိတဲ့ ရန်ကုန်မြို့ကြီးသာ စစ်ဘေး ရှောင်ရရင် ဘယ်လိုများ နေမလဲ မတွေးတက်အောင်ပါပဲ။ သွားစရာ လမ်းကြောင်းတွေ အများကြီး ဆိုပေမယ့်


ဒီလောက်များတဲ့ လူဦးရေကို ဘယ်မှာမှ အဆင်ပြေပြေ လက်ခံနိင်ဖို့ မလွယ်လှပါဘူး။ ဒါပေမယ့်လည်း တကယ်တမ်း လေကြောင်းရန် အမြှောက်ရန် ကြုံလာရရင်တော့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပြေးရမှာ အမှန်ပါပဲ။


ရန်ကုန်က တိုက်တွေရဲ့ အရည် အသွေးနဲ့ ကတုတ် ကျင်း တူးလို့မရတဲ့အခြေအနေကြောင့် အိုးအိမ်စွန့်ခွာတဲ့ နည်းလမ်းသာရှိပါတော့မယ်။ အဲဒီအချိန်မှာ တပ်ထောက်ခံသူပဲဖြစ်ဖြစ်၊ ခရိုနီ ခရိုပြာပဲ ဖြစ် ဖြစ် ပြေးရမှာပါပဲ။


အဲဒီတော့ သယ်လို့မရတဲ့ ပိုင် ဆိုင်မှု မှန်သမျ ဖြစ်ချင်ရာ ဖြစ် ထားခဲ့ရတော့မှာပါ။လူကုံထံ ရပ်ကွက် အိမ်ကြီးအိမ်ကောင်းမှန်သမျှ အောက်ခြေ စစ်ခွေးတွေ တောကြောင်တွေကို အလှူအတန်း လုပ်ရပါတော့မယ်၊


မဟုတ်ရင်လည်း ဗုံးဒဏ် ဒုံးဒဏ်နဲ့ စိစိညက်ညက် ကျေသွားနိင်ပါတယ်။ အဲဒီအတွက် သယ်နိင်သမျှ သယ်မယ် ဆိုပြီး စုထားတဲ့ ရွှေတွေ ဒေါ်လာတွေ ကားပေါ်တင်မယ်ဆိုလည်း လမ်းမှာ/ကိုယ်တည်းခိုမယ့်နေရာမှာ


လုယက်ခံရမယ့် အန္တရယ် ကလည်း မသေးလှပါ။စိတ် ချရအောင် ဘဏ်ထဲလည်း ထည့်မရတော့၊ ထည့်ထားတဲ့ ပိုက်ဆံတွေတောင် ဘယ်ခေတ်မှ ပြန်ရမယ်မသိနိင် ။


ဒီ ပြည်တွင်းစစ်ကြီးမှာ လူတွေရဲ့ ကံကြမ္မာဟာ ဘာမှပြောလို့မရတဲ့ အခြေအနေမှာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုဆို တာတော့ အတော့်ကို မမြဲတဲ့ အနေအထားမှာ ရောက်နေခဲ့ပါပြီ။


ဒါကြောင့်မို့ အခု အချိန်မှာ ဓနဥစ္စာ ပိုင်ဆိုင်မှုတွေကို သိပ်တွယ်တာ မနေပဲ လှူသင့်တဲ့နေရာတွေကို လှူဖို့ ကူဖို့ သိပ်လိုအပ်လှပါတယ်။ သူ ဒုက္ခရောက်လည်း ကိုယ်ကူ ကိုယ်ဒုက္ခရောက်လည်း သူကူ နဲ့လက်ရှိအချိန်မှာ ဘုံစနစ်တစ်ခုလို နေထိုင်သွားမှသာ အားလုံး ရှင်သန်ကျန်ရစ်နိင်မှာပါ။


ဒီအချိန်မှာ နိင်ငံရေး စိတ်မဝင်စားလည်း စစ်ခွေးတွေ ကိုယ့်အိမ်ပေါ် တက်လုမယ့် အဖြစ်ကလွတ်ချင်ရင်အသေခံတိုက်နေတဲ့ သူတွေကို ထောက်ပံ့ရမယ်ဆို တာလောက်တော့ သဘောပေါက်သင့်ပါတယ်။ပြန်ချုပ်ရရင်တော့ ရန်ကုန်မြို့ကြီးသာ ဗုံးကြဲခံရရင် လူတိုင်း လူတိုင်း ပစ္စည်း ဥစ္စာတွေ


ထားခဲ့ပြီး သေပြေးရှင်ပြေး ပြေးရဖို့သာ ရှိတဲ့အတွက် အဲဒီ အခြေ အနေ မရောက်ခင် ပွဲ အမြန်ပြတ်အောင် နိင်ရာ နိင်ရာ ထည့်ဝင်ကြဖို့ တစ်နည်းသာ ရှိပါတော့တယ်။

Credit.. ဂျေလှသင်