အရမ်းလှတဲ့ ရှုခင်းတွေနဲ့ အပြိုင် လူငယ်လေးတယောက်လို ဆွဲဆောင်မှုရှိရှိ လှနေတဲ့ မေကဗျာ


အရမ်းလှတဲ့ ရှုခင်းတွေနဲ့ အပြိုင် လူငယ်လေးတယောက်လို ဆွဲဆောင်မှုရှိရှိ လှနေတဲ့ မေကဗျာ

မေကဗျာကတော့ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေသလိုသမီးလေးအတွက်လည်း အကောင်းဆုံး ထောက်ပံ့ကာပြုစုပျိုးထောင်ပေးနေတာကြောင့်မိန်းကလေးတွေအားကျရတဲ့အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။သူအနေနဲ့အနု ပညာအလုပ်တွေပါမက Live Sales တွေကိုလည်းမနားတမ်းရောင်းချခဲ့သလိုပရိသတ်တွေရဲ့အားပေးမှုကိုလည်းအခိုင်အမာရရှိခဲ့ပါတယ် ။




ခုလိုရုတ်တရက်ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံအခြေအနေတွေမှာလည်းပရိသတ်တွေနဲ့အတူရပ်တည်ကာတတ်နိုင်သလောက်ပါဝင်အားဖြည့်ခဲ့ပါတယ်။ဒါ့အပြင်ခက်ခဲနေတဲ့ပြည်သူတွေအတွက်လည်းအလှူငွေနဲ့စားသောက်ကုန်များကိုလှူဒါန်းခဲ့တာကြောင့်ပရိသတ်တွေလေးစားနေရတဲ့မင်းသမီးတစ်ယောက်ပါ။




သူရဲ့လှုပ်ရှားမှုလေးတွေကိုလည်းအမြဲလိုလိုဖော်ပြပေးလေ့ရှိတာကိုလည်းတွေ့ရပါတယ်။အခုလည်းအရမ်းလှတဲ့ရှုခင်းတွေကိုနောက်ခံထားကာလူငယ်လေးတစ်ယောက်အလားထင်မှတ်ရလောက်အောင်လန်းလွန်းတဲ့ပုံလေးတွေကို ဝေမျှလာပါတယ် ။ပုံတိုင်းကချစ်စရာကောင်းလွန်းတာကြောင့်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။