“လူကကြမ်းလာလေ အသဲကပိုလို့တောင်နုလာလေ”ဖြစ်နေပြီလို့ သတင်းပါးလိုက်တဲ့ ကိုကျော်သက်လင်း


“လူကကြမ်းလာလေ အသဲကပိုလို့တောင်နုလာလေ”ဖြစ်နေပြီလို့ သတင်းပါးလိုက်တဲ့ ကိုကျော်သက်လင်း

ကျနော် အားလုံးကိုနားလည်ပါတယ်။


ဒီကာလအပိုင်းအခြားမှာ ဖြစ်နေတဲ့ကျနော့်ရဲ့စိတ်ခံစားချက်ကို အတတ်နိုင်ဆုံးနှိမ့်ချရင်း ခြိုးနှိမ်ရင်း အပြင်မှာရော fbပေါ်ကပါသိတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုဆက်ဆံပါတယ်။ဒါပေမယ့် လူရင်းတွေ ပြောမနာဆိုမနာသူငယ်ချင်းတွေကတော့ ခံရတာပေါ့


တချို့သော မှားယွင်းစွာတုံ့ပြန်မိတဲ့ကျနော့်ရဲ့အပြုအမူ အပြောအဆိုတွေက ပစ်ပြီးတဲ့မြားလို ထွက်ပြီးတဲ့ဆင်စွယ်လို ပြန်သိမ်းမရခဲ့သည်ရှိသော် ဒီကနေပဲ အနူးအညွတ်တောင်းပန်ပါရစေ။



ခက်ခဲပြင်းထန်လွန်းတဲ့ကာလရှည်ကြီးထဲမှာ အရာအားလုံးကတော့ အဆင်ပြေမနေမှန်း ကျနော်သိပေမယ့်လည်း တချို့အရာတွေကတော့ ပြန်လည်တည်ဆောက်လို့မရအောင်လွန်ခဲ့ပါပြီ။


တခြား တိုတိုထွာထွာလေးတွေရေးချင်တာကတော့ fbက ကျနော့်friendတော်တော်များများကို like&comment မပေးတာ ကျနော့်ကြောင့်ဆုံးရှုံးနစ်နာရမှာစိုးလို့ပါ။ကျနော့်ကိုမတုံ့ပြန်ထားရင်လည်း အခြေအနေအရပ်ရပ်ကြောင့်ဆိုတာနားလည်ပါတယ်။


အချူပ်ပြောချင်တာကတော့ဗျာ…


လူကကြမ်းလာလေ အသဲကပိုနုလာလေမို့ ကျနော်အားလုံးကိုနားလည်ပေးနိုင်ပါတယ်။


စကားမစပ် သူငယ်ချင်းပို့ပေးတဲ့ ဆေးတွေကို ဒီက ကလေးတွေနဲ့အတူ ငါလည်းသောက်ပါတယ်။မျိုးစေ့လေးတွေလည်း အပင်ပေါက်လာကြပါပြီ။


အရာအားလုံးဟာ အချိန်တော့စောင့်ရတာပေါ့…။