
2019-08-31 11:51:59





























Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)Crd.


Unicode


မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်လေး သက်ထားသူဇာ အတွက် ငွေကျပ် သိန်း ၂၀၀


မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင်တဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာဟာဆိုရင် ရုပ်ရည်ချောမောပြေပြစ်ယုံမျှမက အားကစားအရာမှာလည်း ထူးချွန်


ပြောင်မြောက်သူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ကြိုးစားအားထုတ်မှု စိတ်အားထက်သန်မှုတွေက သူ့ကို အခုလို ကမ္ဘာ့အဆင့် အောင်ပွဲတွေဆီကို ရောက်အောင်


ပို့ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ နုပျိုမှုနဲ့ မလိုက်အောင် ပင်ပန်းခံ နိုင်သူလေး ဖြစ်ပါတယ်။


မကြာသေးခင်က အင်တာဗျူးတစ်ခု မတိုင်ခင်မှာ နိုင်ငံ့ဂုဏ်ဆောင်တဲ့ ကြက်တောင် မယ်လေး သက်ထားသူဇာကို သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ အစိုးရက


အပြည့်အဝ မဟုတ်တောင် တစိတ်တစ်ပိုင်းထောက်ပံ့နေတယ်လို့ ထင်ကြပေမယ့် သက်ထားသူဇာရဲ့ ဖြေကြားမှုတွေကို ကြားရတော့ အားလုံးပဲ ဒေါသဖြစ်ခဲ့ရ


ပါတယ်။ သက်ထားသူဇာဟာ လက်ရှိအချိန်အထိ ကိုယ့်အားကိုယ်ကိုးပြီး သွားရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး လိုအပ်တာတွေကို မိဘတွေက တတ်နိုင်သမျှ


ထောက်ပံ့ပေးကြပေမယ့် တစ်ခါတစ်လေ ငွေချေတာဖို့အတွက် ခေါက်ဆွဲခြောက်တောင် စားပြီး ပြိုင်ပွဲဝင်ခဲ့ရတာကို သိလိုက်ကြတော့ အတော်လေး အံ့သြသွားခဲ့ကြပါတယ်။


အဲ့ဒီနောက်မှာတော့ သက်ထားသူဇာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ်က ချီးမြှင့်ငွေ အမေရိကန် ဒေါ်လာ ၅၀၀၀


ပေးအပ်ခဲ့ပြီးတော့..၊ အခုနောက်ထပ် တစ်ခုအနေနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက နိုင်ငံ့ဂုဏ်ဆောင် သက်ထားသူဇာကို ချီးမြှင့်ငွေ သိန်း ၂၀၀ ပေးအပ်ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာတော့ သက်ထားသူဇာဟာ ၂၀၁၉ လက်ကျန် ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီးတော့ ဒီဇင်ဘာလမှာ ကျင်းပမယ့် ဖိလစ်ဖိုင် ဆီးဂိမ်းပြိုင်ပွဲကို


ဝင်ရောက်ယှဉ်ပြိုင်သွားမှာမို့ ပရိသတ်တို့ အနေနဲ့လည်း စောင့်ကြည့်အားပေးကြပါဦးစို့နော်..။


Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)