ကမ္ဘောဒီးယားမှာလုပ်မယ့်အာဆီယံဝန်ကြီးများတွေ့ဆုံပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးအား တက်ရောက်ရန်ဖိတ်ကြားထား


ကမ္ဘောဒီးယားမှာလုပ်မယ့်အာဆီယံဝန်ကြီးများတွေ့ဆုံပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးအား တက်ရောက်ရန်ဖိတ်ကြားထား

ကမ္ဘောဒီးယားမှာလုပ်မယ့်အာဆီယံဝန်ကြီးများတွေ့ဆုံပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလူကိုယ်တိုင်တက်မယ်လို့ဆို တွေ့ဆုံပွဲတက်ဖို့ကမ္ဘောဒီးယားက စစ်ကောင်စီကိုဖိတ်ကြားထား


လာမယ့်ရက်သတ္တပတ်မှာ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင်တက်ရောက်မယ်လို့ Thai PBS သတင်းဌာနက ဖော်ပြပါတယ်။


ကမ္ဘောဒီးယားနိုင်ငံ၊အနောက်မြောက်ပိုင်းမှာရှိတဲ့ အပန်းဖြေမြို့ ဆီယမ်ရိ မှာ အာဆီယံဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကျင်းပမှာပါ။



ဒီဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတက်ဖို့အတွက် အာဆီယံကိုယ်စားလှယ်ဖြစ်လာသူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားလွှာပို့ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး အာဆီယံ ဆက်စပ်အစည်းအဝေးကိုတွေကို တက်ရောက်ခွင့်မရခဲ့တာပါ။


ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ကိုလာရောက်ပြီးတဲ့နောက် အခုလို တက်ရောက်ခွင့်ရလာတာလည်းဖြစ်ပါတယ်။


ဟွန်ဆန် အာဆီယံဥက္ကဋ္ဌ မဖြစ်ခင်ကတော့ အာဆီယံနိုင်ငံတွေဟာ စစ်ကောင်စီခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတက်ခွင့်မပြုဘဲ နိုင်ငံရေးအရကိုယ်စားမပြုသူအဆင့်ကိုတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။