အာဏာသိမ်းခေါင်းဆောင်က ဗိုလ်ချုပ်ကြီးအချို့ကို စစ်တပ်မှ အနားပေး


အာဏာသိမ်းခေါင်းဆောင်က ဗိုလ်ချုပ်ကြီးအချို့ကို စစ်တပ်မှ အနားပေး

မင်းအောင်လှိုင်ဟာ သူ့အာဏာတည်မြဲရေးအတွက် ဇာတ်တူသားစားဖို့လည်းဝန်မလေးကြောင်း စစ် အုပ်စုရဲ့ ကာကွယ်ရေးဦးစီးချုပ် လေ ရာထူးကနေထုတ်ပယ်ခံရတာက သက်သေပြနေကြောင်း Delta News Agency ရဲ့ တပ်တွင်းရင်းမြစ်ကဆိုပါတယ်


စစ်အုပ်စုခန့်ဗိုလ်ချုပ်ကြီးရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် လေ မောင်မောင်ကျော်ဟာ ဇန်နဝါရီ၁ဝရက်နေ့မှာ အနားပေးခံလိုက်ရပြီး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေပေမဲ့ အဲဒါဟာ ဟန်ပြသာဖြစ်တယ်လို့ တပ်ထိပ် ပိုင်းအသိုင်းအဝိုင်းသတင်းအရသိရတယ်လို့ ဆိုပါတယ်



မောင်မောင်ကျော်လိုပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ဥပဒေချုပ်ရာထူးကနေအနားခံလိုက်ရတဲ့ စစ်အုပ်စုခန့် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟာလည်း စစ်ကောင်စီအတွင်းရေးမှူးတာဝန်ဆက်ထမ်းခွင့်ရနေပေမဲ့ မင်းအောင်လှိုင်အလိုမကျလို့ အရေးယူခံရခြင်းသာဖြစ်တယ်လို့ သူကပြောပါတယ်


မင်းအောင်လှိုင်ဟာကျဉ်းထဲကျပ်ထဲရောက်လာလေ သူ့အာဏာတည်မြဲရေးအတွက် သူ့ရှေ့တော်မှောက် ပြား ပြားမမှောက်နိုင်ဘူးထင်တာမှန်သမျှ ရှင်းထုတ်လေပဲ အရင်သန်းရွှေလက်ထက်တုန်းက ထွန်းကြည်တို့ ကျော် ဘတို့ကိုဖြုတ်တုန်းကလို လူမြင်ကောင်းအောင် အကြံပေးဆိုပြီး ခဏခန့်တာမျိုး မောင်မောင်ကျော်တို့ကို စစ်ကောင်စီဝင်ခန့်ထားတာ လို့သူကပြောပါတယ်



ပြီးခဲ့တဲ့လပိုင်းက ကာကွယ်ရေးဝန်ကြီးဟောင်း စိန်ဝင်းနဲ့နယ်စပ်ရေးရာဝန်ကြီးဟောင်း ရဲအောင်တို့ အငြိမ်းစားပေး ခံရတာဟာလည်း မင်းအောင်လှိုင်ရဲ့ ဇာတ်တူ သားစားတာ ဖြစ်တယ်လို့ သူကဆိုပါတယ်


Crd- Delta News Agency