မဲမသမာလုပ်ခဲ့တယ်ဆိုကာ ရွေးကော်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ နဲ့အဖွဲ့ဝင်တွေကို ဝန်ခံထိုးခိုင်းဖို့ စစ်ကောင်စီဖိအားပေးဖို့ရှိနေ


မဲမသမာလုပ်ခဲ့တယ်ဆိုကာ ရွေးကော်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ နဲ့အဖွဲ့ဝင်တွေကို ဝန်ခံထိုးခိုင်းဖို့ စစ်ကောင်စီဖိအားပေးဖို့ရှိနေ

ရွေးကောက်ပွဲမှာ မဲမသမာမှု လုပ်ခဲ့တယ်ဆိုတာကို အတည်ပြု နိုင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တွေရဲ့ ဥက္ကဋ္ဌ တွေနဲ့အဖွဲ့ဝင်တွေကို စစ်ကောင်စီက ခံဝန်ထိုးခိုင်းနေပါတယ်။


ခံဝန်ထိုးမယ်ဆိုရင် ငွေဒဏ်သာချမယ့် ရာဇသတ်ကြီးပုဒ်မ ၁၇၁ (ဆ) နဲ့ စွဲဆိုပေးဖို့စစ်ကောင်စီက စီစဉ်နေတာလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ တစ်ဦးက People’s Spring ကိုပြောပါတယ်။



လတ်တလောမှာ ဖမ်ဆီးဖို့မကြားမိသေးပေမယ့် မဲမသမာမှု ရှိခဲ့တယ်ဆိုတာကို ဝန်ခံထိုးခိုင်းမယ်ဆိုတာ ကြားနေရတယ်လို့ အဲဒီ ဥက္ကဋ္ဌ က ဆိုပါတယ်။


ဒီလို ဝန်ခံကတိထိုးခိုင်းတာဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိခဲ့တယ်ဆိုတာကို စစ်ကောင်စီက အတည်ပြု ချက်လိုချင်နေတာလို့ အမည်မဖော်လိုတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တစ်ဦးက သုံးသပ်ပါတယ်။


ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နဲ့အဖွဲ့ဝင်တွေကို ဝန်ခံကတိထိုးပြီး တရားစွဲရာမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့အတွင်းရေးမှူးတွေ့ တရားလိုလုပ်မယ်လို့သိရပါတယ်။


များသောအားဖြင့် ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတွေဟာ စစ်ဘက်က ရောက်လာသူတွေလည်းဖြစ်ပါတယ်။



၂၀၂၀ ​ရွေး​ကောက်ပွဲဟာ ကမ္ဘာကပ်​ရောဂါကိုဗစ်နိုင်တီး ခြိမ်း​ခြောက်မှု၊ စစ်တပ်နဲ့အ​ပေါင်းအပါ ပါတီ​တွေရဲ့ ဖိအား​ပေးခြိမ်း​ခြောက်မှု​တွေကြားကလုပ်ခဲ့ရ​ပေမယ့် ပြည်သူ​တွေမဲ​ပေးမှုနှုန်း စံချိန်တင်မြင့်မားခဲ့သလို၊​ ရွေး​ကောက်ပွဲ​စောင့်

ကြည့်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ​ရွေး​ကောက်ပွဲ​စောင့်ကြည့်တဲ့အဖွဲ့​တွေ၊ နိုင်ငံတကာအစိုးရ​တွေကိုယ်တိုင်က လွတ်လပ်မျှတတဲ့​ရွေး​ကောက်ပွဲဖြစ်တယ်လို့ အသိ့အမှတ်ပြု ထုတ်ပြန်​ကြေညာထားကြပါတယ်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနေတဲ့ စစ်ကောင်စီခေါင်းဆောင်

Photo – AFP