ကိုယ်တိုင်ခံစားလိုက်ရမှ မိခင်ကြီးရဲ့မေတ္တာကို တွေကို ပိုပြီးကိုယ်ချင်းစာ နားလည်လာတယ်ဆိုတဲ့ ဘေဘီမောင်


ကိုယ်တိုင်ခံစားလိုက်ရမှ မိခင်ကြီးရဲ့မေတ္တာကို တွေကို ပိုပြီးကိုယ်ချင်းစာ နားလည်လာတယ်ဆိုတဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်သရုပ်ဆောင် မော်ဒယ်လ်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။




ဘေဘီကတော့ လက်ရှိမှာအနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကိုတစ်စိုက်မတ်မတ်လုပ်ဆောင်နေခဲ့ပါတယ်။




သားဂန်နဲ့လည်း ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ပထမဆုံးရင်သွေးရတနာလေးကိုလည်း ဘေဘီကကိုယ်ဝန်လွယ်ထားရပြီလည်းဖြစ်ပါတယ်။ဘေဘီကတော့ ကိုယ်တိုင်ကိုယ်ဝန်ဆောင်မှကိုယ်ဝန်ကြောင့်ဖြစ်တဲ့လက္ခဏာတွေကို ခံစားရချိန်မှာတော့




မိခင်ကြီးလည်းသူတို့ကို ကိုယ်ဝန်ဆောင်ချိန်ကဒီလိုဝေဒနာတွေကို ခံစားပြီး လူလောကထဲရောက်အောင်မွေးထုတ်ပေးခဲ့တဲ့မိခင်ကြီးရဲ့ မေတ္တာတွေကိုကိုယ်ချင်းစာနားလည်လာကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။




“မူးပါမူးပါမူးပါရပါတယ် မူးပြီးလဲတာတော့မခံနိုင်လို့ပါ။ တော်တော်ခံရခက်တဲ့အချိန်ပါလားဘုရားဘုရား။ကိုယ်မိဘတွေတုန်းကလည်းဒီလိုပဲတော်တော်ခံခဲ့ရမှာအော် အမေအမေ အမေ့မေတ္တာတွေ”ဆိုပြီး မိခင်ကြီးရဲ့မေတ္တာတွေကိုမြင်ယောင်ခံစားမိနေခဲ့တာပဲဖြစ်ပါတယ်




Credit Cele Zone


Source Baby Maung